Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 9, 2014

ငှက်ကလေး၊ ခရုငယ်နဲ့ Ginkgo tree

ငှက်ကလေး၊ ခရုငယ်နဲ့ Ginkgo tree
အင်္ဂလန်နိုင်ငံရဲ့မြို့တော်လန်ဒန်မြို့အနောက်ပိုင်းက စီးပွားရေးဖွံ့ဖြိုးမှုမြန်တဲ့ ဒေသတစ်ခုဖြစ်တယ်။ "အင်္ဂလန်ရဲ့ကယ်ရီဖိုးနီးယား"လို့ တင်စားခံရတဲ့နေရာဖြစ်တယ်။ အဲဒီဒေသမှာ စတုရန်းမိုင်၃ဝဝကျယ်ဝန်းတဲ့ မြေလွတ်တစ်နေရာရှိတယ်။ အဲဒီနေရာက လူနေအိမ်လိုအပ်ချက်မြင့်မားတဲ့နေရာဖြစ်တာကြောင့် နေအိမ်တိုက်တာတိုးချဲ့ရေးကုမ္ပဏီအများက အဲဒီနေရာကို မျက်စိကျနေကြတယ်။ ဒါကြောင့် လန်ဒန်အစိုးရဆီမှာ နေအိမ်ဆောက်လုပ်ဖို့ လျှောက်လွှာတင်ကြတယ်။ မြို့နေ နေရာထိုင်ခင်းဖိအားကိုလျော့ချတဲ့အနေနဲ့ နယ်ခံအစိုးရက အဲဒီမြေကွက်လပ်မှာ အိမ်ခန်း၂သောင်းဆောက်လုပ်ခွင့်ပေးလိုက်တယ်။

