ဖယောင်းသစ္စာ
ဆံနွယ်ကိုလေပြေက တိုးဝှေ့နေသဖြင့် ဆံကေသာတို့ ၀ဲပျံနေသည်။ ဆိုင်ကယ်အရှိန်ကြောင့် ကျွန်မနောက် ဘက်လက်ကိုင်တန်းကိုအသာကိုင် ထားမိသည်။ ညနေစောင်းအချိန်ဖြစ်သည့်အပြ င် တောင်ပေါ်မြို့ဖြစ်သော ကြောင့် အေးစက်ခြင်းက အပြည့်။ ဒီနေ့မှ ညနေပိုင်း ခေါင်းလျှော်ထားသဖြင့် ဆံနွယ်များကိုမထုံးမိ။ မင်းခန့် ကျော် ဆိုသော ကျောင်းသားတစ်ယောက်က စာမေးပွဲအပြီး ညစာလိုက်ကျွေးမည်ဆိုသဖြင့် ကျွန်မလိုက်လာ မိခြင်းလည်းဖြစ်သည်။
ခြောက်နာရီမျှသာရှိသေးသဖြင့် ပတ်ဝန်းကျင်မှလည်း အမြင်မတင့်တယ်စရာမရှိ။ ဆိုင်ကယ်က တစ်ဖြေးဖြေးဖြင့် မြန်လာသည်။ ဘေးပတ်ဝန်းကျင်မှ နီယွန်းမီးလုံးများ၏ အလင်းရောင်ကလည်း မှိန်ပျပျလေးပင်ဖြစ်သည်။
“မင်းခန့်ကျော် ဆိုင်ကယ်ကိုဖြေးဖြေးမောင်းပါကွာ။ အစ်မချမ်းနေပြီ”။ ကျွန်မပြောလိုက်မှပင် အရှိန်ကိုပိုမြင့်လိုက် သည်။ လီဘာကို တစ်ချက်ဆွဲတင်လိုက်သည်နှင့် အရှိန်မြင့်သွားသော ဆိုင်ကယ်လေးကရင်ခုန်ခြင်းကိုပေး၏။ တစ်ခါတရံ အကွေ့အကောက်များတွင် မင်းခန့်ကျော်၏ အသားတစ်ချို့နှင့်ထိတွေ့မသွားအောင် ကျွန်မ မနည်း ထိန်းနေရသည်။
မြို့အပြင်ဖက်သို့ ရောက်မှန်းမသိရောက်လာသည်။ မြို့ပြင်ရှိ ဆိုင်တစ်ဆိုင်ဆိုင်ဖြစ်မည်ဟုတွေးပြီး ထူးခြားသော အတွေးတစ်ချို့တော့မဖြစ်မိသေး။ နာရီကိုတစ်ခါပြန်ကြည့်တော့ လက်တံက ခုနှစ်နာရီသို့ညွန်ပြနေပြီ။ ဒါဆို ကျွန်မဆိုင်ကယ်စီးလာတာ တစ်နာရီခန့်ရှိလေပြီ။ ကျွန်မအနည်းငယ် သင်္ကာမကင်းဖြစ်လာသည်။
“ မင်းခန့်ကျော် ဆိုင်ကယ်ကိုရပ်လိုက်စမ်း။ မင်းငါကိုဘယ်ကိုခေါ်လာတာလဲ” ကျွန်မစကားသံကိုကြားသည်နှင့်  မင်းခန့်ကျော်က ဆိုင်ကယ်အရှိန်ကိုလျှော့လို က်သည်။ “အမှန်ပြောရမလား အစ်မ” အရင်က ဆရာမဆိုသည့် အသုံးနှုံးအစား အစ်မဆိုသည့် ၀ိသေသကို ပြောင်းခေါ်လိုက်တာသိသော်လည်း မသိချင်ယောင်ဆောင်လိုက် သည်။ “ မင်းပြောကွာ။ ငါကိုဘယ်ကိုခေါ်လာတာလဲ။ မင်းထမင်းကျွေးမယ်။ တစ်ခါလောက်တော့ လိုက်စား ပေးပါဆိုလို့ ငါလိုက်လာတာနော်။ ခုရပ်ပေး။ ငါကလေးတစ်ယောက်ကို လာကြိုခိုင်းမယ်” ။
