Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 13, 2014

" ဒါတွေသိထားဖို့တော့ လိုတယ် "ပရိသတ်ကြီးရေ..

" ဒါတွေသိထားဖို့တော့ လိုတယ် "
ပရိသတ်ကြီးရေ..
ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်း ပြည်မှာ တစ်စုံ တစ်ခုကြောင့်ဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းကြောင့် ဖြစ် ဖြစ်၊ လွတ်လပ်ခြင်း၊ လှပခြင်းတွေကြောင့် ဖြစ်ဖြစ် တိုင်း တစ်ပါးမှာ အလုပ် သွားလုပ် ကြပြီး စီးပွားရှာနေသူများ အတွက် ကျွန် တော့် လက်တွေ့ မျက်မြင်လေးတွေကို လူသား တစ်ယောက် ပီသစွာနဲ့ နိုင်ငံချစ် စိတ်၊ မျိုးချစ် စိတ်ဓာတ်လေးတွေ နဲ့ တင် ပြခွင့်ပြုတော်မူပါ။
ကျွန်တော် ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ စတဲ့နိုင်ငံတွေ ကို ခေတ္တ ခဏဖျော်ဖြေရေး သွားရောက်ခဲ့ ဖူးပါတယ်။ ဒါကလည်း ကျွန်တော် ကိုယ်ရည် ကိုယ်သွေးရေးပြ နေတာ မဟုတ်ပါဘူး။ တစ်နိုင်ငံမှာ တစ် မျိုးစီ ဒုက္ခရောက်နေတဲ့ ရွှေလို့ခေါ်တဲ့မြန်မာ နိုင်ငံက လူတွေကို တွေ့ခဲ့၊ မြင်ခဲ့ရလို့ပါ။

အခု ကျွန်တော် တင်ပြမယ့် အကြောင်း အရာ ကတော့ နိုင်ငံခြား စင်ကာပူမှာ အနယ်နယ် အရပ်ရပ်က စားဝတ်နေရေး အတွက် အလုပ်လုပ်နေကြတဲ့ လူတွေရဲ့ အခက် အခဲ၊ ရင်ဆိုင်နေရတဲ့ ပြဿနာ တွေကိုတွေ့ရ၊ ကြားရတော့ တော်တော် လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော့် မှာ ငွေရေးကြေးရေး က အစ ဘာတစ်ခုမှ မကူညီနိုင်ခဲ့ပါဘူး။
အထူးသဖြင့် ဝေးလံ ခေါင်သီလွန်းလှတဲ့ နေရာ၊ စာပေဗဟု သုတ ရုပ်သံလိုင်းတွေနဲ့ အင်မတန် မှကို ဝေးတဲ့ ပတ်ဝန်းကျင်တွေမှာ မိသားစု ချင်း ကိုယ်ချင်း မစာ၊ နှမသားချင်း ကိုယ်ချင်း မစာဘဲ သူ့ဘဝ ရပ်တည်မှု၊ သူ့မိသားစု ဘဝရပ်တည်မှု တွေကိုသာ ကြည့် တတ်တဲ့ လူတစ်စုက ယုံကြည်အောင် ပြောဆို၊ အထင်ကြီးအောင် လိမ်ညာ၊ ငွေ ဆိုတဲ့ ဝေါဟာရကို မက်လုံးတွေ ပေးပြီး လူမျိုးခြား တိုင်းတစ်ပါး နိုင်ငံဖြစ်တဲ့ စင် ကာပူကို အိမ်အကူ၊ အိမ်ဖော် အဖြစ် တရား မဝင်တဲ့ လမ်းကြောင်းတွေ ကနေ ခေါ် ဆောင် လာပြီးသူများ တိုင်းပြည်မှာ မျက် နှာလွှဲ ခဲပစ်ထားခဲ့ကြပါတယ်။
