အမြန်လမ်းလား၊ မပြန်လမ်းလား၊ သေမင်းတမန်လမ်း လား သို့မဟုတ် အမြန်လမ်း အမြန်ဆုံးပိတ်ပြီးပြန်ပြုပြ င်ပေးပါ။
၁၉၈၈နောက်ပိုင်းတက်လာသည့် အစိုးရအဆက်ဆက်ဖောက် ခဲ့တဲ့ လမ်းတွေထဲမှာ ရန်ကုန်-နေပြည်တော်-မန္တလေးအ မြန်လမ်း ဟာ နာမည်ဆိုးဖြင့်ကျော်ကြားနေတာကြာပြီဗျ။ အမြန်လမ်း ပေါ်တက်သွားပြီး အိမ်မပြန်နိုင်ခဲ့တော့သူတွေ များလှပြီ။ မသေရင် တောင်အရင်လို လူကောင်းဘ၀နဲ့နေခွင့်မရကြတော့ဘဲ လက်ကျိုး ခြေကျိုးအတိတ်မေ့ဖြစ်ကုန်တယ်။
ကျုပ် ၁၉၉၃ ကတည်းက မြန်မာတစ်ပြည်လုံး ပြဲပြဲစင်အောင် ကားမောင်းပြီး လျှောက်သွားနေခဲ့ဖူးပါတယ်။ မန္တလေး-မူဆယ်လမ်း ကို ဘိန်းဘုရင်လော်စစ်ဟန်မိသားစုလက်ထဲ မအပ်ခင်တုန်းက တောင် ကျုပ်နဲ့ငယ်သူငယ်ချင်းတစ်ယောက် စူပါရုကားလေးနဲ့ တရုတ်ပြည်အထိမောင်းခဲ့ဖူးတယ်။ လမ်းကကြမ်းပေမဲ့ အားလုံး သာသာယာယာရှိလှတယ်။ တောရိပ်တောင်ရိပ် ရှမ်းပြည်ရနံ့ သင်း နေတာပဲ။ စိုင်းဆိုင်မောဝ်သီချင်းထဲက မြောက်ပိုင်းလမ်းသီချင်းဟာ ဒီလမ်း အကြောင်းရေးစပ်ခဲ့တာ ပီပြင်လှတယ်။ လမ်းကကြမ်းပေမဲ့ ချယ်ရီရနံ့သင်းနေခဲ့တာပဲ။ အခုတော့ မြောက်ပိုင်းလမ်းကဘိန်းနံ့ မူးယစ်ဆေးဝါးရာမနံ့နဲ့ ပြည်တန်ဆာနဲ့လူကုန်ကူးတဲ့အနိဋ္ဌာရုံတွေ ကချင်ဒေသ၊ ရှမ်းမြောက်ပိုင်းဒေသ၊ ၀ ဒေသတွေရဲ့ စစ်ရိပ်စစ်ရနံ့ တွေပဲသင်းတော့တယ်။
မန္တလေး- မုံရွာလမ်းလည်း ကျုပ်မောင်းဖူးတယ်။ မုံရွာ-ကန့်ဘ လူအထိ ကျုပ်မောင်းဖူးတယ်။ နောက်ဆုံး ကျုပ်မြစ်ကြီးနား -မိုးကောင်း-ဖားကန့်လမ်းလည်းရောက်ဖူးတယ်။ မောင်းဖူးတယ်။ အခု နောက်ဆုံး ရန်ကုန်-မော်လမြိုင်လမ်းလည်း သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲ။ ရန်ကုန်-မော်လမြိုင်လမ်း-ရန်ကုန် - ဘားအံ့ လမ်းတွေဟာ ကျဉ်းသေးပေမဲ့ သူ့သဘာဝနဲ့သူ လမ်းဘေးဝဲယာမှာ သစ်တောသစ်ရိပ်တွေ၊ လယ်ကွင်းစိမ်းစိမ်းတွေနဲ့ စိမ်းလန်းပြီးကား မောင်းရတာ အဆင်ပြေနေတာပဲဗျ။
ဒါကြောင့် မြန်မာပြည်မှာ လမ်းတကာလမ်းထဲမှာ နောက်ဆုံး မှ ဖောက်လုပ်ခဲ့ပြီး ငွေကုန်ကြေးကျအများဆုံးသုံး စွဲခဲ့ရသလောက် လူအ သေအပျောက်အများဆုံးနဲ့ယာဉ်ေ မှာက်မှု၊ ယာဉ်တိုက်မှုတွေ အမြောက်အမြားဖြစ်ပေါ်နေတဲ့ ဒီအမြန်လမ်းဟာမဟာမှားယွင်း ချက်ကြီး မဟာချို့ယွင်းချက်ကြီးရှိကိုရှိနေပြီဗျ။
ဒီအမြန်လမ်းစတင် အသုံးပြုခဲ့တဲ့ ၂၀၀၂ကနေ ၂၀၁၄ အထိ ၁၂ နှစ်အတွင်း ဒီလမ်းပေါ်မှာ လူပေါင်းထောင်နဲ့ချီပြီးဒဏ် ရာရခဲ့ရ ခဲ့ပြီး အမြောက်အမြားသေဆုံးခဲ့ပြီြး ပီ။ ယာဉ်တိုက်မှုအသေးပေါင်း ထောင်ဂဏန်းရှိပြီး ယာဉ်တိုက်မှုအကြီးအကျယ်လည်း မြောက်မြား စွာ ဖြစ်ခဲ့ရတယ်။
(၁)ဂျပန်လူမျိုးတစ်စုနံပါတ် ၃,၄ လိုင်းထဲကနေ ရုတ်တရက် လိုင်းအဆုံးသတ်သွားတာမသိကြလို့ချောက်ထဲထိုးကျပြီး ဂျပန် လူမျိုးလေးဦးစလုံးသေဆုံးခဲ့ ရတယ်။(တံတားတစ် ခုအပေါ် တက်ခါ နီး တိုင်း ၃,၄ လိုင်းတွေ အဆုံးသတ်သွားပြီး ၁,၂ လိုင်းသာ တံတား ပေါ်တက်ခွင့်ပေးထားတဲ့ တံတားကျဉ်းစနစ်ကြောင့်ဖြစ်တ ယ်။)
