ဖယောင်းသစ္စာ ( အပိုင်း ၁ + ၂ + ၃) အားလုံးတင်ပေးပါလို့ တောင်းဆိုသူတွေအတွက်ပါ။
ဆံနွယ်ကိုလေပြေက တိုးဝှေ့နေသဖြင့် ဆံကေသာတို့ ၀ဲပျံနေသည်။ ဆိုင်ကယ်အရှိန်ကြောင့် ကျွန်မနောက် ဘက်လက်ကိုင်တန်းကိုအသာကိုင်ထားမိသည်။ ညနေစောင်းအချိန်ဖြစ်သည့်အပြင် တောင်ပေါ်မြို့ဖြစ်သော ကြောင့် အေးစက်ခြင်းက အပြည့်။ ဒီနေ့မှ ညနေပိုင်း ခေါင်းလျှော်ထားသဖြင့် ဆံနွယ်များကိုမထုံးမိ။ မင်းခန့် ကျော် ဆိုသော ကျောင်းသားတစ်ယောက်က စာမေးပွဲအပြီး ညစာလိုက်ကျွေးမည်ဆိုသဖြင့် ကျွန်မလိုက်လာ မိခြင်းလည်းဖြစ်သည်။
ခြောက်နာရီမျှသာရှိသေးသဖြင့် ပတ်ဝန်းကျင်မှလည်း အမြင်မတင့်တယ်စရာမရှိ။ ဆိုင်ကယ်က တစ်ဖြေးဖြေးဖြင့် မြန်လာသည်။ ဘေးပတ်ဝန်းကျင်မှ နီယွန်းမီးလုံးများ၏ အလင်းရောင်ကလည်း မှိန်ပျပျလေးပင်ဖြစ်သည်။
“မင်းခန့်ကျော် ဆိုင်ကယ်ကိုဖြေးဖြေးမောင်းပါကွာ။ အစ်မချမ်းနေပြီ”။ ကျွန်မပြောလိုက်မှပင် အရှိန်ကိုပိုမြင့်လိုက် သည်။ လီဘာကို တစ်ချက်ဆွဲတင်လိုက်သည်နှင့် အရှိန်မြင့်သွားသော ဆိုင်ကယ်လေးကရင်ခုန်ခြင်းကိုပေး၏။ တစ်ခါတရံ အကွေ့အကောက်များတွင် မင်းခန့်ကျော်၏ အသားတစ်ချို့နှင့်ထိတွေ့မသွားအောင် ကျွန်မ မနည်း ထိန်းနေရသည်။
မြို့အပြင်ဖက်သို့ ရောက်မှန်းမသိရောက်လာသည်။ မြို့ပြင်ရှိ ဆိုင်တစ်ဆိုင်ဆိုင်ဖြစ်မည်ဟုတွေးပြီး ထူးခြားသော အတွေးတစ်ချို့တော့မဖြစ်မိသေး။ နာရီကိုတစ်ခါပြန်ကြည့်တော့ လက်တံက ခုနှစ်နာရီသို့ညွန်ပြနေပြီ။ ဒါဆို ကျွန်မဆိုင်ကယ်စီးလာတာ တစ်နာရီခန့်ရှိလေပြီ။ ကျွန်မအနည်းငယ် သင်္ကာမကင်းဖြစ်လာသည်။
မြို့အပြင်ဖက်သို့ ရောက်မှန်းမသိရောက်လာသည်။ မြို့ပြင်ရှိ ဆိုင်တစ်ဆိုင်ဆိုင်ဖြစ်မည်ဟုတွေးပြီး ထူးခြားသော အတွေးတစ်ချို့တော့မဖြစ်မိသေး။ နာရီကိုတစ်ခါပြန်ကြည့်တော့ လက်တံက ခုနှစ်နာရီသို့ညွန်ပြနေပြီ။ ဒါဆို ကျွန်မဆိုင်ကယ်စီးလာတာ တစ်နာရီခန့်ရှိလေပြီ။ ကျွန်မအနည်းငယ် သင်္ကာမကင်းဖြစ်လာသည်။