ထောင်စကား နဲ့ပြောရရင် ကြိုရောက်နေတဲ့ နှစ် ချို့ ၊နှစ်ကြီးသမားတွေ လို လူပါးဝ၊ လူ ရည် လည်နေတဲ့ အိမ်အကူ၊ အိမ်ဖော်တွေကို အေးဂျင့်တွေက ဝန်ထမ်း အဖြစ် ခန့်အပ် ပြီး မနေ့ တစ်နေ့ ကမှရောက်လာတဲ့ အိမ် ဖော်၊ အိမ် အကူလေးတွေကို အဲဒီနှစ်ကြီး သမားတွေက စတင်ပြီး ကိုင်တွယ်ပါတော့ တယ်။ ဥပမာ- မကြားဝံ့ မနာသာအောင် ဆဲဆိုပြောဆို၊ ဆူပူကြိမ်းမောင်းတာ၊ အ ခိုင်းအစေ ကျွန်လို ဆက်ဆံပြီး ပါးနား ရိုက်တဲ့ အထိ ဆက်ဆံ ခံကြရပြီး နောက် ဆုံးမှာ တအား ကျဉ်းမြောင်းတဲ့၊ လူသူ ဝေးတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ မဝရေစာကျွေးပြီး လာခေါ်မယ့်သူ မရှိ မချင်း အဲဒီ တိုက်ခန်း ကျဉ်းကျဉ်းလေး ထဲမှာ သော့ခတ်ထားပါတယ်။
အိမ်အကူ၊ အိမ်ဖော် လိုအပ်တဲ့ လူတွေရောက် လာတဲ့အခါ စင်ကာပူ “ဂေးလမ်း” က မဟုတ်မဟတ် လုပ်စား နေတဲ့ လိုင်စင်ရ မိန်းမပျက်လို ကြမ်း ပြင်မှာ ငုတ်တုတ် ထိုင်ခိုင်းပြီး ခြေဆုံး၊ ခေါင်းဆုံးအထိ လှည့်ပတ် ကြည့်ပြီးမှ စိတ်ကြိုက် ရွေးချယ်ကာ ခေါ်ဆောင် သွားပါတော့တယ်။ အဲဒီခေါ်ဆောင် သွားတဲ့ မိန်းကလေးရဲ့ အသက် အား ဖြင့် ၁၈ နှစ်မှ ၂ဝ ကြား၊ ၁၅ နဲ့ ၁၇ ကြား လေးတွေ ရှိပါတယ်။ မျက်စိသူငယ်၊ နား သူငယ်နဲ့ မြန်မာ လူမျိုးချင်း စီနီယာအိမ် အကူရဲ့ လုပ်စားမှုအောက် မှာ အဆင့် ဆင့် လက်ပြောင်း လက်လွှဲ လုပ်စားမှုတွေ ခံရကာ ကြောက်ကြောက် ရွံ့ရွံ့ လိုက်ပါ သွားရရှာတယ်။ အမှန်တကယ် မှာ တရားဝင် အိမ်အကူ အဖြစ် လုပ်နိုင်ခွင့် ရှိတဲ့ အသက်က ၂၃ နှစ် အထက်လို့ သတ်မှတ် ထားပေမယ့်လည်း အေးဂျင့် များက အသက် လိမ်လည်ပြီး မိမိတို့ ပိုက်ဆံရရေး သာကြည့်ပြီး အများအပြား စေလွှတ်နေတာ ကို တွေ့ရ ပါတယ်။