(၂) ရန်ကုန်-မန္တလေးသွားကားက ကျွန်းလယ်ကောင်ပေါင် ကို တိုက်မိပြီး တခြားလမ်းတစ်ဖက်(မန္တလေး-ရန် ကုန်)သို့ ပြောင်း ပြန်ရောက်သွားပြီး အဲဒီအချိန်မှာ မန္တလေး-ရန်ကုန်ကို ခပ်မှန်မှန် မောင်းလာတဲ့ကားရဲ့ အရှေ့ကိုရုတ်တရက်ရောက်သွားတာကြောင့် မထိန်းနိုင်တော့ဘဲတိုက်မိကြ ပြီး မန္တလေး-ရန်ကုန်လာနေတဲ့ကား ပေါ်ကလူနှစ်ဦးသေဆုံးသွားရတယ်။
(၃) အဆိုတော်ဆိုတေးပါလာတဲ့ကားမောင်းနေရင်းမှာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ပေ ၂၀ အနက်ရှိ ချောက် ထဲ ပြုတ်ကျသွားပြီး အမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးကာ အဆိုတော်ဆိုတေးလည်း ဒဏ်ရာအကြီးအကျယ်ရသွားတယ်။
၎။ ၂၀၁၄ သင်္ကြန်အကြိုနေ့က မိုင်တိုင် ၁၁၆ မှာ တောင်ကြီး မှ ရန်ကုန်ဆင်းလာတဲ့ တောင်ပြာတန်းခရီးသည်တင်မှန် လုံကားက ရှေ့က မောင်းနေတဲ့ကားငယ်ကို ၀င်တိုက်မိပြီး ဓာတ်ဆီတိုင်ကီ ပေါက်ကွဲရာမှ ကားနှစ်စီးစလုံးမီးလောင်ခဲ့ တယ်။ နှစ်စီးစလုံးက လူ ၁၂ဦး မီးကျွမ်းပြီး ရုပ်ပျက်ဆင်းပျက်အသေဆိုးဖြင့် သေခဲ့ကြရ တယ်။
မီးကျွမ်းနေတဲ့ရုပ်ကလာပ်တွေ ကို အမြန်လမ်းမိုင်တိုင် ၁၁၆ နံဘေးက ဘာမျှကိုမရှိတော့တဲ့ကားနှစ် စီးအပေါ်မှာ ဒီအတိုင်းကို နာရီပေါင်းများစွာ တစ်ရက်တိတိ မမြင်ချင်အဆုံး ရုပ်ပျက်ဆင်း ပျက်မြင်နေရတယ်။ ကျုပ်တို့ မြန်မာပြည်မှာ သေဆုံးသွားခဲ့ရ တဲ့လူ တွေရဲ့ကိုယ်ခန္ဓာရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို အကာကွယ်ပေး ရမယ့်ယဉ်ကျေးမှုမဲ့သလိုဖြစ်ေ နခဲ့တယ်ဗျ။ သေဆုံးခဲ့ရတဲ့လူတွေရဲ့ မီးကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို အမြန်ဆုံးသိမ်းဆည်းပြီး စစ် ဆေးတာတို့၊ ထိန်းသိမ်းထားတာတို့၊ ပိုင်ရှင်ရောက်လာလျှင် မီးသဂြိုဟ်တာတွေကို လုပ်ဆောင်နိုင်မယ့်စနစ်တကျအ ဖွဲ့အစည်း တောင်မရှိသလိုဖြစ်ခဲ့ရတယ်။ ဒါတွေဟာအမြန်လမ်းပေါ်မှာ သေ ဆုံးခဲ့ရတဲ့ ကားတိုက်မှု၊ ကားမီးလောင်မှု၊ ကားမှောက်မှုတွေထဲက ထင်ရှားခဲ့တဲ့ထဲကမှ တချို့တစ်ဝက်လောက်ပဲရှိသေးတ ယ်။ အကုန် လုံးဖော်ပြရရင် ဒီဆောင်းပါးနဲ့တင်လောက်မှာမ ဟုတ်ဘူးဗျ။
ဒီအမြန်လမ်းပေါ်မှာ ဒီလိုအဖြစ်ဆိုးတွေ ဘာကြောင့်များ နေ့စဉ်ဆက်တိုက်ဆိုသလိုဖြစ်ေ နရသလဲလို့ဆန်းစစ်ကြည့်ရင်
နံပါတ် (၁) အကြောင်းရင်းနဲ့ တရားခံကတော့ ဒီလမ်းကြီး ကို ဖောက်ခဲ့တဲ့နေရာမှာ နိုင်ငံတကာအဆင့်မီအမြန်လမ်း တစ်ခု ဖြစ်မလာခဲ့လို့ပဲဖြစ်တယ်ဗျ။
အမြန်လမ်းဆိုတဲ့အဓိပ္ပာယ်ကို က မြို့ရွာတွေကို ရှောင်ဖောက် သွားရမှာပဲဖြစ်တယ်။ လမ်းရဲ့အကျယ်ကို မူလက တစ်ဖက်ကို ၁၊ ၂၊ ၃၊ ၄ (၄)လိုင်းဖောက်မယ်စီစဉ်ထားရာကနေ နှစ်လိုင်းပဲဖောက် ခဲ့တယ်။ အမြန်လမ်းတစ်ခုအတွက် လမ်းအကျယ်အလွန်ကျဉ်းသွား တယ်။ ပြီးတော့ အသွားအပြန်လမ်းနှစ်ဖက်ကို ၁၅ ပေ ၀န်းကျင် လောက်သာရှိတဲ့အလယ်ကျွန်းနဲ့ ပိုင်းခြားထားတယ်။ ကျုပ်တွေ့ခဲ့ ဖူးသမျှ နိုင်ငံတကာက အမြန်လမ်းတွေထဲမှာ အကျဉ်းဆုံးပိုင်းခြား ထားတဲ့ ဧရိယာဖြစ်နေတယ်။ ဘန်ကောက်ကနေ ဇင်းမယ်သွားတဲ့ အမြန်လမ်းဆို တစ်ဖက်နဲ့တစ်ဖက် ခပ်ပြပြလောက်တောင်ဝေး တယ်။ အလယ်လမ်းကိုလည်း မတော်တဆကားထိုးကျသွားရင် တောင် သက်သာအောင်ဆိုပြီး ပြေပြေကလေးလုပ်ထားတယ်။ အလယ်တည့်တည့်မှာ ရေမြောင်းလိုဖန်တီးထားတယ်။ နယူး ယောက်- ၀ါရှင်တန်ဒီစီသွားတဲ့ အမြန်လမ်းကြီးဆို တစ်ဖက်နဲ့တစ် ဖက် မြင်တောင်မမြင်ရဘူး။
ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ အလယ်ကျွန်းအတွက် အနား သတ် အင်္ဂတေပေါင်တွေဟာ ကပ်မောင်းနေတဲ့လိုင်းက ကားတွေ အတွက် သေမင်းရဲ့တံခါးဝတွေဖြစ်ခဲ့ရ တယ်။ ယာဉ်တိုက်မှု မှောက် မှု ဆယ်ကြိမ်မှာ ၇ ကြိမ်က အဲဒီလမ်းအလယ်ကျွန်းအင်္ဂတေပေါ င်ကို တစ်နည်းမဟုတ် တစ်နည်းဝင်တိုက်မိတာပဲ။ အဲဒီလမ်းအလယ် ကျွန်းကိုဖျက်သင့်၊ မဖျက်သင့် ဒါမှမဟုတ် တစ်ခြားနည်းလမ်းတစ် ခုခုနဲ့ အသွားအပြန်လမ်းကို ပိုင်းခြားဖို့စဉ်းစားစေချင်တယ်။
ဖြစ်နိုင်ရင် အသွားနှစ်လိုင်း၊ အပြန်နှစ်လိုင်းပဲရှိတာကို တစ်ဖက် တစ်လိုင်းစီလောက်ထပ်တိုးပြီးလမ်းခင်းစေချင်တယ်။ တစ်ဖက်ကို ၃လိုင်းစီလောက်လုပ်နိုင်ရင် တစ်စီးနဲ့တစ်စီးကျော်တက်တဲ့ အခါ တစ်စီးနဲ့တစ်စီးအကွာအဝေးဟာ ခပ်ကွာကွာကခြားပြီး ကျော်တက် နိုင်ကြမှာဖြစ်တယ်ဗျ။ အခုဟာက ဖြစ်တဲ့မတော်တဆမှုတွေမှာ ကားကျော်တက်တဲ့အချိန် ဖြစ်တာဆိုတာတွေ့ရတယ်ဗျ။
အမြန်လမ်းရဲ့အကွေ့တွေမှာ အများစုဟာ ရုတ်တရက်ကွေ့ သွားတာတွေများတယ်ဗျ။ နိုင်ငံခြားတွေမှာက တစ်နာရီ ၆၅မိုင် နှုန်းလောက်နဲ့ မောင်းနေတဲ့ကားကို ဘယ်လိုမှ မမှောက်ရအောင် တဖြည်းဖြည်းချင်း ဒီဂရီပုံမှန်နဲ့ကွေ့ထားတာတွေလုပ်ထားတယ်။ ၆၅မိုင် ၇၀ မိုင်နဲ့ကွေ့လည်း မမှောက်နိုင်အောင်ကွေ့ထားတယ်။
အမြန်လမ်းက အကွေ့တွေမှာ ၈၀ ရာခိုင်နှုန်းလောက်က မိုင် ၄၀ နဲ့ မောင်းရင်တောင် မှောက်ဖို့သေချာ နေတယ်ဗျ။နောက်တစ် ချက်က ဖောက်ထားတဲ့လမ်းသားက အင်္ဂတေတွေဖြစ်ပြီးမညီမညာ ဖြစ်လာနေတာမို့ မော်တော်ကားတာယာတွေဟာစားပြီး တာယာ တွေမကြာခဏပွင့်ထွက်ပြီးကားေ မှာက်ကြတာဖြစ်တယ်။ လမ်း သားကြမ်းပြင်ကြမ်းတမ်းလှတဲ့ အင်္ဂတေအပေါ်မှာ ကတ္တရာကို အမြန် ဆုံးခင်းသင့်ပါပြီ။ မြန်မာပြည်ကကားမောင်းတဲ့လူေ တွဟာ တခြားနိုင်ငံတွေကယာဉ်မောင်း တွေထက် ကားမောင်းတတ်ကြတာ မညံ့ပါဘူးဗျာ။ ပိုပြီးတောင် မောင်းတတ်ကြသေးတယ်လို့ကျုပ် ထင် တယ်။ လမ်းသားကမကောင်း၊ ရာသီဥကအရမ်းပူတာကြောင့် လမ်း ကကြမ်း၊ တာယာတွေကတိုက်ဆွေးတာယာတွေပါ နေတတ်တာ ဖြစ်လို့ တာယာတွေပွင့်ထွက်ဖို့များနေ ပြီဗျ။
ခြုံလိုက်ရင် ကားမောင်းသမားတွေအပြစ်ထက်လမ်းရဲ့ တည်ဆောက်ထားမှုနဲ့လမ်းသားကြမ်းတမ်းမှုက ပိုပြီးသက်ဆိုင် တယ်လို့ ကျုပ်ယူဆတယ်။
ကားမောင်းရင်တော့ ဘယ်သူမဆိုအနည်းနဲ့အများငိုက် ကြ တာချည်းပဲ။ နိုင်ငံတကာဟိုက်ဝေးတွေမှာ လမ်းဘေးနှစ်ဖက်ရှုခင်း တွေကို သာသာယာယာဖြစ်အောင်လုပ်ထားတယ်။ ၽြန်အ ဗမနေ တွေ မိုင် ၅၀ လောက်မှာတစ်ခုရှိတယ်။ ကော်ဖီဆိုင်ရှိတယ်။ အိမ်သာရှိတယ်။ နားလို့ရတယ်။ လမ်းတွေကကျယ်တယ်။ လမ်း သားတွေက နိုင်လွန်ကတ္တရာတွေခင်းထားတယ်။ လမ်းကွေ့တွေ ကပြေတယ်။ မတော်တဆငိုက်ပြီးလမ်းဘေးကျသွားရင်တောင် ကား လမ်းပခုံးရဲ့အပြင်မှာထွက်ကျ လာမယ့်ကားကို တားဆီးထားမယ့် သတ္တုလက်တန်းတွေ(လမ်းကာတန်း) အားလုံးရှိတယ်။ အဲဒီကမှ လွန်သွားရင် တောင်လမ်းဘေးမှာ ပြေပြေပြစ်ပြစ်နဲ့ကားကျ သွားလို့ ရအောင် ရေမြောင်းတို့နဲ့ မြေပျော့အောင်လုပ်ထားပေးတယ် ။ လူက လုပ်နိုင်တဲ့အမှားတွေဖြစ်ခဲ့ ရင်တောင် အနည်းနဲ့အများသက်သာ အောင်လုပ်ထားပေးထားတယ်။