ကျွန်မစကားဆုံးသည်နှင့် ဆိုင်ကယ်လီဘာကို မင်းခန့်ကျော် တစ်ချက်ဆွဲလိုက်သည်။ လူရှင်းနေသည့်အပြင် မြို့ အပြင်ဘက်ရောက်နေသဖြင့် ဆိုင်းကယ်ငယ်က သူစေခိုင်းသလို အသုံးတော်ခံနေသည်။ ကျွန်မအနည်းငယ် စိတ်ပူလာသည်။မမှန်ကန်သော အတွေးတစ်ချို့ဖြင့် ကျွန်မအားခေါ်မည်ဆိုလျှင် ကျွန်မဘ၀သွားပြီ။ နောက်ဆုံး စာမေးပွဲပြီးသဖြင့် ဆရာမ ညစာလိုက်ကျွေးမည်ဟု တစာစာတောင်းဆိုခြင်းကြောင့် လိုက်ရောမိခြင်းသည် ခုချိန်တွင် ကျွန်မအတွက်စိုးရိမ်ပူပန်သောစိတ်ကိုဖြစ်နေစေသည်။
“ ဟတ် ဘာတွေအဲလောက်စိတ်ပူနေတာလဲဗျာ။
အစ်မကို ဘာမှမလုပ်ပါဘူး။ အသက်လည်း အရမ်းကြီးကွာ တာလည်းမဟုတ်ဘဲနဲ့ ဘာလို့အဲလောက်မာမာကြီးပြောေ နရတာလဲ။ အသက်လေးနှစ်နှစ်လောက်ကွာတာနဲ့ အဘွားကြီးစတိုင်လုပ်မနေစမ်း ပါနဲ့ဗျာ။ လွတ်လွတ်လပ်လပ် မနဲ့မောင်လေးပေါ့”။ မင်းခန့်ကျော်က ဆိုင်ကယ်ကိုအရှိန် ဖြင့်စီးလျှက့် ရီသဲ့သဲ့စကားကိုဆိုနေသည်။
ဒေါသကထောင်းကနဲ့ထွက်လာသည်။ ကျွန်မသည်သူကိုစာသင်ပေးဖူးသ ည့်ဆရာမတစ်ယောက်ဖြစ်သည့်အပြ င် အသက်အရွယ်အားဖြင့်လည်းကြီးသ ည်။
လေးစားမူမရှိဘဲ လိုရာပြောနေသောစကားများကိုကျွန်မဒီထက်ပိုပြီး သီးခံနိုင်စွမ်းမရှိ။ “ မင်းပါးစပ်ကိုပိတ်ထားစမ်း။ မင်းစော်ကားမော်ကားပြောနေရေ အာင် ငါကမင်းလက်ခုပ်ထဲက မိန်းမမဟုတ်ဘူး” ။ ကျွန်မပြောနေလျှက်ဖြင့် ၀မ်းနည်းလာသည်။ ဒီကောင်လေးစကားတွေ အကြည့်တွေ တစ်ချိန်တစ်ခါကရိသဲ့သဲ့ဖြစ် နေတာကိုသိသော်လည်း ကျွန်မသိချင်ယောင်ဆောင်နေခဲ့ သည်။
ခုချိန်သည် စာမေးပွဲပြီးသည့်နေဖြစ်သလို မင်းခန့်ကျော်၏ နောက်ဆုံးနှစ်လည်းဖြစ်သည်။မိုက်ရူးရဲစွာ တစ်စုံတစ်ခုကိုရူးရူးမူးမူး ဆုံးဖြတ်လိုက်လျှင် နစ်နာရမည်မှာ ကျွန်မပင်အမှန်ဖြစ်လိမ့်မည် ။
