ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို င်ရေးသားသောဆောင်းပါးဖြစ်ပါ သည်။
“ချုပ်ချယ်ပိတ်ဆို့မှုရဲ့ ဇာတ်လမ်းဆက်”
အောင်ဆန်းစုကြည်
မနက်ကျတော့ ဧည့်သည်တွေစုပြီး ရောက်လာပါတယ်။ အဲဒီအထဲမှာ အထိန်းသိမ်းခံနေရာကနေ ပြန်လွတ်လာခါစဖြစ်တဲ့ ကျွန်မတို့ရဲ့ ပါတီဝင်တွေပါပါတယ်။ ကျွန်မတို့ကို ထောက်ခံတဲ့သူတွေ၊ အားပေးတဲ့ သူတွေ၊ သတင်းထောက်တွေ ပါပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကပျာကသီစီစဉ်ပြီး ကျင်းပခဲ့ပါတယ်။ ကျွန်မတို့တစ်တွေ ပုံမှန်အလုပ်များနေ ကြတဲ့အတိုင်း ပြန်ဖြစ်လာပါတယ်။ နာရီအနည်းငယ်အတွင်းမှာပဲ လုပ်စရာကိုင်စရာနည်းပါးလို့ စည်းစိမ်ရှိလှတဲ့ လွန်ခဲ့တဲ့ ၁၁ ရက်တာ ကာလဟာ အောက်မေ့ဖွယ်ရာတစ်ခုမျှသာ ဖြစ်သွားပါတယ်။ (၁၁)ရက် ဆိုတာ ရှည်လျားတဲ့ကာလတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက် အတွက် သူ့ဘ၀မှာ နေထိုင်လုပ်ကိုင်ပုံပြောင်း လဲမှုကို ခံစားနိုင်ဖို့ လုံလောက် တဲ့ ကာလပါပဲ။ ကျွန်မတို့မှာ ပုံမှန်ရက် (၄)ရက်ရှိပါတယ်။ အဲဒီ (၄) ရက်မှာ လွန်ခဲ့တဲ့နှစ်ပတ်က အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ပါတီရဲ့ ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေကို စီစဉ်ချမှတ်ဖို့ဖြစ်ပါတယ်။
ကျွန်မတို့ကို မကြာခဏမေးတဲ့မေးခွန်းက ကျွန်မတို့အနေနဲ့ လူထုအစည်းအဝေးပွဲကို ဆက်လက်ပြုလုပ်မှာလားဆိုတဲ့ မေးခွန်း ပဲဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်မတို့အနေနဲ့ ပြည်သူလူထုလာနေသရွေ့ ကတော့ ဆက်ပြီးပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ပြည်သူလူထုက ကျွန်မတို့ရဲ့လူထုအစည်းအဝေး ကို ဆက်လက်ထောက်ခံအားပေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ သိနေပြီးဖြစ် ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်တိုဘာ ၁၁ ရက်၊ သောကြာနေ့၊ ညသန်းခေါင်မှာ ကျွန်မတို့အတွက် ရင်းနှီးနေပြီဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ အချက်ပေး ဥသြသံတွေ၊ ၀င်ထွက်သွားလာနေတဲ့ ထရပ်ကားတွေရဲ့ ဆူညံသံတွေက ကျွန်မရဲ့ နေအိမ်ကိုလာတဲ့လမ်းကို ထပ်မံပိတ်လိုက်ပြန်ပြီဆိုတာ ကို ကြေညာ သလိုဖြစ်ခဲ့လို့ပါပဲ။
Page - 2
Eternal Light Magazine
May 2014
“ချုပ်ချယ်ပိတ်ဆို့မှုရဲ့ ဇာတ်လမ်းဆက်”
အောင်ဆန်းစုကြည်
မနက်ကျတော့ ဧည့်သည်တွေစုပြီး ရောက်လာပါတယ်။ အဲဒီအထဲမှာ အထိန်းသိမ်းခံနေရာကနေ ပြန်လွတ်လာခါစဖြစ်တဲ့ ကျွန်မတို့ရဲ့ ပါတီဝင်တွေပါပါတယ်။ ကျွန်မတို့ကို ထောက်ခံတဲ့သူတွေ၊ အားပေးတဲ့ သူတွေ၊ သတင်းထောက်တွေ ပါပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကပျာကသီစီစဉ်ပြီး ကျင်းပခဲ့ပါတယ်။ ကျွန်မတို့တစ်တွေ ပုံမှန်အလုပ်များနေ ကြတဲ့အတိုင်း ပြန်ဖြစ်လာပါတယ်။ နာရီအနည်းငယ်အတွင်းမှာပဲ လုပ်စရာကိုင်စရာနည်းပါးလို့
ကျွန်မတို့ကို မကြာခဏမေးတဲ့မေးခွန်းက ကျွန်မတို့အနေနဲ့ လူထုအစည်းအဝေးပွဲကို ဆက်လက်ပြုလုပ်မှာလားဆိုတဲ့ မေးခွန်း ပဲဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်မတို့အနေနဲ့ ပြည်သူလူထုလာနေသရွေ့ ကတော့ ဆက်ပြီးပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ပြည်သူလူထုက ကျွန်မတို့ရဲ့လူထုအစည်းအဝေး
Page - 2
Eternal Light Magazine
May 2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။