လူဆိုတာ အမှားတွေနဲ့ပြည့်နှက်နေတဲ့သ တ္တ၀ါတွေပဲဗျာ။ လူတွေရှိရင် အမှားတွေရှိနေမှာပဲ။ လူလုပ်နိုင်တဲ့အမှားတွေကို အမှားကြီးဖြစ်ရမယ့်နေရမှာ အမှားလေးဖြစ်သွားအောင် နည်းပညာတွေနဲ့ စနစ်တွေနဲ့ စီစဉ်ထားပေးတယ်။
ဟိုက်ဝေးလမ်းအတွက် ဟိုက်ဝေးပုလိပ်၊ ဟိုက်ဝေးဆေးရုံ၊ ဟိုက်ဝေး အနားယူစခန်းအားလုံးလုပ်ထားတ ယ်။ ဟိုက်ဝေးဟာ သီးခြားကမ္ဘာကြီးတစ်ခုလိုဖန် တီးပေးထားတယ်။
အမေရိကန်တွေဟာ ဟိုက်ဝေးတွေပေါ်မှာပဲအချိန်ကုန် နေ ကြရတာများတယ်ဗျ။ ရထားသိပ်မစီးကြဘူး။ အမေရိကန်ရထား ကုမ္ပဏီတွေရှုံးနေတယ်။ ကိုယ်ပိုင်ကားတွေနဲ့ ဟိုက်ဝေးသွားရင်သွား မသွားရင် လေကြောင်းလိုင်းနဲ့သွားတာများတယ်။ ဟိုက်ဝေးလမ်း တွေ သာသာယာစိုပြည်ရေးဖြစ် အောင်လုပ်ထားတယ်။
တစ်နေ့က ရှမ်းပြည် နောင်ချိုကဆင်းလာတဲ့ ပစ်ကပ်ကား တစ်စီး အမြန်လမ်းမိုင်တိုင် ၅၁ အရောက်မှာ တံတားပေါင်ကိုဝင် တိုက်လိုက်တာကားမှောက်ပြီး ခရီးသည်တွေလမ်းပေါ်မှ ဒဏ်ရာရ တဲ့သူ၊ သွေးရဲရဲသံရဲရဲနဲ့တုံးလုံး ပက်လက်ကယ်ပါယူပါ တစာစာနဲ့ အော်ဟစ်နေတဲ့ ဓာတ်ပုံတွေ့ရလိုက်တယ်။ မိုင်တိုင် ၅၁ မှာ ကယ် မယ့်သူကူမယ့်သူမရှိဘူး။ စာနာသနားတဲ့ကားတစ်စီးရောက်လာ မှ ဆေးရုံကိုပို့ပေးလိုက်တယ်။ ကားတွေက ရုတ်တရက်မရပ်ပေး ကြဘူး။ မရပ်ပေးရဲကြဘူး။ ဘာလုပ်ရမှန်းမသိကြဘူး။ ဒါနဲ့သွေးလွန် ပြီး အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ ကျုပ်တို့မြန်မာပြည်သူတွေ ဘ၀ဟာ အမြန်လမ်းပေါ်မှာခရီးသွားကြတဲ့အခါ လမ်းရဲ့အမှား၊ ယာဉ်မောင်းရဲ့အမှား၊ ကားရဲ့ချို့ယွင်းမှုတစ်ခုခြု ဖစ်လာလို့ကတော့ ဘ၀ပျက်ပြီသာမှတ်ပေတော့။ အသက်ကိုရင်းပြီးခရီးသွားနြေ ကရ တယ်။ အမြန်လမ်းပေါ်မှာ ကားသွားနေတုန်း သံဗုဒ္ဓေဂါထာရွတ် နေရတယ်။ ““အသက်ကိုနှင်း၍””ဆိုတဲ့ ရုပ်ရှင်အတိုင်းဖြစ်နေတယ်။
ဗုဒ္ဓဘာသာအများစုနေထိုင်ကြတဲ့  သတ္တ၀ါအချင်းချင်း ရိုင်းပင်းကူညီစိတ်ရှိကြတဲ့ အလှူအတန်းဆိုရှေ့ဆုံးက ရှိတဲ့ပြည်သူ တွေနေတဲ့ တိုင်းပြည်တစ်ပြည်မှာဘာတြွေ ဖစ်နေကြတာလဲဗျာ။
ကမ္ဘာပျက်မပျက်တော့မသေချာဘူး ။ မြန်မာတော့ပျက် နေပြီဆိုတာသေချာနေခြင်း။
ကြောက်စရာ အကောင်းဆုံးကတော့ အမြန်လမ်းပေါ်မှာ ညဘက်ဆိုရင်မောင်းလာနေတဲ့ကား တွေကို ကျောက်တုံးတွေ၊ သံတုံးတွေ၊ သစ်သားလုံးတွေကို လမ်းပေါ်ချပြီးတမင်တကာ ကား မှောက်အောင်လုပ်တဲ့ လူစုလူဝေးတချို့အမြန်လမ်းပေါ်မှာ ကျက်စားနေပြီဗျ။
အတော်ယုတ်မာကြတဲ့လူတွေပဲဗျ။ ကားကို ဓားပြတိုက်တဲ့ လူတွေကတောင် ဒီလိုကားမှောက်ပြီး လူတွေသေမှဒဏ်ရာရမှ လုယက်တဲ့လူတွေထက်စာရင်သာသေး တယ်ဗျ။ ကျုပ်တို့ တစ်သက် လုံး ကြားဖူးတာ ကားဓားပြတိုက်တယ်။ ပစ္စည်းတွေ ယူသွားတယ်။ ပြီးရင် ကားကို ပြန်မောင်းခွင့်ပေးလိုက်တာပဲကြားဖူးတယ်။ ဒီအထိ လက်ခံလို့ရသေးတယ်။ အခုဟာက မောင်းနေတဲ့ကားကို မှောက် အောင်လုပ်တယ်။ ပြီးရင်ရွှေငွေပိုက်ဆံလုယူသွားတယ်။ ယုတ်မာ လိုက်ကြတဲ့နိုင်ငံသားတွေ ကျုပ်တို့မြန်မာပြည်ထဲမှာရှိနေပြီဗျ။