အလုပ်လုပ် ရမယ့်အိမ် ရောက်ပြီး နာရီမလပ်၊ စက္ကန့်မလပ် ခိုင်းစေမှု ကြောင့် အိပ်ရေးဝဝ မအိပ်ရတော့၊ အ စားအသောက် ဝဝလင်လင် မစားရ တော့ လူရုပ် မပေါက်တော့ ဘူး။ အိမ် တစ်အိမ်က အိမ်အကူ ကောင်မလေး တစ် ယောက်ဟာ အိပ်ရေးဝဝ မအိပ်ရတာ ကြောင့် ရေချိုးခန်း၊ အိမ်သာမှာ အပေါ့ သွားရင်း ငုတ် တုတ် ခေတ္တခဏ အိပ်ပျော် သွားပါတယ်။ အဲဒီလို အိပ်ပျော်နေတဲ့ အိမ်အကူ ကောင်မလေးကို အိမ်ရှင်ဖြစ် သူက ရေနွေးပူ နဲ့လောင်းပြီး နှိုးပါသတဲ့ ဗျာ။ ဘယ်လောက်တောင် ရက်စက် လိုက်ပါသလဲ။ ဒါက ရုပ်ရည် မပြေပြစ်မှု အပိုင်း။
ရုပ်ရည်၊ ကိုယ်လုံး ကိုယ်ပေါက်လှပ သူလေးတွေ အတွက်ကျတော့ အိမ်ရှင် ယောက်ျားတွေရဲ့ ကာမဖျော်ဖြေမှု၊ အနိုင်ကျင့် မှုတွေကို မကြာခဏ ခံစား နေရပြီး ဘယ်သူ့ကို ရင်ဖွင့် တိုင်ကြားရ မှန်းမသိ၊ နေ့စဉ် မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရသူတွေ ဒုနဲ့ဒေးပါ။ အေးဂျင့် ဆီပြန်ပြေးပြန်တော့ လည်း နှိပ်စက်ညှဉ်း ဆဲ အနိုင်ကျင့်တွေ ခံရပြီး မိမိ တိုင်းပြည် ကိုပြန်ဖို့လည်း လျော်ကြေး မပေးနိုင်တာ ကြောင့် အောင့်အည်းနေကြ ရပြီး နောက် တစ်အိမ်ပြောင်းပေး ရင်လည်း အေးဂျင့်ခ တွေ ထပ်ပေးရပြီး ဒုက္ခ ပင်လယ်ဝေ ကာ အဆင်မပြေမှုတွေ ကို ထပ်မံကြုံတွေ့ရ ပြန်ပါတယ်။
ထွက်ပြေး ရအောင်လည်း သူများတိုင်းပြည်၊ လမ်းပန်း ဆက်သွယ်မှု တွေကိုမသိ၊ ဒီကြားထဲ မခံ မရပ်နိုင် လို့ ရတဲ့နည်းနဲ့ ထွက်ပြေးပြန် တော့လည်း မြန်မာ လူမျိုးချင်း ကူညီမယ့်သူ မယ်မယ် ရရ မရှိ။ မူလအိမ်ရှင်တွေ ကို မျက်နှာလို မျက်နှာရနဲ့ လှည့်ပတ်ပြန်ပို့ မှုတွေ လုပ်၊ လူမဆန်တဲ့ ဘဝထဲမှာ ကျင်လည်နေရ တာတွေဟာ စင်ကာပူရောက် မြန်မာမ လေးတွေ ရဲ့ဘဝရယ်ပါ။
