Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 8, 2014

ဘုရားသခင်နှင့် အပေးအယူ လုပ်ရမယ့် အချိန်


May May Kyaw added 3 new photos.

ဘုရားသခင်နှင့် အပေးအယူ လုပ်ရမယ့် အချိန်
=============================
(ဇော်သက်ထွေး)
မြန်မာ့နိုင်ငံရဲ့ အခြေအနေကတော့ မေလရဲ့ ကောင်းကင်လို မှိုင်းမှိုင်းမှုန်နေပါတယ်။ ၂၀၁၄
ခုနှစ် အတွင်းမှာ ပါတီတွေရဲ့ အခြေအနေကို အားစမ်းမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရှိနေသလို ၂၀၁၅ မှာလည်း အထွေထွေ ရွေးကောက်ပွဲကြီး ရှိနေပါတယ်။ တစ်ချို့ နိုင်ငံသားတွေကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး တိုင်းပြည်မှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ မြင်တွေ့ရတော့
မယ်လို့ မျှော်လင့် နေပါတယ်။
ရိုးရိုးသားသား ပြောရရင် ဒီမျှော်လင့်ချက်တွေအတွက် စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး အခြား မရှိပါဘူး။ အခုဆိုရင် တိုင်းပြည်ဟာ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်နေတာ သုံးနှစ်ရှိပါပြီ။ ဘယ်နိုင်ငံသားတွေကများ စိတ်ချမ်းသာ ပျော်ရွှင်နေကြပါသလဲ။