“ မင်းခန့်ကျော် ဆိုင်ကယ်ကိုရပ်လိုက်စမ်း။ မင်းငါကိုဘယ်ကိုခေါ်လာတာလဲ” ကျွန်မစကားသံကိုကြားသည်နှင့် မင်းခန့်ကျော်က ဆိုင်ကယ်အရှိန်ကိုလျှော့လိုက်သည်။ “အမှန်ပြောရမလား အစ်မ” အရင်က ဆရာမဆိုသည့် အသုံးနှုံးအစား အစ်မဆိုသည့် ၀ိသေသကို ပြောင်းခေါ်လိုက်တာသိသော်လည်း မသိချင်ယောင်ဆောင်လိုက် သည်။ “ မင်းပြောကွာ။ ငါကိုဘယ်ကိုခေါ်လာတာလဲ။ မင်းထမင်းကျွေးမယ်။ တစ်ခါလောက်တော့ လိုက်စား ပေးပါဆိုလို့ ငါလိုက်လာတာနော်။ ခုရပ်ပေး။ ငါကလေးတစ်ယောက်ကို လာကြိုခိုင်းမယ်” ။
ကျွန်မစကားဆုံးသည်နှင့် ဆိုင်ကယ်လီဘာကို မင်းခန့်ကျော် တစ်ချက်ဆွဲလိုက်သည်။ လူရှင်းနေသည့်အပြင် မြို့ အပြင်ဘက်ရောက်နေသဖြင့် ဆိုင်းကယ်ငယ်က သူစေခိုင်းသလို အသုံးတော်ခံနေသည်။ ကျွန်မအနည်းငယ် စိတ်ပူလာသည်။မမှန်ကန်သော အတွေးတစ်ချို့ဖြင့် ကျွန်မအားခေါ်မည်ဆိုလျှင် ကျွန်မဘ၀သွားပြီ။ နောက်ဆုံး စာမေးပွဲပြီးသဖြင့် ဆရာမ ညစာလိုက်ကျွေးမည်ဟု တစာစာတောင်းဆိုခြင်းကြောင့် လိုက်ရောမိခြင်းသည် ခုချိန်တွင် ကျွန်မအတွက်စိုးရိမ်ပူပန်သောစိတ်ကိုဖြစ်နေစေသည်။
“ ဟတ် ဘာတွေအဲလောက်စိတ်ပူနေတာလဲဗျာ။
“ ဟတ် ဘာတွေအဲလောက်စိတ်ပူနေတာလဲဗျာ။
အစ်မကို ဘာမှမလုပ်ပါဘူး။ အသက်လည်း အရမ်းကြီးကွာ တာလည်းမဟုတ်ဘဲနဲ့ ဘာလို့အဲလောက်မာမာကြီးပြောနေရတာလဲ။ အသက်လေးနှစ်နှစ်လောက်ကွာတာနဲ့ အဘွားကြီးစတိုင်လုပ်မနေစမ်းပါနဲ့ဗျာ။ လွတ်လွတ်လပ်လပ် မနဲ့မောင်လေးပေါ့”။ မင်းခန့်ကျော်က ဆိုင်ကယ်ကိုအရှိန် ဖြင့်စီးလျှက့် ရီသဲ့သဲ့စကားကိုဆိုနေသည်။
ဒေါသကထောင်းကနဲ့ထွက်လာသည်။ ကျွန်မသည်သူကိုစာသင်ပေးဖူးသည့်ဆရာမတစ်ယောက်ဖြစ်သည့်အပြင် အသက်အရွယ်အားဖြင့်လည်းကြီးသည်။
ဒေါသကထောင်းကနဲ့ထွက်လာသည်။ ကျွန်မသည်သူကိုစာသင်ပေးဖူးသည့်ဆရာမတစ်ယောက်ဖြစ်သည့်အပြင် အသက်အရွယ်အားဖြင့်လည်းကြီးသည်။
လေးစားမူမရှိဘဲ လိုရာပြောနေသောစကားများကိုကျွန်မဒီထက်ပိုပြီး သီးခံနိုင်စွမ်းမရှိ။ “ မင်းပါးစပ်ကိုပိတ်ထားစမ်း။ မင်းစော်ကားမော်ကားပြောနေရအောင် ငါကမင်းလက်ခုပ်ထဲက မိန်းမမဟုတ်ဘူး” ။ ကျွန်မပြောနေလျှက်ဖြင့် ၀မ်းနည်းလာသည်။ ဒီကောင်လေးစကားတွေ အကြည့်တွေ တစ်ချိန်တစ်ခါကရိသဲ့သဲ့ဖြစ်နေတာကိုသိသော်လည်း ကျွန်မသိချင်ယောင်ဆောင်နေခဲ့သည်။
ခုချိန်သည် စာမေးပွဲပြီးသည့်နေဖြစ်သလို မင်းခန့်ကျော်၏ နောက်ဆုံးနှစ်လည်းဖြစ်သည်။မိုက်ရူးရဲစွာ တစ်စုံတစ်ခုကိုရူးရူးမူးမူး ဆုံးဖြတ်လိုက်လျှင် နစ်နာရမည်မှာ ကျွန်မပင်အမှန်ဖြစ်လိမ့်မည်။