တစ်လောက ညဘက်အမြန်လမ်းပေါ်မှာ မောင်းလာနေတဲ့ ကားရှေ့က ဆိုင်ကယ်တစ်စီးရုတ်တရက်ပေါ်လာပြီး ဆိုင်ကယ်ပေါ် က အင်္ဂတေတုံးကြီးပစ်ချလိုက်တယ် ။ ဆိုင်ကယ်ကလမ်းဘေးကို ဆင်းချသွားတယ်။
ဆိုင်ကယ်နောက်ကပါလာတဲ့ကားကို မှောက်အောင်လုပ် လိုက်တာပဲ။ အဲဒီကားရဲ့ယာဉ်မောင်းက ကျွမ်းကျင်တဲ့သူဖြစ်နေလို့ ရှောင်နိုင်လိုက်တယ်။ ဒါပေမဲ့ ဒုတိယမြောက် မြေု ဌ ကားက ၀င်တိုက်မိသွားတယ်။ မြေု ဌ ကားမှာပါတဲ့ ဗျြှပျအနာ အလိုအလျောက်ကားရပ်စနစ်က အလုပ်လုပ်တာကြောင့် ဆိုင် ကယ်ပေါ်က ပစ်ချလိုက်တဲ့အင်္ဂတေတုံးကို ထိထိချင်း တိုက်မိသွား တဲ့ မြေု ဌ ကားဘီးလေးဘီးစလုံးရပ်သွားခဲ့ တယ်။ လေအိတ် ပွင့်တယ်။ ဘယ်သူမှမသေခဲ့ဘူး။ မြေု ဌ ကား ရှေ့ပိုင်းတော့ ပျက်ဆီးသွားတယ်။
ညဘက်မီးရောင်ထဲမှာ မြင်နေရတာက လမ်းဘေးချုံတွေ ကြားမှာဆိုင်ကယ်လေးငါးစီးနဲ့  လူ၁၀ယောက်တုတ်တွေနဲ့ အသင့် စောင့်နေကြတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ယောက်ျား ငါးယောက်လောက်ပါတဲ့ နောက်ထပ်ခရီးသွားကားတစ်စီးေ ရာက် လာပြီးတာဝန်သိသိနဲ့ကျောက်ခဲ တိုက်မိလို့ ရပ်သွားတဲ့ မြေု ဌ ကားကို ဆင်းပြီးကူညီကြတယ်။ ဒါနဲ့ ဘေးကအန္တရာယ်ပြုမယ့် ဆိုင်ကယ်နဲ့လူတစ်စု လက်တွန့်သွားပြီး ထွက်ပြေးသွားကြတယ်တဲ့။ အကယ်၍နောက်က လူငါးယောက်ပါတဲ့ကားသာ ချက်ချင်း ရောက်မလာခဲ့ရင် ဒါမှမဟုတ်ရှောင်ပြီးမရပ်ဘဲဆ က်မောင်း သွားခဲ့ ရင်အမှောင်ထဲက ဆိုင်ကယ်နဲ့လူဆယ်ဦးရဲ့တိုက်ခိုက် လုယက်တာခံ ရဦးမှာသေချာပဲဗျို့။ အသက်ပါသေချင်သေသွားနိုင်တယ် ။
တလောကလည်း ညဘက်အမြန်လမ်းပေါ်မှာ ကားမှောက် အောင် ရည်ရွယ်ချက်နဲ့ကျောက်ခဲတုံး တွေတန်းစီပြီး လိုက်ချနေ တဲ့လူတစ်ယောက်ကို ရဲလှည့်ကင်းကဖမ်းမိတယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာ အကြီးမားဆုံးပြစ်မှုကိုံငအ ညျေွိကည လူကိုတိုက်မိပြီး၊ ကားကိုတိုက်မိပြီး အခင်းဖြစ်ပွားတာကို ရဲကို အကြောင်းမကြားဘဲ ထွက်ပြေးသွားတဲ့သူဟာ အပြစ်အကြီးဆုံးပဲ သူ လို့သတ်မှတ်တယ်။ သိပ်ယုတ်မာတဲ့လူလို့သတ်မှတ် တယ်။
ကျုပ်တို့ ယဉ်ကျေးလှပါတယ်ဆိုတဲ့မြန်မာ ပြည်မှာက မတော် တဆတိုက်မိလို့ ထွက်ပြေးသွားတာတွေဒုနဲ့ဒေး။ ကားတိုက်မိပြီး မရပ်ဘဲ ထွက်ပြေးတဲ့ အမှုဆယ်မှုမှာ ရှစ်မှုကို မဖော်ထုတ်နိုင်ဘူးဖြစ် နေတယ်။ ဒါနဲ့တင်မကတော့ဘူး။ အခုဖြစ်နေတာက ကားကိုပါ မမှောက်မှောက်အောင်လုပ်ယူပြီး မှောက်သွားတဲ့ကားပေါ်က လူတွေဒဏ်ရာရလို့သေဆုံးသွားတဲ့အခါဖြစ်ဖြစ်၊ ဒဏ်ရာရပြီး သတိ လစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ဒဏ်ရာရပြီး ကယ်ပါ ယူပါ အော်ဟစ်အကူအညီတောင်းခံနေတဲ့ အချိန်မှာဖြစ်ဖြစ် ကားပေါ်မှာ ပါလာတဲ့ပစ္စည်းတွေ လု ယူထွက်ပြေးမယ်။ ဒဏ်ရာရတဲ့သူတွေမှာ ၀တ်ထားတဲ့နာရီ၊ ဆွဲကြိုး၊ လက်စွပ်၊ ပိုက်ဆံတန်ဖိုးရှိမယ့် ပစ္စည်း တွေကို လုယူမယ့် အကြံအစည်တွေပဲဗျာ။