တိုင်းပြည်ရဲ့ ခုနှစ်ဆယ် ရာခိုင်နှုန်းသော တောင်သူ လယ်သမားတွေဟာ မတရား သိမ်းဆည်း
ခံထားရတဲ့ ဘိုးဘွား ပိုင်မြေတွေ အတွက် တိုက်ပွဲဝင် နေရတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း
မှာရှိတဲ့ လူငယ်လူရွယ်တွေဟာ အလုပ်အကိုင် မရှိလို့ အိမ်နီးချင်း နိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ခွာသွားကြတယ်။
လူဦးရေ ခုနှစ်သန်းရှိတဲ့ ရန်ကုန်မြို့ပြမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဘယ်သူရဲကောင်း
ကမှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပါဘူး။ အလုပ်သွား အလုပ်ပြန် ချွေးတစ်လုံးလုံးနဲ့
ဘတ်စ်ကားပေါ် တိုးဝှေ့တက်နေရတဲ့ အမျိုးကောင်း သမီးတွေကို မြင်တိုင်း တိုင်းပြည်ကိုယ်စား မျက်နှာပူရပါတယ်။
တိုင်းပြည်က ပိုင်ဆိုင်တဲ့ ဓာတ်ငွေ့သိုက်တွေထဲက ဓာတ်ငွေ့တွေကို ပေါပေါလောလော
နိုင်ငံခြားကို ရောင်းချနေပေမယ့် ဒီတိုင်းပြည်မှာတော့ လျှပ်စစ်မီး မကြာခဏ ပျက်နေတာဟာ အစဉ်အလာလို ဖြစ်နေပါတယ်။ ဒါပေမယ့် မီတာခကိုတော့ တိုးမြှင့် ကောက်ခံလိုက်ပါပြီ။
နေ့စဉ် ဆန္ဒပြ တောင်းဆိုမှုတွေကတော့ နိုင်ငံနဲ့ အ၀ှမ်းပါပဲ။ ဘယ်အရာကိုမှ အစိုးရက
လေးလေးနက်နက် နားထောင်ပြီး ဆောင်ရွက်ပေးတာကို မတွေ့မြင်ရသေးပါဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်ဆိုလား သွားတာပါပဲ။ တဲပေါ်ကလူတွေ တိုက်ပေါ် တင်မယ်ဆိုလား တိုက်ခန်းတွေ ပိုဈေးတက်သွားတာက လွဲပြီး မထူးခြားပါဘူး။ တက္ကစီတွေကို မီတာတပ်တဲ့ ကိစ္စလား မဖြစ်မြောက်ပါဘူး။ ပလက်ဖောင်းတွေ ဖျက်ပြီး လမ်းချဲ့တဲ့ ကိစ္စလား မပြောင်းလဲ
ပါဘူး။ သမ္မတကြီးက နွားနို့သောက်ခိုင်းကာမှ လူတွေက အရက် ပိုသောက်လာကြတယ်။ ငြိမ်းချမ်းရေး အကြောင်း ပြောမှ ပိုပြီး တိုက်ချင်ခိုက်ချင်လာတယ်။
ဒေသ အတော်များများက ပြည်သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်
ချင်တဲ့ အတွက် ဆန္ဒတွေ ထုတ်ဖော်ကြတယ်။ ဒါပေမယ့် နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ကတော့ ပြည်သူ ကိုးဆယ် ရာခိုင်နှုန်းကျော် ထောက်ခံထားလို့ ပြင်ချင်လို ပုံမရဘူး။ သင်္ကြန်အတွင်း သမ္မတ အိမ်တော်မှာ သမ္မတကြီး အပါအ၀င် အစိုးရ အဖွဲ့နဲ့ တပ်မတော်က ကြည်း၊ ရေ၊ လေ ဗိုလ်ချုပ်ကြီးများ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတာ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမယ့် လွှတ်တော် နှစ်ရပ်လုံးက အကြီးအမှူးတွေကိုတော့ မတွေ့မြင်ခဲ့ရပါဘူး။ လွှတ်တော်နဲ့ အစိုးရကလည်း အမြင် မတူတာတွေများပြီး အားပြိုင်နေတဲ့ အတွက် နွေးထွေးတဲ့ ဆက်ဆံရေး မရှိရှာဘူး။ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကရော ပြည်သူတွေ
ရဲ့ နှလုံးခုန်နှုန်းကို နားလည်ပါရဲ့လား။ မီဒီယာမှာတော့ နေပြည်တော်မှာဆို ဦးသိန်းညွန့်၊ ရန်ကုန်မှာဆို ဒေါက်တာ ညိုညိုသင်းပဲ ခုခံနေတာကို တွေ့နေရတယ်။
မီဒီယာ လွတ်လပ်ခွင့်တွေ ရပြီ။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ပြီ။ မီဒီယာ ဥပဒေ အတည်ပြုပြီဆိုမှ မီဒီယာ သမားတွေ ဖမ်းဆီးခံ၊ ထောင်ချခံ နေရတယ်။ အခုဆိုရင် နိုင်ငံ
တကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေကပါ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ကို
ဝေဖန်ဆန်းစစ် လာကြပြီ။ မေလ သုံးရက်နေ့က ကျင်းပပြုလုပ်တဲ့ World Press Freedom Dayမှာ တစ်နိုင်ငံလုံးက သတင်းထောက်တွေရဲ့ အသိချင်ဆုံး မေးခွန်းကတော့ အစိုးရဆီက သတင်းယူချင်ရင် ဘယ်လိုစီမံဆောင်ရွက်ရမလဲ ဆိုတာပါပဲ။