ကျွန်မ၀မ်းနည်းစွာ ပင့်သက်တစ်ချက်ကိုရှိုက်လို က်မိသည့် အချိန်တွင် ဆိုင်ကယ်က အိမ်အပုလေးတစ်ခုရှေ့တွင်ရပ် သွားသည်။ ထိုအချိန်မှကျွန်မဟင်းချနိုင်တော့သည်။ ကောင်လေးက သူ၏မိဘအိမ်သို့ထမင်းစားခေါ်ြ ခင်းဖြစ်လိမ့်မည်။ ထိုသို့တွေးမိသည့်အခိုက်၌ မကြာမီအချိန်က ထင်မိသောစိတ်ကူးများကို ပြန်ရှက်မိသည်။ ကျွန်မအနည်းငယ် စိုးရိမ်စိတ်များသွားခြင်းကိုလည်း ပြုံးမိသည်။
ဆိုင်ကယ်သော့ကိုဖြုတ်ပြီး ကောင်လေးက ကျွန်မကိုပုခုံးတစ်ချက်တွန့် ပြပြီး ဘယ်လိုလဲဆိုသည့်သဘောမျိုး မျက်စပစ်ပြသည်။ ကောင်လေး၏ လှောင်ပြုံးတစ်ချို့က ကျွန်မအတွက်ခံရခက်ပေသည်။ လေအရှိန်ဖြင့် ရှုပ်ထွေးနေသော ဆံနွယ်များကိုတစ်ချက်သပ်လို က်သည့်အချိန်တွင် အပင်တစ်ချို့ထက်မှ ကျေးဌက်တို့၏ အော်သံတစ်ချို့တစ်ဝက်ကိုကြားလိုက်ရသည်။ အိမ်ပတ်ပတ်လည်တွင် အပြာရောင်မီးသီများကို လှပစွာထွန်း ထားပြီး အ၀င်လမ်း၏ ဘေးတစ်ဘက်တစ်ချက်တွင် အမျိုးအမည်မသိသော ပန်းပွင့်လေးများကလှပလွန်း နေသည်။
စိတ်နောက်နေရာမှ အနည်းငယ်ကြည်လာသဖြင့် ပန်းတစ်ပွင့်ကိုခပ်ရွရွလေးခူးလိုက်မိသည်။ အစ်မ , လာ အထဲကိုဝင်” ပြောနေလျှက်ဖြင့် တံခါးကိုအသာတွန်းပြီးအထဲကို ၀င်လိုက်သည်။ ကျွန်မခြေလှမ်းတစ်ချို့ အိမ်အတွင်းသို့ဝင်လိုက်သည့် အချိန်တွင် စိမ်းသက်သောအငွေတစ်ချို့တစ် ၀က်ကိုခံစားရပြန်သည်။ ပန်းပင်လေး များကိုတွေ့မြင်ခဲ့သောကြောင့် နူးညံနေသောစိတ်က အရောင်သွေးတစ်မျိုးပြောင်းလာပြန်သည်။ မူမမှန်သော အိမ်ကလေးက ကျွန်မဘ၀ကိုတစ်မျိုးတစ်ဖြုံ ဖစ်စေတော့မည်လား ကျွန်မမသိ။
“ ဘာများထူးဆန်းတာရှိလို့ ဒီလောက်ကြည့်နေရတာလည်းဗျာ။ ကောင်လေးက ကျွန်မကိုမေးသည်နှင့် ကျွန်မ သူ၏မျက်ဝန်းများကိုသေချာကြည့်လိုက်သည်။ မျက်လုံးခြင်းမတွေ့ဆုံမီ အနည်းငယ်တိမ်းရှောင်သွားသည် ။ “ မင်းခန့်ကျော် ဘယ်မှာလည်းမင်းမိဘတွေ။ ငါကိုထမင်းစား ဖိတ်ထားပြီး အိမ်ရှင်တွေ လာမကြိုတာတော့ သိပ်သဘာဝမကျဘူးထင်တယ်”