ခုချိန်သည် စာမေးပွဲပြီးသည့်နေဖြစ်သလို မင်းခန့်ကျော်၏ နောက်ဆုံးနှစ်လည်းဖြစ်သည်။မိုက်ရူးရဲစွာ တစ်စုံတစ်ခုကိုရူးရူးမူးမူး ဆုံးဖြတ်လိုက်လျှင် နစ်နာရမည်မှာ ကျွန်မပင်အမှန်ဖြစ်လိမ့်မည်။
ကျွန်မ၀မ်းနည်းစွာ ပင့်သက်တစ်ချက်ကိုရှိုက်လိုက်မိသည့် အချိန်တွင် ဆိုင်ကယ်က အိမ်အပုလေးတစ်ခုရှေ့တွင်ရပ်သွားသည်။ ထိုအချိန်မှကျွန်မဟင်းချနိုင်တော့သည်။ ကောင်လေးက သူ၏မိဘအိမ်သို့ထမင်းစားခေါ်ခြင်းဖြစ်လိမ့်မည်။ ထိုသို့တွေးမိသည့်အခိုက်၌ မကြာမီအချိန်က ထင်မိသောစိတ်ကူးများကို ပြန်ရှက်မိသည်။ ကျွန်မအနည်းငယ် စိုးရိမ်စိတ်များသွားခြင်းကိုလည်း ပြုံးမိသည်။
ဆိုင်ကယ်သော့ကိုဖြုတ်ပြီး ကောင်လေးက ကျွန်မကိုပုခုံးတစ်ချက်တွန့်ပြပြီး ဘယ်လိုလဲဆိုသည့်သဘောမျိုး မျက်စပစ်ပြသည်။ ကောင်လေး၏ လှောင်ပြုံးတစ်ချို့က ကျွန်မအတွက်ခံရခက်ပေသည်။ လေအရှိန်ဖြင့် ရှုပ်ထွေးနေသော ဆံနွယ်များကိုတစ်ချက်သပ်လိုက်သည့်အချိန်တွင် အပင်တစ်ချို့ထက်မှ ကျေးဌက်တို့၏ အော်သံတစ်ချို့တစ်ဝက်ကိုကြားလိုက်ရသည်။ အိမ်ပတ်ပတ်လည်တွင် အပြာရောင်မီးသီများကို လှပစွာထွန်း ထားပြီး အ၀င်လမ်း၏ ဘေးတစ်ဘက်တစ်ချက်တွင် အမျိုးအမည်မသိသော ပန်းပွင့်လေးများကလှပလွန်း နေသည်။
စိတ်နောက်နေရာမှ အနည်းငယ်ကြည်လာသဖြင့် ပန်းတစ်ပွင့်ကိုခပ်ရွရွလေးခူးလိုက်မိသည်။ အစ်မ , လာ အထဲကိုဝင်” ပြောနေလျှက်ဖြင့် တံခါးကိုအသာတွန်းပြီးအထဲကိုဝင်လိုက်သည်။ ကျွန်မခြေလှမ်းတစ်ချို့ အိမ်အတွင်းသို့ဝင်လိုက်သည့်အချိန်တွင် စိမ်းသက်သောအငွေတစ်ချို့တစ်ဝက်ကိုခံစားရပြန်သည်။ ပန်းပင်လေး များကိုတွေ့မြင်ခဲ့သောကြောင့် နူးညံနေသောစိတ်က အရောင်သွေးတစ်မျိုးပြောင်းလာပြန်သည်။ မူမမှန်သော အိမ်ကလေးက ကျွန်မဘ၀ကိုတစ်မျိုးတစ်ဖုံဖြစ်စေတော့မည်လား ကျွန်မမသိ။
“ ဘာများထူးဆန်းတာရှိလို့ ဒီလောက်ကြည့်နေရတာလည်းဗျာ။ ကောင်လေးက ကျွန်မကိုမေးသည်နှင့် ကျွန်မ သူ၏မျက်ဝန်းများကိုသေချာကြည့်လိုက်သည်။ မျက်လုံးခြင်းမတွေ့ဆုံမီ အနည်းငယ်တိမ်းရှောင်သွားသည်။ “ မင်းခန့်ကျော် ဘယ်မှာလည်းမင်းမိဘတွေ။ ငါကိုထမင်းစား ဖိတ်ထားပြီး အိမ်ရှင်တွေ လာမကြိုတာတော့ သိပ်သဘာဝမကျဘူးထင်တယ်”