အတော်ကို ယုတ်မာတဲ့အဆင့်ကမ်းကုန်သွား ပြီ။ (ကျုပ် လွန်ခဲ့ တဲ့အနှစ်၂၀ လောက်ကကြားဖူးတာရှိတယ်။ ညတစ်ညမှာ တွံတေး တူး မြောင်းထဲမှာ တိုင်းလုံးကျော်သင်္ဘော လေဆင်နှာမောင်းမိလို့ ရုတ်တရက်ဘေးတိုက်လဲပြီး မှောက်သွားတယ်။ အနားကလူတွေက လှေတွေနဲ့ကူးလာပြီးကူကြတယ်။ အများစုကကူတယ်။ တချို့လှေ တွေက ကူညီရမယ့်အစား ရေနစ်ပြီး အော်ဟစ်အကူအညီ တောင်းခံ နေတဲ့သူတွေကိုလှေပေါ်တင်မယ်လုပ်ပြီးမှ လက်ကောက်တွေ ရွှေ တွေဆွဲကြိုးတွေလုယူပြီး ရေထဲပြန်ကန်ချလိုက်တယ်ဆိုတဲ့  ဇာတ် လမ်းကြားဖူးတယ်။ တစ်ချို့ပြန်ဆယ်လို့ရတဲ့ အလောင်းတွေရဲ့ လက်တွေဟာဓားဒဏ်ရာကြောင့် ပြတ်နေတာတွေ့ခဲ့ရတယ်တဲ့။
အခု အမြန်လမ်းတစ်လျှောက်မှာ ““တိုင်းလုံးကျော်သင်္ဘော”” နစ်တုန်းက ထက်ဆိုးရွားနေပြီ။ ““တိုင်းလုံးကျော်သင်္ဘော””က မုန် တိုင်းကြောင့် မှောက်ခဲ့ရတာ။ သင်္ဘောမှောက်ပြီးမှ ကယ်မယ့်သူ တစ်ချို့ စိတ်ပြောင်းသွားပြီးယုတ်မာခဲ့ကြတာ။ လူမဆန်ခဲ့ကြတာ။
အခုဟာက တမင်တကာ ကားကို မမှောက်မှောက်အောင် လုပ်ယူနေကြပြီး လုယက်တဲ့အဆင့်ရောက်နေပြီဆို တော့ ကမ်းကုန်နေပြီဗျ။ နိုင်ငံသားအချင်းချင်း ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်း ကူညီရမယ့်အစား အသက်ရန်ရှာပြီးမှ ပစ္စည်းလုတဲ့ သူတွေကို ဖမ်းမိရင်ရုံးတင်ပြီး အလွန်ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပေးသင့်နေပါပြီ။
ဒီလူတွေကို မုဒိမ်းကျင့်ပြီး လူသတ်တဲ့သူတွေနဲ့တန်းတူသဘော ထားပြီးစီရင်မှဖြစ်တော့မယ်ဗျ။ အမြန်လမ်းကိုလည်း အန္တရာယ် လမ်း၊ အန္တရာယ်ရှိတဲ့လမ်းရယ်လို့ အနီရောင်အဆင့်သတ်မှတ် သင့်ပါပြီ။ တစ်နေ့တစ်ယောက်ပဲသေဆုံးနေရင်တောင် တစ်နှစ်ဆို ရင် ၃၆၅ ယောက်လောက်သေမယ့်သဘောဖြစ်နေ တယ်ဗျ။
ဒါကြောင့် ဒီအမြန်လမ်းမကြီးကို ဒီအတိုင်းဆက်ပြီး မသိကျိုး ကျွံလုပ်နေလို့ကတော့ ကျုပ်တို့ပြည်သူတွေနေ့စဉ် တစ်ယောက်စ နှစ်ယောက်စနေ့စဉ်သေဆုံးနေကြ ရဦးမှာပဲဗျ။ အခန့်မသင့်ရင် တောင်ပြာတန်းကားမီးလောင်သလိုမျိုးတွေ ထပ်ပြီးဖြစ်လာနိုင်ပါ သေးတယ်။
အမြန်လမ်းကို အမြန်ဆုံး ခေတအချိန်အကန့်အသတ်မရှိ ပိတ်ပစ်ပြီး လမ်းကောင်းသွားအောင် လမ်းစနစ်သစ်တစ်ခုရ အောင်ပြင်သင့်ပါပြီ။
ဒီလမ်းပြင်နေဆဲကာလမှာ ရန်ကုန်-မန္တလေးလမ်းဟောင်း ကို သုံးလို့ရတာပဲဗျာ။ ကျုပ်တို့တစ်သက်လုံးရော၊ ကျုပ်တို့မတိုင် ခင်ကဘိုးဘွားတွေရော ဒီလမ်းဟောင်းကပဲ သွားလာခဲ့ကြတာပဲ။ နေပြည်တော်မြို့ကြီးပေါ်လာမှ ပဲ ဒီလမ်းလည်းပေါ်လာခဲ့တာပဲ။ ဒီအမြန်လမ်းတစ်သက်က နေပြည်တော်တစ်သက်ပဲဗျာ။
ကျုပ်သတိထားမိတဲ့ ထူးခြားတဲ့အချက်ကတော့ အခုဒီ အမြန်လမ်းပေါ်မှာ ဆိုးဆိုးရွားရွားသေဆုံးခဲ့ရ တဲ့ သူတွေထဲမှာ ဘယ်နိုင်ငံ့အကြီးအကဲ ဘယ်ဝန်ကြီး၊ ၀န်လေးမှမသေဆုံးခဲ့ဘူး။ သာမန်ပြည်သူတွေပဲ နေစဉ်သေဆုံးနေကြတယ်။ ဒါကြောင့်များ ဒီလမ်းဒုက္ခပေးနေတာကို လျစ်လျူရှုထားကြလေလားမသိဘူးဗျ။ ဘယ်ဝန်ကြီး၊ ၀န်လေးကားမှမမှောက်ဘူး။ ဒါမှမဟုတ် ၀န်ကြီး၊ ၀န်လေးတွေကားကိုမောင်းတဲ့ယာ ဉ်မောင်းတွေကပဲ အရမ်းတော် နေကြလို့လားတော့မသိဘူး။
ဒီအမြန်လမ်းကိုပိတ်ပြီး ပြင်မယ်ဆိုရင် ရန်ကုန် ဘောနက်ကြီး (၀မိုင် ကနေ မိုင်၄၀)အထိ ပထမအဆင့်ပိတ်တာမျိုး၊ ရန်ကုန် ဘောနက်ကြီးအပိုင်း မိုင် ၄၀ ပြုပြင်ပြီးရင် ဒုတိယအဆင့်အနေနဲ့ မိုင် ၄၀ ကနေ ၁၁၅ မိုင်အထိထပ်ပိတ်ပြီး ပြင်တာမျိုးလုပ်လို့ရ တာပဲ။ တစ်ပိုင်းချင်းစီပိတ်ပြီးပြ င်လိုက်။ စနစ်တကျပြုပြင်ပြီးမှ ရန်ကုန်-နေပြည်တော်-မန္တလေးကိုအစအဆုံး ပြန်ဖွင့်သင့်ပါတယ်။
မြန်မာပြည်သူများ အေးအေးချမ်းချမ်းအသုံးပြုနိုင်ဖို့ လက်ရှိ အမြန်လမ်းကို တစ်ပိုင်းချင်းဆီ ပိတ်ပစ်ပြီး လမ်းအသစ်ဖြစ်အောင် ပြုပြင်သင့်ပြီဖြစ်ကြောင်း လူထုအကျိုးမျှော်ကိုး၍ နှိုးဆော်လိုက်ရပါ သည်။
ဒီလိုမပြုပြင်ဘဲ ဆက်ခွင့်ပြုနေလို့ကတော့ အမြန်လမ်းလို့ ခေါ်လို့မရဘဲ မပြန်လမ်းလို့ဘဲ ခေါ်ဆိုရမယ်ဗျ။
အမြန်လမ်းပိတ်ပြီး အမြန်ဆုံးပြုပြင်ပေးပါ။
စစ်သူရဲဗလမင်းထင်
၁၉၈၈နောက်ပိုင်းတက်လာသည့် အစိုးရအဆက်ဆက်ဖောက် ခဲ့တဲ့ လမ်းတွေထဲမှာ ရန်ကုန်-နေပြည်တော်-မန္တလေးအ
ကျုပ် ၁၉၉၃ ကတည်းက မြန်မာတစ်ပြည်လုံး ပြဲပြဲစင်အောင် ကားမောင်းပြီး လျှောက်သွားနေခဲ့ဖူးပါတယ်။ မန္တလေး-မူဆယ်လမ်း ကို ဘိန်းဘုရင်လော်စစ်ဟန်မိသားစ
မန္တလေး- မုံရွာလမ်းလည်း ကျုပ်မောင်းဖူးတယ်။ မုံရွာ-ကန့်ဘ လူအထိ ကျုပ်မောင်းဖူးတယ်။ နောက်ဆုံး ကျုပ်မြစ်ကြီးနား -မိုးကောင်း-ဖားကန့်လမ်းလည်
ဒါကြောင့် မြန်မာပြည်မှာ လမ်းတကာလမ်းထဲမှာ နောက်ဆုံး မှ ဖောက်လုပ်ခဲ့ပြီး ငွေကုန်ကြေးကျအများဆုံးသုံး
ဒီအမြန်လမ်းစတင် အသုံးပြုခဲ့တဲ့ ၂၀၀၂ကနေ ၂၀၁၄ အထိ ၁၂ နှစ်အတွင်း ဒီလမ်းပေါ်မှာ လူပေါင်းထောင်နဲ့ချီပြီးဒဏ်
(၁)ဂျပန်လူမျိုးတစ်စုနံပါတ်
(၂) ရန်ကုန်-မန္တလေးသွားကားက ကျွန်းလယ်ကောင်ပေါင် ကို တိုက်မိပြီး တခြားလမ်းတစ်ဖက်(မန္တလေး-ရန်
(၃) အဆိုတော်ဆိုတေးပါလာတဲ့ကားမေ
၎။ ၂၀၁၄ သင်္ကြန်အကြိုနေ့က မိုင်တိုင် ၁၁၆ မှာ တောင်ကြီး မှ ရန်ကုန်ဆင်းလာတဲ့ တောင်ပြာတန်းခရီးသည်တင်မှန်
မီးကျွမ်းနေတဲ့ရုပ်ကလာပ်တွေ
ဒီအမြန်လမ်းပေါ်မှာ ဒီလိုအဖြစ်ဆိုးတွေ ဘာကြောင့်များ နေ့စဉ်ဆက်တိုက်ဆိုသလိုဖြစ်ေ
နံပါတ် (၁) အကြောင်းရင်းနဲ့ တရားခံကတော့ ဒီလမ်းကြီး ကို ဖောက်ခဲ့တဲ့နေရာမှာ နိုင်ငံတကာအဆင့်မီအမြန်လမ်း
အမြန်လမ်းဆိုတဲ့အဓိပ္ပာယ်ကို
ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့
ဖြစ်နိုင်ရင် အသွားနှစ်လိုင်း၊ အပြန်နှစ်လိုင်းပဲရှိတာကို တစ်ဖက် တစ်လိုင်းစီလောက်ထပ်တိုးပြီ
အမြန်လမ်းရဲ့အကွေ့တွေမှာ အများစုဟာ ရုတ်တရက်ကွေ့ သွားတာတွေများတယ်ဗျ။ နိုင်ငံခြားတွေမှာက တစ်နာရီ ၆၅မိုင် နှုန်းလောက်နဲ့ မောင်းနေတဲ့ကားကို ဘယ်လိုမှ မမှောက်ရအောင် တဖြည်းဖြည်းချင်း ဒီဂရီပုံမှန်နဲ့ကွေ့ထားတာတေ
အမြန်လမ်းက အကွေ့တွေမှာ ၈၀ ရာခိုင်နှုန်းလောက်က မိုင် ၄၀ နဲ့ မောင်းရင်တောင် မှောက်ဖို့သေချာ နေတယ်ဗျ။နောက်တစ် ချက်က ဖောက်ထားတဲ့လမ်းသားက အင်္ဂတေတွေဖြစ်ပြီးမညီမညာ ဖြစ်လာနေတာမို့ မော်တော်ကားတာယာတွေဟာစားပြီ