ဒါကြောင့် ထင်ပါရဲ့။ ကြိတ်မနိုင် ခဲမရ ဘဝရဲ့ ထွက်ပေါက် အဖြစ် အထပ် ပေါင်းများစွာမြင့်တဲ့ တိုက်ခန်းပေါ်က ခုန်ချပြီး မိမိရဲ့မလှပတဲ့ ဘဝကို အဆုံး သတ်သွား တဲ့ မြန်မာ မ အိမ်အကူလေး တွေကို တွေ့မြင် လိုက်ရပါတယ်။ ရုပ် ပျက်၊ ဆင်းပျက် နဲ့ လမ်းမပေါ်မှာ သွေး ချင်းချင်းနဲ့ ဇာတ်သိမ်း သွားရရှာပါတယ်။ နယ်မှာရှိတဲ့ သူ့ရဲ့ မိဘ၊ သူ့ ရဲ့ဆွေမျိုး တွေက တော့ သူမရဲ့ဘဝ အကြောင်းစုံကို မသိလိုက် ရရှာပါဘူး။
သူတို့သိတာ၊ သူ တို့မြင်တာ၊ သူတို့ကြား တာကတော့ စင်ကာပူ ဆို တဲ့ နိုင်ငံခြား မြို့တော်ကြီးမှာ အလုပ်သွား လုပ်နေတယ်ဆိုတာပါပဲ။ တချို့ဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ ညီအစ်ကို၊ မောင်နှမ၊ အဖေ၊ အမေ၊ ညီမလေး၊ မောင်လေးတွေ ဝမ်းစာ အတွက် အေး ဂျင့် ခကျေမယ့် ရှစ်လအထိ စောင့်နေနိုင် ဖို့ အင်အား မရှိတာကြောင့် ခန္ဓာကိုယ် ရင်းပြီး ဘဝ အပျက်ခံကာ ငွေရှာပို့ နေရ တာကို ရင်နဲ့ အမျှ တွေ့မြင် ခံစားရပါ တယ်။ ဒီကြားထဲ နောက် တစ်ဦး တွေ့ရ တာက စိတ်မကောင်းစရာပါ။ အိမ်ရှင် အဘွားကြီး အသတ်ခံရမှု နဲ့ ပတ်သက်ပြီး အိမ်ရှိ အိမ်အကူ ကောင်မလေး ကို လူ သတ် တရားခံ အဖြစ် စွပ်စွဲလို့ အဖမ်းခံရ ပါတော့တယ်။
ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘာတွေ အဖြစ်ခံရမယ် ဆိုတာ မျက်စိသူ ငယ်၊ နားသူငယ် နဲ့ ကျွန်တော် တို့ရဲ့ မြန် မာအိမ် အကူ မိန်းကလေး တစ်ဦးရဲ့ အဖြစ်သနစ်ကို ဘယ်လို ခံစားကြည့် ကြမှာလဲခင်ဗျာ။ ကိုယ့်ရဲ့ သမီးလေးတစ် ယောက်အဖြစ် အားလုံး ခံစားကြည့်စေ ချင်ပါတယ်။ အ ခုတော့ အေးဂျင့်တွေ က ရှောင်နေကြပြီလေ။
ကဲ ပရိသတ်ကြီးရေ…စင်ကာပူ မှာ တခြား တခြားသော နေရာတွေ၊ ရပ် ကွက်တွေ၊ မြို့တွေမှာ မြန်မာ အိမ်အကူ၊ အိမ်ဖော်မလေးတွေ လူမသိ၊ သူမသိ ဘဝမျိုးစုံ၊ ဒုက္ခမျိုးစုံ နဲ့ ဘယ်လိုတွေ ခံစား နေရဦးမယ် မသိပါဘူး။ ဒီတော့ကာ နိုင်ငံ ခြားမှာ အလုပ်သွား လုပ်မယ်ဆိုရင်..