“ ဒီအိမ်မှာဘယ်သူတွေရှိနေမယ်လို့ထင်နေတာလဲဗျ။ ဒီအိမ်က မေမေအမွေပေးထားတဲ့ ဟော့ဒီက မင်းခန့်ကျော်ရဲ့အိမ်။ ဘယ်သူမှမနေသလို ဘာဧည့်ခံပွဲမှလည်းမရှိဘူးဗျ။အမှန်တော့ အစ်မကိုဒီကိုခေါ်လာတာ ရည်ရွက်ချက်တစ်ခုဘဲရှိတယ်။ အဲတာဘာလည်းသိလား”။
ကောင်လေးက ကျွန်မကိုမကြည့်ဘဲ ဘောင်းဘီအိပ်နှစ်ဖက်ထဲကိုလက်ဖြင့်စတိုင်ပါပါထည့်ပြီး လမ်းကိုဖြေးဖြေး လေးလျှောက်နေသည်။ ကျွန်မကိုလည်းမကြည့်သလို စကားကိုလည်းအဆုံးသတ်အထိမပြော။
ကောင်လေးက ကျွန်မကိုမကြည့်ဘဲ ဘောင်းဘီအိပ်နှစ်ဖက်ထဲကိုလက်ဖြင့်စတိုင်ပါပါထည့်ပြီး လမ်းကိုဖြေးဖြေး လေးလျှောက်နေသည်။ ကျွန်မကိုလည်းမကြည့်သလို စကားကိုလည်းအဆုံးသတ်အထိမပြော။
ကျွန်မစိတ်ပူ ပန်လာသည်။ ဒါဆိုဒီအိမ်မှာ ကျွန်မနှင့်မင်းခန့်ကျော်ဆိုသည့် ကောင်လေးနှင့်နှစ်ယောက်ထဲပေါ့။စိတ်လှုပ်ရှား သည့်အရှိန်ကြောင့် ကျွန်မပါးစပ်မှာ “ တောက်” ခေါက်သံတစ်ချက်ထွက်လာသည်။
“ မင်းဘာသဘောနဲ့ငါကို လူသူမနီးတဲ့နေရာကို အကြောင်းပြချက်တွေနဲ့ခေါ်လာတာလည်းမင်းခန့်ကျော်။ ခုပြန် ပို့။ ကျွန်မပြောလိုက်တော့ ကောင်လေးက “ အစ်မကို ပြန်ပို့ဖို့ခေါ်လာတာမှ မဟုတ်တာ။ တမင်ကိုဒီနေ့ဒီအခြေ နေရောက်အောင် ကြံစည်ထားရတာဗျ။ အဲတာဘာလို့လည်းသိလား ။ ထိုသို့ပြောရင်း ကျွန်မ နားသို့ ဟန်ပါပါတစ်လှမ်းခြင်းလျှောက်လာပြန်သည်။
“မင်းငါနားကိုကပ်မလာနဲ့နော်” ကျွန်မတုန်လုပ်စွာအော်မိတော့ “ဘာမှမလုပ်ပါဘူးဗျာ။ ဘာလို့အဲလောက် ကြောက်နေရတာလဲ။ အရင်လိုမာနကြီးကြီးစကားတွေပြောပါဦး။ ဟဟဟ အမှန်တော့ မိန်းမဆိုတာ အသက်ကြီးတာငယ်တာနဲ့မဆိုင်ဘဲ ယောက်ျားတွေရဲ့ကစားကွက်ကောင်းကောင်းကိုတွန်းလှန်ခွင့်မရှိတဲ့ အမျိုးစားတွေဘဲလေ”
ဒီကောင်လေးဘာကိုရည်ရွယ်ပြောနေသည်ကို ကျွန်မကောင်းကောင်းသိသည်။ တစ်ထောင်မျှအကွာအဝေးသို့ရောက်လျှင် ကောင်လေးပါးစပ်မှ လေတစ်ချို့ကိုကျွန်မမျက်နာသို့မုတ်လိုက် သည်။ စိမ်းသက်သောအနံတစ်ချို့က ကျွန်မနာခေါင်းထဲသို့တိုက်ရိုက်ဝင်လာသည်။
ဒီကောင်လေးဘာကိုရည်ရွယ်ပြောနေသည်ကို ကျွန်မကောင်းကောင်းသိသည်။ တစ်ထောင်မျှအကွာအဝေးသို့ရောက်လျှင် ကောင်လေးပါးစပ်မှ လေတစ်ချို့ကိုကျွန်မမျက်နာသို့မုတ်လိုက် သည်။ စိမ်းသက်သောအနံတစ်ချို့က ကျွန်မနာခေါင်းထဲသို့တိုက်ရိုက်ဝင်လာသည်။
