ကိုယ်ပိုင်သံစဉ်တွေကို နိုင်ငံခြားထိပြရဲသွားတယ်ဆိုတဲ့ ဟန်ထွန်း
နောက်ဆုံးထွက်ရှိထား သော ‘‘ခေါင်းနဲ့ပန်း’’အခွေအမ်တီ ဗီအတွက် စင်ကာပူနှင့် ဂျပန်နိုင်ငံ တို့တွင် တစ်နိုင်ငံလျှင် နှစ်ပုဒ်စီ သွားရောက်ရိုက်ကူးခဲ့ကြောင်း အဆိုတော်ဟန်ထွန်းက ပြော သည်။
ဂျပန်တွင် ‘‘နင်စိတ်တိုင်း ကျ’’ ‘‘ကန့်သတ်မှု’’ နှစ်ပုဒ်ကို ဂျပန်ရောက် လူငယ်ဒါရိုက်တာ အာကာဟိန်းက ရိုက်ကူးပြီး စင်ကာပူတွင် ‘‘အနားတိုးပါ’’ ၊‘‘နေနိုင်မလား’’ နှစ်ပုဒ်ကို Orange Media မှာ ရိုက်ကူးထားကြောင်း သိရသည်။ ထို့အပြင် တောင်ကြီးနှင့် ရန်ကုန်တွင် ရိုက်ကူးထားပြီး မန္တလေးတွင် ထပ်မံရိုက်ကူးရန်၊ ရိုက်ကွင်းနေရာရှာရန် အစီအစဉ်ရှိကြောင်း ဟန်ထွန်းက ပြော သည်။
ထိုသီချင်းများတွင် ဂျပန်၊ စင်ကာပူနိုင်ငံတို့၌ ကျောင်းတက် နေသော မြန်မာလူငယ်များက သရုပ်ဆောင်ပေးထားကာ ၎င်း ကိုယ်တိုင်လည်း သီချင်းသီဆိုနေ ပုံများကို ရိုက်ကူးခဲ့ပြီး ယင်းအခွေ တွင် ပြည်တွင်းအနုပညာရှင် အနည်းငယ်သာ ပါဝင်မည်ဟု ဟန်ထွန်းကပြောသည်။
‘‘နှင်းတောထဲမှာရိုက်ချင်လို့ ဂျပန်မှာသွားရိုက်လိုက်တာ၊ ရိုက် ပြီးတာတော့ အားလုံးခုနစ်ပုဒ် ပေါ့။ ‘‘ခေါင်းနဲ့ပန်း’’ရယ် နောက် နှစ်ပုဒ်လောက်ကျန်နေသေး တယ်။ သီချင်းတွေက ခပ်အေး အေးဆိုတော့ Storyရိုက်လို့ ကောင်းတယ်ဆိုပြီး ဒါရိုက်တာ တွေက Storyရိုက်တာများတယ်။ တခြားထူးထူးခြားခြားထက် လိုကေးရှင်း(Location)ကိုပဲ မျက်စိဆန်းအောင် ယူထားတယ်’’ဟု ဟန်ထွန်းက ပြောသည်။
‘‘ခေါင်းနဲ့ပန်း’’ စီးရီးကို ၂၀၁၃ နှစ်လယ်ခန့်က ထွက်ရှိထားပြီး အမ်တီဗီကို စက်တင် ဘာ (သို့) အောက်တိုဘာတွင် ထွက်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ သို့သော်လည်း အမ် တီဗီထွက်ရှိလာပါက အခွေပရိုမိုး ရှင်းပွဲပြုလုပ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီအခွေကလေ ကိုယ်ပိုင် သံစဉ်ဖြစ်တဲ့အတွက် တအားကို ဂရုတစိုက်နဲ့ ကြိုးစားထားတယ်။ တော်တော်လေးကို အကောင်း ဆုံးဖြစ်အောင်လုပ်ထားတယ်။ Own Tune မို့ နိုင်ငံခြားထိပြရဲ သွားတယ်လေ’’ဟု ဟန်ထွန်းက ပြောသည်။ သင်္ကြန်ကို မန္တလေးရှိ အယ်လ်ပိုင်းမဏ္ဍပ်တွင် လေးရက် လုံး သီချင်းသီဆိုရင်း ဖြတ်သန်း ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
Credit - #SevenDay
Admin - \J/
Admin - \J/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။