(၁) အေးဂျင့်တွေ မဲဆွယ်တဲ့ အတိုင်း Income တစ်ခုတည်း မကြည့်ကြဖို့၊ ရရှိ မယ့်ငွေဟာ အေးဂျင့် ကိုပေးရမယ့် ခုနစ် လ၊ ရှစ်လ လစာ အကြွေးဆပ်ပြီးမှ ရရှိ လာမယ် ဆိုတာကို အထူး ထည့်စဉ်းစားဖို့ လိုပါတယ်။ တကယ်လို့ ပထမအိမ်မှာ အဆင်မပြေလို့ နောက် တစ်အိမ်ပြောင်း ရမယ်ဆိုရင် အေးဂျင့် ကိုနောက်ထပ်နှစ်လ စာထပ်ပေး ရပါမယ်။ တကယ်တန်း မိမိ အတွက် အနည်းဆုံး ဆယ်လစာ ဆပ်ပေး ပြီးမှသာ ရရှိမှာကို အထူး ဂရုပြုစေချင် ပါတယ်။ အဲဒီကာလ များကြားမှာ ငွေမရ ကျွန်အဖြစ် စိတ်ရော ကိုယ်ပါ အဆင်းရဲ ခံရပြီး သည်းခံ အောင့်အည်းပြီး ကြိုးစား လုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ မလုပ်နိုင်လို့ ပြန်ပြီ ဆိုရင် ရန်ကုန်အေး ဂျင့်ကသူတို့ ဘက်က အသာယူပြီး လျော် ကြေးငွေ ကိုပြန်လျော်ဖို့ရာ တစ်မိသားစု လုံး ဝိုင်းအုံ စဉ်းစားပြီး မိမိ သမီးလေး ဒုက္ခတွင်းက လွတ်ဖို့ရာချေးငှား၊ ပေါင်နှံ ပေးဆပ်ပြီး တစ် မိသားစုလုံးရဲ့ ဘဝပျက် စီးရတဲ့ အထိ ဒုက္ခနွံထဲက မလွတ်တဲ့ အဖြစ်ကို တွေ့မြင်ခံစားကြရပါမယ်။
(၂) ဒီအကြောင်းအရာကို သေချာ စဉ်းစားပြီး လာဖို့ရာ ဆုံးဖြတ်မယ် ဆိုရင် တရားဝင် အစိုးရ အသိအမှတ်ပြု အေး ဂျင့်တွေကိုသာ ဆက်သွယ် စေချင်ပါ တယ်။ အဲဒီအေးဂျင့် တို့ရဲ့ ဝန်ဆောင်မှု အဆင့်ဆင့်ကို တရားဝင် အထူးလေ့လာ စေချင်ပါတယ်။ ဥပမာ- ထရိန်နင် သင် တန်းကို အနည်းဆုံး ခြောက်လ သင်ကြား ခြင်း၊ အဲဒီခြောက်လ သင်တန်း ကလည်း သေသေချာချာ သင်ကြားမယ့် သင်တန်း ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
(၃) မိမိတို့ အလုပ်သမား ဘက်က ရပိုင် ခွင့်၊ ခံစားခွင့်များကို ဘယ်လိုပြုလုပ် ထား တယ် ဆိုတာကိုလည်း သိဖို့ လိုအပ်ပါ တယ်။
(၄) မိမိအေးဂျင့် ဟာ စင်ကာပူရှိ အေး ဂျင့်နဲ့ မိမိအလုပ်သမား အတွက် ဘယ် လို ခိုင်မာအောင် သဘောတူညီချက် ပြုလုပ်ပေးထားတယ် ဆိုတာကိုလည်း အထူး သိဖို့ လိုအပ်ပါတယ်။
(၅) စင်ကာပူနိုင်ငံ MOM မှ အလုပ် သမားများ ရဲ့ခံစားခွင့် Employee Rights ကို မိမိတို့အား ပြောဆို သင်ကြားပေး ခြင်းနှင့် ရရှိအောင် မိမိ အေးဂျင့်မှ မည် သို့ရပ် တည်ထား သည်ကို သေချာ သိ အောင် ပြုလုပ်ထား သင့်ပါတယ်။ မိမိတို့ ကိုယ်တိုင် ကလည်း မြန်မာ သံရုံးနဲ့တခြား လူမှု ကူညီရေး အဖွဲ့အစည်း တို့ရဲ့ ဆက် သွယ်ရမယ့် ဖုန်း နံပါတ်၊ လိပ်စာ များကို ရရှိအောင် ကြိုးစား ထားသင့်ပါတယ်။