“ ဒီအိမ်မှာဘယ်သူတွေရှိနေမယ်လို့ထင်နေတာလဲဗျ။ ဒီအိမ်က မေမေအမွေပေးထားတဲ့ ဟော့ဒီက မင်းခန့်ကျော်ရဲ့အိမ်။ ဘယ်သူမှမနေသလို ဘာဧည့်ခံပွဲမှလည်းမရှိဘူးဗျ ။အမှန်တော့ အစ်မကိုဒီကိုခေါ်လာတာ ရည်ရွက်ချက်တစ်ခုဘဲရှိတယ်။ အဲတာဘာလည်းသိလား”။
ကောင်လေးက ကျွန်မကိုမကြည့်ဘဲ ဘောင်းဘီအိပ်နှစ်ဖက်ထဲကိုလက်ဖြင့်စတိုင်ပါပါထည့်ပြီး လမ်းကိုဖြေးဖြေး လေးလျှောက်နေသည်။ ကျွန်မကိုလည်းမကြည့်သလို စကားကိုလည်းအဆုံးသတ်အထိမပြော။
ကျွန်မစိတ်ပူ ပန်လာသည်။ ဒါဆိုဒီအိမ်မှာ ကျွန်မနှင့်မင်းခန့်ကျော်ဆိုသည့် ကောင်လေးနှင့်နှစ်ယောက်ထဲပေါ့။စိတ်လှုပ်ရှား သည့်အရှိန်ကြောင့် ကျွန်မပါးစပ်မှာ “ တောက်” ခေါက်သံတစ်ချက်ထွက်လာသည်။
“ မင်းဘာသဘောနဲ့ငါကို လူသူမနီးတဲ့နေရာကို အကြောင်းပြချက်တွေနဲ့ခေါ်လာတာလည်းမင်းခန့်ကျော်။ ခုပြန် ပို့။ ကျွန်မပြောလိုက်တော့ ကောင်လေးက “ အစ်မကို ပြန်ပို့ဖို့ခေါ်လာတာမှ မဟုတ်တာ။ တမင်ကိုဒီနေ့ဒီအခြေ နေရောက်အောင် ကြံစည်ထားရတာဗျ။ အဲတာဘာလို့လည်းသိလား ။ ထိုသို့ပြောရင်း ကျွန်မ နားသို့ ဟန်ပါပါတစ်လှမ်းခြင်းလျှောက်လာပြန်သည်။
“မင်းငါနားကိုကပ်မလာနဲ့နော် ” ကျွန်မတုန်လုပ်စွာအော်မိတော့  “ဘာမှမလုပ်ပါဘူးဗျာ။ ဘာလို့အဲလောက် ကြောက်နေရတာလဲ။ အရင်လိုမာနကြီးကြီးစကားတွေေ ပြာပါဦး။ ဟဟဟ အမှန်တော့ မိန်းမဆိုတာ အသက်ကြီးတာငယ်တာနဲ့မဆိုင်ဘဲ ယောက်ျားတွေရဲ့ကစားကွက်ကောင်းကောင်းကိုတွန်းလှန်ခွင့်မ ရှိတဲ့ အမျိုးစားတွေဘဲလေ”
ဒီကောင်လေးဘာကိုရည်ရွယ်ပြော နေသည်ကို ကျွန်မကောင်းကောင်းသိသည်။ တစ်ထောင်မျှအကွာအဝေးသို့ရော က်လျှင် ကောင်လေးပါးစပ်မှ လေတစ်ချို့ကိုကျွန်မမျက်နာသို့မုတ်လိုက် သည်။ စိမ်းသက်သောအနံတစ်ချို့က ကျွန်မနာခေါင်းထဲသို့တိုက်ရိုက်ဝင်လာသည်။