တရားစွဲဆိုခံရတဲ့ သတင်းထောက်တွေမှာ ကျင့်ဝတ် ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိကောင်း
ရှိနိုင်ပေမယ့် အစိုးရက မီဒီယာသမားတွေကို လုပ်ဖော် ကိုင်ဖက်လို သဘောထားရင် ဒီပြဿနာတွေ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုင်းပြည်တစ်ခုရဲ့ ရည်မှန်းချက်ကို သွားချင်တယ်ဆိုရင် လမ်းတူမှာပါ။ အစိုးရသွားချင်တဲ့ လမ်းနဲ့ သတင်းသမားတွေ သွားချင်တဲ့လမ်း ကွဲလွဲနေပြီဆိုရင်တော့ ပြဿနာရှိနေပါပြီ။
၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် နိုင်မယ်လို့ ယူဆထားသူတွေ ရှိပါတယ်။ ကျွန်တော်လည်း အဲဒီ အယူအဆ
ကို ထောက်ခံပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ်ကိုတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲကို ရည်ရွယ်ပြီး ပါတီရဲ့ လူငယ် မျိုးဆက်သစ်တွေ လေ့ကျင့်မွေးထုတ်ပေး နေတာကိုလည်း မတွေ့ရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှကို ဟုတ်ကဲ့လို့ ပြောမယ့် ပါတီဝင်တွေ
ကတော့ အဆင်သင့် ရှိနေကြပါတယ်။
ဒီလို အခြေနေမှာ အာဏာရ ကြံခိုင်ရေး ပါတီကတော့ လူငယ် ကိုယ်စားလှယ်လောင်းတွေကို
နေပြည်တော်မှာ သင်တန်းပေးနေတာ နှစ်ချီနေပါပြီ။ အခုဆိုရင် ဂျာမနီလို နိုင်ငံမှာပါ သွားရောက်ပြီး အရည်အသွေး မြှင့်တင်ရေး သင်တန်းတွေ တက်ရောက်နေတာ ရှိပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးကလည်း တိုင်းရင်းသား လူမျိုးစု အားလုံး လက်မှတ် ထိုးတော့မယ်
လို့ ပြောနေပေမယ့် ပြဿနာတွေ ကျန်ရှိနေပါသေးတယ်။ လက်နက်ကိုင် လူမျိုးစုတွေနဲ့
စစ်တပ် ကြားမှာ ဖက်ဒရယ် တပ်မတော်ကို ဘယ်လိုထူထောင်ကြမှာလဲ။ ကချင် လွတ်မြောက်ရေး
တပ်က ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်လာပြီး ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး နေပေမယ့် ကချင်ပြည်နယ်မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အကျအဆုံးတွေလည်း ရှိပါတယ်။ စစ်ပြေး ဒုက္ခသည်တွေလည်း ရှိပါတယ်။
တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းကြပြီး ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်
နေကြပေမယ့် ဗဟို အစိုးရ အပေါ်မှာတော့ သံသယတွေနဲ့ စောင့်ကြည့် ပြောဆိုနေတုန်းပါပဲ။ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ပြည်နယ်တွေမှာ လူမျိုးစုပါတီတွေသာ အနိုင်ရသွားရင် ပြည်နယ် အစိုးရတွေအပါ် ဗဟိုအစိုးရရဲ့ သြဇာ သက်ရောက်မှုဟာ ကျဆင်းသွားမလား ဆိုတာကလဲ အနာဂတ်မှာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တကယ်လို့ ဒုတိယ သမ္မတလောင်း သုံးယောက်
ထဲမှာ တိုင်းရင်းသားလူမျိုး နှစ်ယောက်ပါလာရင်တော့ လက်ခုပ်တီး ချီးကျူးစရာပါပဲ။
အခု အခြေအနေမှာတော့ အစဉ်အလာ ရှိခဲ့တဲ့ တိုင်းပြည်ဟာ အငြင်းပွားဖွယ်ရာတွေ ဆင်းရဲ မွဲတေမှုတွေ၊ မရေရာ မသေချာမှုတွေနဲ့ လုံးထွေးရစ်ပတ်နေဆဲပါပဲ။
သမ္မတကြီးက ရေဒီယိုမှာ မိန့်ခွန်းတွေချွေမြဲ။
အစိုးရ ဗျူရိုကရေစီ ယန္တရားကြီးက ကြီးထွားမောက်မာနေဆဲ။
မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုကို မြောက်ကိုရီးယားက အတုယူသင့်တယ်လို့ ပြောဆိုနေတဲ့ အသံတွေ တိုးတိမ်ပျောက်ကွယ်ဆဲ။
ဒီအခြေအနေမှာတော့ ဘုရားသခင်နှင့် အပေးအယူ လုပ်ဖို့ပဲ ကျန်ပါတော့တယ်။
(ဇော်သက်ထွေး)
( Tomorrow သတင်းဂျာနယ်အမှတ်(၁၀)ပါ ဆောင်းပါး )
Credit to Kyaw Swar Myint

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။