ဒီကနေ့ သာ ဆုပ်ကိုင်ပါ
+++++++++++++++
ကျွန်တော်တို့ ရဲ့ လက်ရှိအချိန်တွေဟာ အစားထိုးပြန်မရတဲ့ တန်ဖိုးလို့ ပြောလို့ ရပါတယ်။ တစ်နေ့ တာရဲ့ (၃) ပုံ (၁) ပုံဟာ
အိပ်စက်အနားယူခြင်းဖြစ်လျင် ကျန်တဲ့ (၂) ပုံက ပျော်ရွှင်မှုအတွက် အသုံးချခြင်း၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသုံးပြုခြင်း
နှင့် မိမိရဲ့ ဘ၀တိုးတက်ရေးအတွက် အသုံးချခြင်းတွေ လုပ်နေရတယ်။
တစ်နေ့ တာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့ အတူ မိမိရဲ့ အပြုအမှု၊ အပြောအဆိုတွေဟာလည်း ထို့ နေ့ အတွက် ကျန်နေခဲ့
မှာ ဖြစ်တယ်။ မနေ့ က ပြီးခဲ့တာတွေဟာ ဒီကနေ့ မှာ ပြန်တွေးတဲ့အခါ ပီတိအားတွေ ဖြစ်နေဖို့ တော့လိုပါတယ်။ တွေးရမှာ
ကြောက်နေရမယ့် အဖြစ်မျိုးတော့ မဖြစ်သင့်ဘူး။
ဒါကြောင့် ဂရိအတွေးအခေါ်ပညာရှင် ကွင်းတပ်စ်ကိုးရစ်(ဘီစီ-၁၆) က " ဒီကနေ့ ကိုသာ အမိအရ ဆုပ်ကိုင်ပါ။ မနက်ဖန်ဆို
တာကို နည်းနိုင်သမျှ နည်းပါစေ " လို့ ပြောခဲ့တာပေါ့။ အတိတ်ဆိုတာ ပြန်တမ်းတဖွယ် မကောင်းအောင် လုပ်ခဲ့ကြလို့ သာ
အတိတ်က မုန်းတီးဖွယ် ဖြစ်တာပါ။
ဒီကနေ့ ဆိုတဲ့ အချိန်တိုင်းကို အမြဲကောင်းအောင် ဖန်တီးနိုင်မယ်ဆိုရင် မနက်ဖန်အတွက်လည်း အားမွေးရသဖွယ်ဖြစ်သလို၊
မနေ့ က ဆိုတဲ့ အချိန်ဟာလည်း တစိမ့်စိမ့်တွေးပြီး ကြည်နူးဖွယ်တွေ ဖြစ်လာပါလိမ့်မယ်။ ဘ၀ရဲ့ အမှန်တကယ်ဖြတ်သန်းရ
တဲ့ အချိန် (၂) ပုံဟာ အကောင်းဆုံးတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီဖန်တီးမှုကနေ ရလာတဲ့ ပီတိအားအင်တွေဟာ အိပ်
စက်ခြင်းဆိုတဲ့ အချိန် (၁) ပုံကို အစားပြန်ထိုးပေးပါလိမ့်မယ်။
True Man
+++++++++++++++
ကျွန်တော်တို့ ရဲ့ လက်ရှိအချိန်တွေဟာ အစားထိုးပြန်မရတဲ့ တန်ဖိုးလို့ ပြောလို့ ရပါတယ်။ တစ်နေ့ တာရဲ့ (၃) ပုံ (၁) ပုံဟာ
အိပ်စက်အနားယူခြင်းဖြစ်လျင်
နှင့် မိမိရဲ့ ဘ၀တိုးတက်ရေးအတွက် အသုံးချခြင်းတွေ လုပ်နေရတယ်။
တစ်နေ့ တာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့ အတူ မိမိရဲ့ အပြုအမှု၊ အပြောအဆိုတွေဟာလည်း ထို့ နေ့ အတွက် ကျန်နေခဲ့
မှာ ဖြစ်တယ်။ မနေ့ က ပြီးခဲ့တာတွေဟာ ဒီကနေ့ မှာ ပြန်တွေးတဲ့အခါ ပီတိအားတွေ ဖြစ်နေဖို့ တော့လိုပါတယ်။ တွေးရမှာ
ကြောက်နေရမယ့် အဖြစ်မျိုးတော့ မဖြစ်သင့်ဘူး။
ဒါကြောင့် ဂရိအတွေးအခေါ်ပညာရှင် ကွင်းတပ်စ်ကိုးရစ်(ဘီစီ-၁၆)
တာကို နည်းနိုင်သမျှ နည်းပါစေ " လို့ ပြောခဲ့တာပေါ့။ အတိတ်ဆိုတာ ပြန်တမ်းတဖွယ် မကောင်းအောင် လုပ်ခဲ့ကြလို့ သာ
အတိတ်က မုန်းတီးဖွယ် ဖြစ်တာပါ။
ဒီကနေ့ ဆိုတဲ့ အချိန်တိုင်းကို အမြဲကောင်းအောင် ဖန်တီးနိုင်မယ်ဆိုရင် မနက်ဖန်အတွက်လည်း အားမွေးရသဖွယ်ဖြစ်သလို၊
မနေ့ က ဆိုတဲ့ အချိန်ဟာလည်း တစိမ့်စိမ့်တွေးပြီး ကြည်နူးဖွယ်တွေ ဖြစ်လာပါလိမ့်မယ်။ ဘ၀ရဲ့ အမှန်တကယ်ဖြတ်သန်းရ
တဲ့ အချိန် (၂) ပုံဟာ အကောင်းဆုံးတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီဖန်တီးမှုကနေ ရလာတဲ့ ပီတိအားအင်တွေဟာ အိပ်
စက်ခြင်းဆိုတဲ့ အချိန် (၁) ပုံကို အစားပြန်ထိုးပေးပါလိမ့်မယ်။
True Man
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။