ကျွန်မဘာလို့သတိမထားမိလည်းမ သိ။ ကောင်လေးဆိုင်ကယ်ဖြင့်လာခေါ် ကထဲက သောက်ထားခြင်းရှိမရှိကို ကျွန်မဆန်းစစ်ကြည့်သင့်သည်။ ကျွန်မအားနာပြီး လိုက်ရောမိသော ကိစ္စတစ်ခုက ကျွန်မကိုရက်စက်စွာလှောင် ရယ်နေပြီ။ ကျွန်မလက်နှစ်ဘက်ကိုတင်တင်း ဆုတ်ပြီး ဘာကိုမှစိတ်မပူသည့်လေသံဖြင့်  “မင်း ငါကိုပြန်ပို့မလား ငါရဲစခန်းကိုဖုန်းဆက်ရမလားေ ပြာ”။ ကျွန်မပြောသံကိုကြားလိုက်သည်နှင့် ကောင်လေးကခပ်တိုးတိုးလေ ရယ်ပြီး “ဆက်လေ ဒီနေရာမှာ CDMA/ GSM ဘာဖုန်းလိုင်းမှမမိဘူး” ။ ကောင်လေးစကားကြောင့်ကျွန်မ ဖုန်းလေးကို အသာလမ်းကြည့်တော့ No Service ဆိုသည့်စာသားကိုအတိုင်းသားမြင်နေရ သည်။
ကျွန်မ၏ မျှော်လင့်ချက်တစ်ခုတော့သွားပြီ။
ထိုနောက်ဒုတိယမြောက်မျှော်လ င့်ချက်ဖြစ်သည့်ဆိုင်ကယ် ကိုထပ်ကြည့်မိပြန်တော့ ကောင်လေးက တစ်ချက်ကြည့်ပြီး “ဆိုင်ကယ်နဲ့ပြန်ချင်တယ်ဆို ရင်တော့ မတားဘူးနော် ဒီမှာသော့။ အဲ ဆီတော့မရှိဘူး နောက်ရက်မှဟိုကောင်တွေကို လာပို့ခိုင်းရမှာ။ မြို့ထဲကို ရောက်ဖို့က တစ်နာရီဆိုတော့ လေးဆယ့်ငါးမိနစ်လောက်တော့တွ န်းမှရမယ်။ မြို့ပြင်ဆိုတော့ လူလည်းပြတ်တဲ့ အပြင် တစ်ခြားမမြင်နိုင်တဲ့ အန္တရာယ်ကလည်းရှိသေးတယ်။ တော်ကြာ ကျွန်တော်ကခေါ်လာပြီး ဒီတိုင်းအခြေနေ မပြောပြဘဲ ပြန်လွတ်လိုက်တယ်ဆိုရင် ကျွန်တော်မကောင်းဘဲ ဖြစ်နေမှာဆိုးလို” ကောင်လေးက ရေခဲသေတ္တာအတွင်းမှ ပုလင်းတစ်ခုကိုငှဲ့နေရင်း ဆိုင်ကယ်သော့ ကိုကျွန်မထံပစ်ပေးသည်။
ဒီလမ်းခရီးကို ဒီလိုဖြစ်စေရန် သေချာစီစဉ်ထားပုံရသည်။
ကျွန်မတော်တော်ဝမ်းနည်ပြီးစိတ်လုပ်ရှားနေပြီ။ ကောင်လေးက သူငှဲ့နေ့သည့် ထဲမှာ အရည်တစ်ချို့ကိုယူလာပြီး ကျွန်မကိုလာပေးသည်။ “စိတ်အရမ်းလုပ်ရှားနေ ရင်ဒါလေးသောက်လိုက်ပါလား” ဒီလိုအပြုမူမျိုးကိုကျွန်မလုံးဝ ခွင့်မလွတ်နိုင်သော် လည်း ကျွန်မ၏မှားယွင်းမိသော စကားတစ်ခွန်းပေါ်တွင် ကောင်လေးထိုသို့တုံ့ပြန်လာမ ည်ဟု ကျွန်မမမျှော်လင့် ခဲ့ပေ။စကားပြောနေရက် တန်းလန်းဖြင့် ကျွန်မကိုကမ်းပေးသော ၀ိုင်ဟုယူဆရသောခွက်ကိုယူလို က်ပြီး ကျွန်မ တစ်ချက်ထဲမော့ချလိုက်သည်။ ကျွန်မဘ၀သည် ကောင်လေးမင်းခန့်ကျော်ထံတွင် သွန်လိုသွန်မောက်လို မောက်ဘ၀ကို ရောက်ရတော့မည်။ လည်ချောင်းထဲသို့ ပူဆင်းသွားသောအရသာက ကျွန်မရင်ဘတ်နှင့်မှပူ လောင်ခြင်းနှင့်အပြိုင်ဖြစ် နေသည်။
တစ်ခွက်လုံးကိုသောက်ပြီးသည် နှင့် ခုနကငှဲ့ပြီးကျန်နေသော ပုလင်းကို ရေခဲသေတ္တာထဲမှသွားထုတ်လိုက် သည်။ ကျွန်မ၏ အပြုမူများကို ကောင်လေးမင်းခန့်ကျော်က နားမလည်နိုင်စွာကြည့်နေသည့် အချိန်တွင် ကျွန်မပုလင်းတစ်ခုလုံးကို ပါးစပ်တွင်တေ့ပြီးသောက်ချလိုက်သည်။
“ဟာ မ အဲတာဝိုင်အပြင်းတွေ ကျွန်တော်ကစပြီးတိုက်တာကို” ကောင်လေးကျွန်မနားရောက်လာသည့်အချိန် တွင် ပုလင်းထဲရှိဝိုင်များက ကျွန်မ၀မ်းတွင်းသို့ အကုန်ရောက်နေပြီ။
“ငါမင်း ကိုမုန်းတယ် မင်းခန့်ကျော်။ မင်းဟာ အရမ်းအငြိုးကြီးတဲ့ ယောက်ျား”
ဇော်ညီညီ(နေပြည်တော်)
ဆက်လျှက်ဖော်ပြပါမည်။
ဆံနွယ်ကိုလေပြေက တိုးဝှေ့နေသဖြင့် ဆံကေသာတို့ ၀ဲပျံနေသည်။ ဆိုင်ကယ်အရှိန်ကြောင့် ကျွန်မနောက် ဘက်လက်ကိုင်တန်းကိုအသာကိုင်
ခြောက်နာရီမျှသာရှိသေးသဖြင့် ပတ်ဝန်းကျင်မှလည်း အမြင်မတင့်တယ်စရာမရှိ။ ဆိုင်ကယ်က တစ်ဖြေးဖြေးဖြင့် မြန်လာသည်။ ဘေးပတ်ဝန်းကျင်မှ နီယွန်းမီးလုံးများ၏ အလင်းရောင်ကလည်း မှိန်ပျပျလေးပင်ဖြစ်သည်။
“မင်းခန့်ကျော် ဆိုင်ကယ်ကိုဖြေးဖြေးမောင်းပ
မြို့အပြင်ဖက်သို့ ရောက်မှန်းမသိရောက်လာသည်။ မြို့ပြင်ရှိ ဆိုင်တစ်ဆိုင်ဆိုင်ဖြစ်မည်ဟ
“ မင်းခန့်ကျော် ဆိုင်ကယ်ကိုရပ်လိုက်စမ်း။ မင်းငါကိုဘယ်ကိုခေါ်လာတာလဲ” ကျွန်မစကားသံကိုကြားသည်နှင်