(၅) အတန်းပညာ၊ ကျောင်းပညာကို ဆုံးခန်း တိုင်အောင် ဆက်လက် သင်ကြား ပြီးမှ အတတ်ပညာရှင် အဖြစ် လာရောက် စေချင်ပါတယ်။ ဘွဲ့ရ၊ ပညာတတ်များ ပင် သူတစ်ပါး တိုင်းပြည်မှာ ကျွန်တစ် ယောက် လို အနှိမ်ခံ ဘဝနဲ့ ရပ်တည်နေ ရပါတယ်။ အဲဒီလို ပညာမတတ်ဘဲ အ လုပ် လာလုပ်မည် ဆိုရင် စဉ်းစားသာ ကြည့်နိုင်ပါ တယ်။ ဒီ့အပြင် ပညာတတ် ရုံလောက်နဲ့ မလုံလောက်သေးပါ။ ပြင်ပ ဗဟုသုတ၊ အတွေ့အကြုံ များလည်း လို အပ်ပါသေးတယ်။ သို့မှသာ သူတစ်ပါး လှည့်စားမှု မခံရ မှာဖြစ် ပါတယ်။
ယုတ်စွအဆုံး ကျွန်တော် အကြံဥာဏ် တစ်ခုလောက် ပေးချင်တာကတော့ ကိုယ့် နိုင်ငံမှာ၊ ကိုယ့်တိုင်းပြည် မှာ ရရာ အလုပ် တစ်ခုကို ရိုးသားစွာ ရှာဖွေစေချင်ပါတယ်။ သူများ တိုင်းပြည်မှာ အလုပ်ကြမ်းသမား ဘဝ၊ အိမ်အကူ၊ အိမ်ဖော် အဖြစ် မခံယူ စေချင်ပါဘူး။ ဒါကတော့ ကျွန်တော့် အမြင် အရပြောခြင်း ဖြစ်ပါတယ်။ မိမိ တိုင်းပြည်၊ မိမိနိုင်ငံ မှာသာ အသက်မွေး ဝမ်းကျောင်းပြုဖို့ များစွာ ရှိပါက သူ တစ်ပါးတိုင်းပြည် ကို ဘယ်သူမှ မသွား ချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။
ရေးတတ်၊ ဖတ်တတ်ရုံနဲ့ သူများ တိုင်း ပြည်ကို အောက်ကျနောက်ကျ မသွား စေလိုပါ။ အဲဒါကြောင့် လူသားတွေရဲ့ အကျိုး၊ နိုင်ငံရဲ့အကျိုးကို တကယ်လို လားတယ် ဆိုရင် သားသမီးချင်း ကိုယ် ချင်း စာနာပြီး နိုင်ငံ့ ခေါင်းဆောင်များ၊ ပါတီ ခေါင်းဆောင်များ၊ ဦးဆောင် စီးပွားရေး ပုဂ္ဂိုလ်များက မိမိတို့ အားပြိုင်ရေး၊ မိမိတို့ အခွင့်အရေး ကိုသာ မကြည့်ဘဲ ပြည်သူ့ အကျိုး အ တွက် တိုင်ပင်ဆွေး နွေးပြုလုပ်စေ ချင်ပါတယ်။
တကယ် လို့သာ နိုင်ငံမှာ မိမိတို့ရဲ့ အာဏာ၊ မိမိ တို့ရဲ့ မိသားစု၊ မိမိတို့ ရဲ့ အဖွဲ့အစည်းတွေ အတွက်လောက် ပဲ စိတ် ဝင်စားမှု၊ ကြိုးစား အားထုတ်မှုတွေကို သာ လုပ်နေမယ် ဆိုရင် နိုင်ငံခြားတိုင်း ပြည် အသီးသီးတွေမှာ မြန်မာ အိမ်အကူ၊ မြန်မာ အလုပ် ကြမ်းသမား၊ မြန်မာပြည့် တန်ဆာ၊ မြန်မာသူခိုး၊ မြန်မာ လူသတ်သ မားတွေ ပေါ်ပေါက် လာပြီး နိုင်ငံတကာ ရဲ့ အလယ်မှာ မြန်မာဆိုတာ ခေါင်းဖော် ဝံ့တော့မှာ မဟုတ်ပါဘူး လို့ ရင်ဘတ်ကြီး နဲ့ရင်းပြီး တင်ပြလိုက်
ရပါတော့တယ် ခင်ဗျား။
ကျော်ထူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။