ဒါပေမယ့် ဆောက်လုပ်ရေးကုမ္ပဏီတွေ လုပ်ငန်းစခါနီး ရှေ့ရက်အနည်းငယ်အလိုမှာ အပြောင်းအလဲတစ်ခုဖြစ်သွားခဲ့တယ်။ လန်ဒန်အစိုးရက နေအိမ်ဆောက်လုပ်ရေးစီမံကိန်းကို ပယ်ဖျက်ကြောင့် ရုတ်တရက်ကြေညာလိုက်တယ်။ ရုတ်တရက်ဖြစ်လာတဲ့အပြောင်းအလဲမို့ ဆောက်လုပ်ရေးကုမ္ပဏီတွေ ဒေါသဖြစ်ကုန်ကြတယ်။ ပယ်ဖျက်ရတဲ့အကျိုးအကြောင်းကိုပြောဖို့ သူတို့တောင်းဆိုကြတယ်။ အစိုးရရဲ့ဖြေရှင်းချက်က "အဲဒီနေရာမှာ ဆင်းသက်နားနေတဲ့ငှက်ကလေးတွေကို ငါတို့လေးစားသင့်တယ်"ဆိုတာပဲဖြစ်တယ်။
ဖြစ်ပုံက နယ်ခံအစိုးရဟာ အဆောက်အဦးမဆောက်လုပ်ခင် အဲဒီပတ်ဝန်းကျင်ကိုစစ်ဆေးနေစဉ်မှာ အဲဒီနေရာမှာဟယ်သာပင် (Heather tree)နဲ့ တခြားအပင်တွေ အများအပြားပေါက်ရောက်ပြီး မိုးစွေငှက်နဲ့ မြေလူးငှက်စတဲ့ငှက်မျိုးများစွာက အဲဒီနေရာမှာအသိုက်လုပ်ပြီး နေထိုင်ကြတာကိုတွေ့ခဲ့ကြတယ်။ ငှက်ကလေးတွေနေထိုင်တဲ့ပတ်ဝန်းကျင်ကို မဖျက်ဆီးချင်တာကြောင့် အစိုးရက နေအိမ်ဆောက်လုပ်ခွင့်စီမံကိန်းကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
အင်္ဂလန်ငှက်ကလေးတွေလို အလေးစားခံရတဲ့ နယူးဇီလန်ခရုငယ်တွေရှိသေးတယ်။ Solid ကုမ္ပဏီက နယူးဇီလန်ရဲ့စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တယ်။ ကုမ္ပဏီဟာ နယူးဇီလန်တောင်ကျွန်း(South Island)မှာရှိတဲ့ Stocktonကျောက်မီးသွေးတွင်းမှာ ကျောက်မီးသွေးတွေတူးနေခဲ့တယ်။ တစ်နေ့မှာ ကျောက်မီးသွေးတူးနေရင်း ရှားပါးခရုတစ်မျိုးကို မတော်တဆတွေ့လိုက်မိတယ်။ တူးဖော်ရေးလုပ်သားတွေဟာ အလုပ်ကိုချက်ချင်းရပ်ပြီး အဲဒီကိစ္စကို ကုမ္ပဏီဆီတင်ပြခဲ့ကြတယ်။ ကုမ္ပဏီက သတင်းရရချင်း အရေးပေါ်အစည်းအဝေးကို ချက်ချင်းပြုလုပ်ခဲ့တယ်။ နောက်ဆုံးဆုံးဖြတ်ချက်က အဲဒီဒေသတစ်ဝိုက်မှာ အလုပ်ရပ်နားလိုက်ဖို့ဖြစ်တယ်။ ခရုငယ်တွေရဲ့နေထိုင်ရေးကို အနှောင့်အယှက်မပေးချင်တာကြောင့် Solid ကုမ္ပဏီဟာ ခရုငယ်ရှိတဲ့နေရာကိုကွေ့ရှောင်ပြီး နောက်တစ်နေရာမှာ ကျောက်မီးသွေးတူးဖော်ခဲ့ကြတယ်။ အဲဒီကိစ္စနဲ့ အလုပ်ချိန် ၁၉လကြန့်ကြာခဲ့သလို အရင်းအနှီးလည်း ပိုကုန်ကျခဲ့ရတယ်။
လူအများက ခရုငယ်တချို့နဲ့ Solid ကုမ္ပဏီဒီလောက်အဆုံးရှုံးခံတာ မတန်ဘူးလို့ဆိုကြတယ်။ Solid ကုမ္ပဏီရဲ့တုန့်ပြန်ချက်က ဆုံးရှုံးမှုဘယ်လောက်ကြီးကြီး အဲဒီနေရာမှာနေထိုင်တဲ့ခရုငယ်တွေကိုတော့ မဆုံးရှုံးချင်ဘူး။ သူတို့က အဲဒီနေရာမှာ နဂိုကတည်းက နေထိုင်နေလို့ဖြစ်တယ်လို့ ဆိုခဲ့တယ်။
သိပ်မကြာခင်ကပဲ ကိုးရီးယားမြို့တော် ဆိုးလ်မြို့မှာလည်း အစိုးရက ဝမ်၎ဘီလီယံငွေကြေးထောက်ပံ့ပြီး မြို့ထဲကအဆောက်အဦးကြီးနှစ်ခုကို ဖြိုဖျက်ခဲ့တယ်။ ဒီအဆောက်အဦးနှစ်ခုက လူနေမှုထူထပ်တဲ့မြို့ထဲမှာရှိပြီး အိမ်ထောင်စုထောင်ပေါင်းဆံ့တဲ့ အဆောက်အဦးဖြစ်တယ်။ ဒါပေမယ့် နေအိမ်ပြည်သူတွေရဲ့သဘောတူညီမှုကို ရရှိပြီးတဲ့နောက်မှာ အဲဒီအဆောက်အဦးကိုဖြိုဖျက်ခဲ့ကြတယ်။ အကြောင်းက အဲဒီအဆောက်အဦးအုတ်မြစ်ချထားတဲ့နေရာက Ginkgoသစ်ပင်တစ်ပင်ရဲ့အမြစ်ရှင်သန်မှုကို အဟန့်အတားဖြစ်စေလို့ဖြစ်တယ်။ အဲဒီသစ်ပင်ဟာ အဲဒီနေရာမှာ နှစ်ပေါင်း၈၄ဝကြာ ပေါက်ရောက်နေခဲ့လို့ဖြစ်တယ်။ သူတို့ရဲ့စကားအရပြောရရင် အဆောက်အဦးကိုဖြိုပြီး တခြားနေရာမှာ ထပ်ဆောက်လို့ရနိုင်တယ်။ ဒါပေမယ့် ဒီသစ်ပင်အိုက တစ်သက်မှာတစ်ခါပဲရှင်သန်နိုင်တယ်ဆိုတာပဲဖြစ်တယ်။
ကျွန်တော်တို့က တစ်ခါမှ ငှက်ကလေးတစ်သိုက်၊ ခရုငယ်တချို့နဲ့ သစ်ပင်အိုတစ်ပင်ရဲ့ရှင်သန်မှုကို ကျွန်တော်တို့ရဲ့ရှင်သန်မှုနဲ့ မနှိုင်းယှဉ်ခဲ့ဖူးကြဘူး။ မလေးစားခဲ့ဖူးဘူး။ ဘဝမှာ ကျွန်တော်တို့လူသားတွေဟာ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်လို "တခြားလူ"ကို အပြစ်ရှာ၊ မျက်နှာပြောင်တိုက်၊ တခြားလူရဲ့အသက်ကိုထိခိုက်နဲ့ နောက်ဆုံးမှာ အဲဒီလို အသိမဲ့တဲ့ကျူးလွန်စော်ကားမှုတွေက ကျွန်တော်တို့ကိုယ်တိုင်ကိုလည်း ဒဏ်ရာတွေအထပ်ထပ်ဖြစ်စေခဲ့ပါတယ်။
မူရင်း-- ၂ဝဝ၇ခုနှစ် အမှတ်စဉ် ၁၇ Readers မဂ္ဂဇင်းမှ
မူရင်းရေးသားသူ -- Huang Xing Wang(黄兴旺)
နိုင်းနိုင်းစနေ (April.8.2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။