ရန်ကုန်-မန္တာလေး အမြန်လမ်းတွင် ယာဉ်များအန္တာရယ် ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်းများအပေါ် A.T.K ၏ သုံးသပ်ချက်။
10) ယာဉ်မောင်းလိုင်စင်များ လွယ်ကူစွားရရှိပြီး၊ အမြန်လမ်း အတွေ့အကြုံမရှိသော သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမသိသူများ၏ မောင်းနှင်ခြင်းများ။
9) ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်မှုနှင့်၊ အိပ်ငိုက်ခြင်းများကို ကာကွယ်ရန်၊ အပန်းဖြေ နားနေရာ (၁၁၅မိုင်နားနေစခန်းကဲ့သို့ ) နေရာများ မိုင်၂၀-၃၀ အနည်းဆုံး မိနစ်၂၀ ၃၀ အကွာအဝေးတွင် တစ်ခုရှိမနေခြင်း။
8) အမြန်လမ်းမ၏ ယာဉ်ကြော (Lane) အပြင်လိုင်းနှင့် အတွင်းလိုင်း အကွာအဝေး မတူညီခြင်းနှင့် လမ်းဘေးသို့ အလွယ်တကူ ချရပ်ရန် အခက်အခဲရှိခြင်း၊ ယာဉ်ကြော အနည်းဆုံး ၃လိုင်းအစား၊ ၂လိုင်း သာရှိနေခြင်း။
7) ယာဉ်ကြောနှစ်ခုကြားတွင်ရှိေ သာ ညဖက်တွင် မြင်နိုင်ရန် ထားရှိသော မီးကျောက်များမှာ လမ်းအတွင်းသို့ မြှပ်ထားခြင်းမရှိပဲ လမ်းပေါ်သို့ ထိုးထွက်နေခြင်းကြောင့်၊ ကားတာယာများတက်နင်းမိလျှင်၊ တာယာပွင့်ခြင်း တာယာပေါက်ခြင်းများဖြစ်နိုင်ခြင်း။
6) အကွာအဝေး လမ်းအနေအထားအရ အထူးသဖြင့် ကုန်းဆင်းများတွင် အရှိန်နှုန်းလျှော့ရန် သတိပေး ဆိုင်းဘုဒ်များစွာ မရှိခြင်း၊ တံတားဘောင်များအား မတိုက်ခိုက်မိရန်၊ တံတားအောက်သို့ ထိုးမကျရန် အတားအဆီးများ၊ အန္တာရယ်ရှိသောနေရာများ အတွက် လွယ်ကူစွာ မြင်နိုင်ရန် အမှတ်အသားများ ညပိုင်းအတွက် ရောင်ပြန်စာသားများ ထားရှိမှုနည်းခြင်း။
5) မျက်နှာခြင်းဆိုင်မှ မီးထိုးခြင်းအား ကာကွယ်ရန် လမ်းလယ်တွင် အကာအကွယ်ပေးရန် တိုင်များ၊ သံပြားများ (သို့) အပင်ပုများ မထားရှိခြင်းကြောင့်၊ မီးစူးခြင်းများ၊ မီးရောင်များမသဲကွဲခြင်းများတို့ကြောင့်၊ အမြင်အာရုံ အားနည်းစေခြင်း။
4) ယာဉ်ကြီးမောင်းနှင်သူများမှ ယာဉ်ငယ်မောင်းနှင်သူများအား မလေးစားခြင်း၊ အရှိန်ပြင်းစွာ ကျော်တက်ခြင်းများ၊ အပြိုင်အဆိုင်မောင်းနှင်ခြင်းများ။
3) ယာဉ်မောင်းနှင်သူများ အထူးသဖြင့် ဘတ်စကားမောင်းနှင်သူများအား ၂နာရီ ၃နာရီ ခန့်မောင်းနှင်ပြီးလျှင် ၁၅ မိနစ်ခန့် အနားယူခြင်း (သို့) အိပ်ငိုက်လျှင် အလှည့်ကျ မောင်းနှင်စေခြင်း မရှိခြင်း၊ သတ်မှတ်အရှိန်နှုန်းထက် မမောင်းနှင်နိုင်ရန် အတူလိုက်ပါသူများ၊ ခရီးသည်များမှ သတိမပေးခြင်း။