ကျွန်မစကားဆုံးသည်နှင့် ဆိုင်ကယ်လီဘာကို မင်းခန့်ကျော် တစ်ချက်ဆွဲလိုက်သည်။ လူရှင်းနေသည့်အပြင် မြို့ အပြင်ဘက်ရောက်နေသဖြင့် ဆိုင်းကယ်ငယ်က သူစေခိုင်းသလို အသုံးတော်ခံနေသည်။ ကျွန်မအနည်းငယ် စိတ်ပူလာသည်။မမှန်ကန်သော အတွေးတစ်ချို့ဖြင့် ကျွန်မအားခေါ်မည်ဆိုလျှင် ကျွန်မဘ၀သွားပြီ။ နောက်ဆုံး စာမေးပွဲပြီးသဖြင့် ဆရာမ ညစာလိုက်ကျွေးမည်ဟု တစာစာတောင်းဆိုခြင်းကြောင့်
“ ဟတ် ဘာတွေအဲလောက်စိတ်ပူနေတာလဲဗျ
အစ်မကို ဘာမှမလုပ်ပါဘူး။ အသက်လည်း အရမ်းကြီးကွာ တာလည်းမဟုတ်ဘဲနဲ့ ဘာလို့အဲလောက်မာမာကြီးပြောေ
ဒေါသကထောင်းကနဲ့ထွက်လာသည်။ ကျွန်မသည်သူကိုစာသင်ပေးဖူးသ
လေးစားမူမရှိဘဲ လိုရာပြောနေသောစကားများကိုက
ခုချိန်သည် စာမေးပွဲပြီးသည့်နေဖြစ်သလို
ကျွန်မ၀မ်းနည်းစွာ ပင့်သက်တစ်ချက်ကိုရှိုက်လို
ဆိုင်ကယ်သော့ကိုဖြုတ်ပြီး ကောင်လေးက ကျွန်မကိုပုခုံးတစ်ချက်တွန်
စိတ်နောက်နေရာမှ အနည်းငယ်ကြည်လာသဖြင့် ပန်းတစ်ပွင့်ကိုခပ်ရွရွလေးခ
“ ဘာများထူးဆန်းတာရှိလို့ ဒီလောက်ကြည့်နေရတာလည်းဗျာ။ ကောင်လေးက ကျွန်မကိုမေးသည်နှင့် ကျွန်မ သူ၏မျက်ဝန်းများကိုသေချာကြည
“ ဒီအိမ်မှာဘယ်သူတွေရှိနေမယ်လ
ကောင်လေးက ကျွန်မကိုမကြည့်ဘဲ ဘောင်းဘီအိပ်နှစ်ဖက်ထဲကိုလက
ကျွန်မစိတ်ပူ ပန်လာသည်။ ဒါဆိုဒီအိမ်မှာ ကျွန်မနှင့်မင်းခန့်ကျော်ဆိ
“ မင်းဘာသဘောနဲ့ငါကို လူသူမနီးတဲ့နေရာကို အကြောင်းပြချက်တွေနဲ့ခေါ်လာတ
“မင်းငါနားကိုကပ်မလာနဲ့နော်
ဒီကောင်လေးဘာကိုရည်ရွယ်ပြော
ကျွန်မဘာလို့သတိမထားမိလည်းမ
ကျွန်မ၏ မျှော်လင့်ချက်တစ်ခုတော့သွာ
ထိုနောက်ဒုတိယမြောက်မျှော်လ
ဒီလမ်းခရီးကို ဒီလိုဖြစ်စေရန် သေချာစီစဉ်ထားပုံရသည်။
ကျွန်မတော်တော်ဝမ်းနည်ပြီးစ
တစ်ခွက်လုံးကိုသောက်ပြီးသည်
“ဟာ မ အဲတာဝိုင်အပြင်းတွေ ကျွန်တော်ကစပြီးတိုက်တာကို”
“ငါမင်း ကိုမုန်းတယ် မင်းခန့်ကျော်။ မင်းဟာ အရမ်းအငြိုးကြီးတဲ့ ယောက်ျား”
ဇော်ညီညီ(နေပြည်တော်)
ဆက်လျှက်ဖော်ပြပါမည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။