ခြုံလိုက်ရင် ကားမောင်းသမားတွေအပြစ်ထက်လမ
ကားမောင်းရင်တော့ ဘယ်သူမဆိုအနည်းနဲ့အများငိုက
လူဆိုတာ အမှားတွေနဲ့ပြည့်နှက်နေတဲ့သ
ဟိုက်ဝေးလမ်းအတွက် ဟိုက်ဝေးပုလိပ်၊ ဟိုက်ဝေးဆေးရုံ၊ ဟိုက်ဝေး အနားယူစခန်းအားလုံးလုပ်ထားတ
အမေရိကန်တွေဟာ ဟိုက်ဝေးတွေပေါ်မှာပဲအချိန်က
တစ်နေ့က ရှမ်းပြည် နောင်ချိုကဆင်းလာတဲ့ ပစ်ကပ်ကား တစ်စီး အမြန်လမ်းမိုင်တိုင် ၅၁ အရောက်မှာ တံတားပေါင်ကိုဝင် တိုက်လိုက်တာကားမှောက်ပြီး ခရီးသည်တွေလမ်းပေါ်မှ ဒဏ်ရာရ တဲ့သူ၊ သွေးရဲရဲသံရဲရဲနဲ့တုံးလုံး
ဗုဒ္ဓဘာသာအများစုနေထိုင်ကြတဲ
ကမ္ဘာပျက်မပျက်တော့မသေချာဘူး
ကြောက်စရာ အကောင်းဆုံးကတော့ အမြန်လမ်းပေါ်မှာ ညဘက်ဆိုရင်မောင်းလာနေတဲ့ကား
အတော်ယုတ်မာကြတဲ့လူတွေပဲဗျ။
တစ်လောက ညဘက်အမြန်လမ်းပေါ်မှာ မောင်းလာနေတဲ့ ကားရှေ့က ဆိုင်ကယ်တစ်စီးရုတ်တရက်ပေါ်လ
ဆိုင်ကယ်နောက်ကပါလာတဲ့ကားကိ
ညဘက်မီးရောင်ထဲမှာ မြင်နေရတာက လမ်းဘေးချုံတွေ ကြားမှာဆိုင်ကယ်လေးငါးစီးနဲ
တလောကလည်း ညဘက်အမြန်လမ်းပေါ်မှာ ကားမှောက် အောင် ရည်ရွယ်ချက်နဲ့ကျောက်ခဲတုံး
နိုင်ငံခြားတိုင်းပြည်တွေမှ
ကျုပ်တို့ ယဉ်ကျေးလှပါတယ်ဆိုတဲ့မြန်မာ
အတော်ကို ယုတ်မာတဲ့အဆင့်ကမ်းကုန်သွား
အခု အမြန်လမ်းတစ်လျှောက်မှာ ““တိုင်းလုံးကျော်သင်္ဘော”” နစ်တုန်းက ထက်ဆိုးရွားနေပြီ။ ““တိုင်းလုံးကျော်သင်္ဘော””က မုန် တိုင်းကြောင့် မှောက်ခဲ့ရတာ။ သင်္ဘောမှောက်ပြီးမှ ကယ်မယ့်သူ တစ်ချို့ စိတ်ပြောင်းသွားပြီးယုတ်မာခ
အခုဟာက တမင်တကာ ကားကို မမှောက်မှောက်အောင် လုပ်ယူနေကြပြီး လုယက်တဲ့အဆင့်ရောက်နေပြီဆို
ဒီလူတွေကို မုဒိမ်းကျင့်ပြီး လူသတ်တဲ့သူတွေနဲ့တန်းတူသဘော
ဒါကြောင့် ဒီအမြန်လမ်းမကြီးကို ဒီအတိုင်းဆက်ပြီး မသိကျိုး ကျွံလုပ်နေလို့ကတော့ ကျုပ်တို့ပြည်သူတွေနေ့စဉ် တစ်ယောက်စ နှစ်ယောက်စနေ့စဉ်သေဆုံးနေကြ
အမြန်လမ်းကို အမြန်ဆုံး ခေတအချိန်အကန့်အသတ်မရှိ ပိတ်ပစ်ပြီး လမ်းကောင်းသွားအောင် လမ်းစနစ်သစ်တစ်ခုရ အောင်ပြင်သင့်ပါပြီ။
ဒီလမ်းပြင်နေဆဲကာလမှာ ရန်ကုန်-မန္တလေးလမ်းဟောင်း ကို သုံးလို့ရတာပဲဗျာ။ ကျုပ်တို့တစ်သက်လုံးရော၊ ကျုပ်တို့မတိုင် ခင်ကဘိုးဘွားတွေရော ဒီလမ်းဟောင်းကပဲ သွားလာခဲ့ကြတာပဲ။ နေပြည်တော်မြို့ကြီးပေါ်လာမှ
ကျုပ်သတိထားမိတဲ့ ထူးခြားတဲ့အချက်ကတော့ အခုဒီ အမြန်လမ်းပေါ်မှာ ဆိုးဆိုးရွားရွားသေဆုံးခဲ့ရ
ဒီအမြန်လမ်းကိုပိတ်ပြီး ပြင်မယ်ဆိုရင် ရန်ကုန် ဘောနက်ကြီး (၀မိုင် ကနေ မိုင်၄၀)အထိ ပထမအဆင့်ပိတ်တာမျိုး၊ ရန်ကုန် ဘောနက်ကြီးအပိုင်း မိုင် ၄၀ ပြုပြင်ပြီးရင် ဒုတိယအဆင့်အနေနဲ့ မိုင် ၄၀ ကနေ ၁၁၅ မိုင်အထိထပ်ပိတ်ပြီး ပြင်တာမျိုးလုပ်လို့ရ တာပဲ။ တစ်ပိုင်းချင်းစီပိတ်ပြီးပြ
မြန်မာပြည်သူများ အေးအေးချမ်းချမ်းအသုံးပြုနု
ဒီလိုမပြုပြင်ဘဲ ဆက်ခွင့်ပြုနေလို့ကတော့ အမြန်လမ်းလို့ ခေါ်လို့မရဘဲ မပြန်လမ်းလို့ဘဲ ခေါ်ဆိုရမယ်ဗျ။
အမြန်လမ်းပိတ်ပြီး အမြန်ဆုံးပြုပြင်ပေးပါ။
စစ်သူရဲဗလမင်းထင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။