Melvin Moe added 3 new photos — with Scuba Som and 8 others.
ကျွန်တော် ပုဂံ ဘုရားဖူး ရောက်ဖြစ်ခဲ့တဲ့ အချိန်တုန်းက ကနေဒါ နိုင်ငံသားတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။
ဘောင်းဘီတိုဝတ်ထားပြီး တီရှပ်နွမ်းနွမ်းတစ်ထည် လျှာထိုးဦးထုတ်တစ်လုံးဆောင်းထားတဲ့ သူ့ကို ပရော်ဖက်ဆာတစ်ယောက်ရာထူးကြီးကြီးမားမားတာဝန်ယူထားတဲ့သူတစ်ယောက်ဆိုတာ မသိနိုင်ပါဘူး။ (ရင်းနှီးသွားတဲ့အချိန်မှာ သူ့ရဲ့ name card ထုတ်ပေးပြီး မိတ်ဆက်လာလို့ ကျွန်တော်လဲ သိခဲ့ရတာပါ)
သူ့ကင်မရာထဲမှာ ရှိနေတဲ့ လယ်ထဲယာထဲမှာ ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေကြတဲ့ မြန်မာတောင်သူလယ်သမားတွေ ရဲ့ ဓာတ်ပုံတွေပြပြီး၊ မြန်မာလူမျိုးတွေ အလုပ်အလွန်ကြိုးစားကြောင်း အလွန်အပင်ပန်းခံနိုင်ကြောင်း၊ဒါပေမယ့် သူတို့ရဲ့ဘ၀ ဟာ (၁၈) ရာစုနှစ်ကအခြေအနေဘဲရှိသေးကြောင်း၊ ဒီလောက်ရေခံမြေခံကောင်းတဲ့ နိုင်ငံမျိုးမှာ ဒီလိုဆင်းဆင်းရဲရဲရုန်းကန်နေကြရတာကို အလွန်စိတ်မကောင်းဖြစ်မိကြောင်းပြောရှာတယ်။
ကျွန်တော်ကိုယ်တိုင်လဲပါဝင်ပတ်သက်တဲ့ စင်္ကာပူက marine & offshore လုပ်ငန်းခွင် အကြောင်းပြောချင်ပါသေးတယ်။ စင်္ကာပူကျွန်းနိုင်ငံသေးသေးလေးပေါ်မှာ သင်္ဘောကျင်း (၁၂) ခု ရှိပါတယ်။ ကျွန်တော်ပါဝင်ပတ်သက်တဲ့ Keppel Offshore & Marine အကြောင်းဘဲ ပြောတာပေါ့။
Oil rig ရေနံတူးစင်တွေ၊ FPSO ရေနံစိမ်း crude oil သန့်စင်တဲ့ သင်္ဘောကြီးတွေ ကို တည်ဆောက်သလို၊ ကမ္ဘာ့နိုင်ငံအသီးသီးက သင်္ဘောတွေကိုလဲပြုပြင်ပါတယ်။
မြန်မာအင်္ဂျင်နီယာတွေ၊ မြန်မာလူမျိုးဆာဗေယာတွေ၊ မြန်မာလူမျိုးကျွမ်းကျင်လုပ်သားတွေ မြောက်များစွာ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင်ပါ။
ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံသားအများစုဟာ၊ ပြည်တွင်းမှာ ရှိစဉ်တုန်းက ကမ်းရိုးတန်းသွားသင်္ဘောမျိုးနဲ့တောင် နီးစပ်မှု မရှိခဲ့ပါဘူး။
ဒီလိုလူတွေကို ကျွမ်းကျင်ပညာရှင်တွေဖြစ်လာအောင် ကျွမ်းကျင်လုပ်သားတွေဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးပြီး စင်္ကာပူနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်ခဲ့ပါတယ်။
လူသားအရင်းအမြစ် ဆိုတာဒါပါဘဲ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်နိုင်ခြင်းမရှိဘဲ၊ မြန်မာလူမျိုးတွေ ပျင်းတယ်၊ ညံ့တယ် လို့ မစွတ်စွဲပါနဲ့လား။
အသုံးမကျတာ အုပ်ချုပ်သူ စစ်ခေါင်းဆောင်တွေဗျ။ မြန်မာလူမျိုးအကြောင်းသိချင်ရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စင်္ကာပူအစိုးရကို မေးပါ။
ထပ်ပြောပါမယ်။ တိုင်းပြည်နဲ့ လူမျိုးကို စေတနာမထားတဲ့ ညံ့ဖျင်းသူတွေဟာ စစ်ခေါင်းဆောင် အဆက်ဆက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု မဟုတ်ပါဘူး။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။