2) မော်တော်ဆိုင်ကယ်များ တက်ရောက် မောင်းနှင်ခြင်း၊ လူများ လမ်းဖြတ်ကူးခြင်းများကို ထိရောက်စွာ မတားမြစ်နိုင်ခြင်း။
1) အမြန်လမ်းနှင့် ကိုက်ညီသော ကတ္တရာလမ်းအစား တောင်တက်လမ်းများတွင်သာ အသုံးပြုရန် သင့်တော်သော ကွန်ကရစ်လမ်း ဖြစ်နေခြင်း။
A.T.K
—10) ယာဉ်မောင်းလိုင်စင်များ လွယ်ကူစွားရရှိပြီး၊ အမြန်လမ်း အတွေ့အကြုံမရှိသော သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမသိသူများ၏ မောင်းနှင်ခြင်းများ။
9) ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်မှုနှင့်၊ အိပ်ငိုက်ခြင်းများကို ကာကွယ်ရန်၊ အပန်းဖြေ နားနေရာ (၁၁၅မိုင်နားနေစခန်းကဲ့သို့
8) အမြန်လမ်းမ၏ ယာဉ်ကြော (Lane) အပြင်လိုင်းနှင့် အတွင်းလိုင်း အကွာအဝေး မတူညီခြင်းနှင့် လမ်းဘေးသို့ အလွယ်တကူ ချရပ်ရန် အခက်အခဲရှိခြင်း၊ ယာဉ်ကြော အနည်းဆုံး ၃လိုင်းအစား၊ ၂လိုင်း သာရှိနေခြင်း။
7) ယာဉ်ကြောနှစ်ခုကြားတွင်ရှိေ
6) အကွာအဝေး လမ်းအနေအထားအရ အထူးသဖြင့် ကုန်းဆင်းများတွင် အရှိန်နှုန်းလျှော့ရန် သတိပေး ဆိုင်းဘုဒ်များစွာ မရှိခြင်း၊ တံတားဘောင်များအား မတိုက်ခိုက်မိရန်၊ တံတားအောက်သို့ ထိုးမကျရန် အတားအဆီးများ၊ အန္တာရယ်ရှိသောနေရာများ အတွက် လွယ်ကူစွာ မြင်နိုင်ရန် အမှတ်အသားများ ညပိုင်းအတွက် ရောင်ပြန်စာသားများ ထားရှိမှုနည်းခြင်း။
5) မျက်နှာခြင်းဆိုင်မှ မီးထိုးခြင်းအား ကာကွယ်ရန် လမ်းလယ်တွင် အကာအကွယ်ပေးရန် တိုင်များ၊ သံပြားများ (သို့) အပင်ပုများ မထားရှိခြင်းကြောင့်၊ မီးစူးခြင်းများ၊ မီးရောင်များမသဲကွဲခြင်းမျာ
4) ယာဉ်ကြီးမောင်းနှင်သူများမှ
3) ယာဉ်မောင်းနှင်သူများ အထူးသဖြင့် ဘတ်စကားမောင်းနှင်သူများအား
2) မော်တော်ဆိုင်ကယ်များ တက်ရောက် မောင်းနှင်ခြင်း၊ လူများ လမ်းဖြတ်ကူးခြင်းများကို ထိရောက်စွာ မတားမြစ်နိုင်ခြင်း။
1) အမြန်လမ်းနှင့် ကိုက်ညီသော ကတ္တရာလမ်းအစား တောင်တက်လမ်းများတွင်သာ အသုံးပြုရန် သင့်တော်သော ကွန်ကရစ်လမ်း ဖြစ်နေခြင်း။
A.T.K

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။