ဘ၀ ကျက်သရေ
နားခါစတွင်
ခဏ တဖြုတ်၊ သစ်ကိုင်း လှုပ်၍
ရုတ်ရုတ် သဲသဲ၊ ဖြစ်ပေါ်မြဲ။
အတန်ကြာသော်
ငှက်ပြာ သေးနုပ်၊ အတောင်ရုပ်၍
မလှုပ် စိတ်ဗျာ၊ မခါ သူ့ ကိုယ်
မထို မာန၊ ကျောက်ဆူး ချသို့ 
ဘ၀ သည်မှာ၊ သူနားလာလျက်
နေရာ အစွဲ၊ အသိုက် မြဲ၍
မကွဲ ရင်အုပ်၊ ခြေစွဲ ကုပ်သော်
စိမ်းပုပ် ရင့်မှိုင်း၊ ဤသစ်ကိုင်းတို့ 
ခါတိုင်းပမာ၊ မလှုပ်ပါပြီ။
-------------------------- ------
တင်မိုး
(လှေတစင်းနှင့် သီချင်းသည်)
နားခါစတွင်
ခဏ တဖြုတ်၊ သစ်ကိုင်း လှုပ်၍
ရုတ်ရုတ် သဲသဲ၊ ဖြစ်ပေါ်မြဲ။
အတန်ကြာသော်
ငှက်ပြာ သေးနုပ်၊ အတောင်ရုပ်၍
မလှုပ် စိတ်ဗျာ၊ မခါ သူ့ ကိုယ်
မထို မာန၊ ကျောက်ဆူး ချသို့ 
ဘ၀ သည်မှာ၊ သူနားလာလျက်
နေရာ အစွဲ၊ အသိုက် မြဲ၍
မကွဲ ရင်အုပ်၊ ခြေစွဲ ကုပ်သော်
စိမ်းပုပ် ရင့်မှိုင်း၊ ဤသစ်ကိုင်းတို့ 
ခါတိုင်းပမာ၊ မလှုပ်ပါပြီ။
--------------------------
တင်မိုး
(လှေတစင်းနှင့် သီချင်းသည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။