ကျွန်မဘာလို့သတိမထားမိလည်းမသိ။ ကောင်လေးဆိုင်ကယ်ဖြင့်လာခေါ်ကထဲက သောက်ထားခြင်းရှိမရှိကို ကျွန်မဆန်းစစ်ကြည့်သင့်သည်။ ကျွန်မအားနာပြီး လိုက်ရောမိသော ကိစ္စတစ်ခုက ကျွန်မကိုရက်စက်စွာလှောင် ရယ်နေပြီ။ ကျွန်မလက်နှစ်ဘက်ကိုတင်တင်းဆုတ်ပြီး ဘာကိုမှစိတ်မပူသည့်လေသံဖြင့် “မင်း ငါကိုပြန်ပို့မလား ငါရဲစခန်းကိုဖုန်းဆက်ရမလားပြော”။ ကျွန်မပြောသံကိုကြားလိုက်သည်နှင့် ကောင်လေးကခပ်တိုးတိုးလေ ရယ်ပြီး “ဆက်လေ ဒီနေရာမှာ CDMA/GSM ဘာဖုန်းလိုင်းမှမမိဘူး” ။ ကောင်လေးစကားကြောင့်ကျွန်မ ဖုန်းလေးကို အသာလမ်းကြည့်တော့ No Service ဆိုသည့်စာသားကိုအတိုင်းသားမြင်နေရသည်။
ကျွန်မ၏ မျှော်လင့်ချက်တစ်ခုတော့သွားပြီ။
ကျွန်မ၏ မျှော်လင့်ချက်တစ်ခုတော့သွားပြီ။
ထိုနောက်ဒုတိယမြောက်မျှော်လင့်ချက်ဖြစ်သည့်ဆိုင်ကယ် ကိုထပ်ကြည့်မိပြန်တော့ ကောင်လေးက တစ်ချက်ကြည့်ပြီး “ဆိုင်ကယ်နဲ့ပြန်ချင်တယ်ဆိုရင်တော့ မတားဘူးနော် ဒီမှာသော့။ အဲ ဆီတော့မရှိဘူး နောက်ရက်မှဟိုကောင်တွေကို လာပို့ခိုင်းရမှာ။ မြို့ထဲကို ရောက်ဖို့က တစ်နာရီဆိုတော့ လေးဆယ့်ငါးမိနစ်လောက်တော့တွန်းမှရမယ်။ မြို့ပြင်ဆိုတော့ လူလည်းပြတ်တဲ့ အပြင် တစ်ခြားမမြင်နိုင်တဲ့ အန္တရာယ်ကလည်းရှိသေးတယ်။ တော်ကြာ ကျွန်တော်ကခေါ်လာပြီး ဒီတိုင်းအခြေနေ မပြောပြဘဲ ပြန်လွတ်လိုက်တယ်ဆိုရင် ကျွန်တော်မကောင်းဘဲ ဖြစ်နေမှာဆိုးလို” ကောင်လေးက ရေခဲသေတ္တာအတွင်းမှ ပုလင်းတစ်ခုကိုငှဲ့နေရင်း ဆိုင်ကယ်သော့ ကိုကျွန်မထံပစ်ပေးသည်။
ဒီလမ်းခရီးကို ဒီလိုဖြစ်စေရန် သေချာစီစဉ်ထားပုံရသည်။
ဒီလမ်းခရီးကို ဒီလိုဖြစ်စေရန် သေချာစီစဉ်ထားပုံရသည်။
ကျွန်မတော်တော်ဝမ်းနည်ပြီးစိတ်လုပ်ရှားနေပြီ။ ကောင်လေးက သူငှဲ့နေ့သည့် ထဲမှာ အရည်တစ်ချို့ကိုယူလာပြီး ကျွန်မကိုလာပေးသည်။ “စိတ်အရမ်းလုပ်ရှားနေ ရင်ဒါလေးသောက်လိုက်ပါလား” ဒီလိုအပြုမူမျိုးကိုကျွန်မလုံးဝ ခွင့်မလွတ်နိုင်သော် လည်း ကျွန်မ၏မှားယွင်းမိသော စကားတစ်ခွန်းပေါ်တွင် ကောင်လေးထိုသို့တုံ့ပြန်လာမည်ဟု ကျွန်မမမျှော်လင့် ခဲ့ပေ။စကားပြောနေရက် တန်းလန်းဖြင့် ကျွန်မကိုကမ်းပေးသော ၀ိုင်ဟုယူဆရသောခွက်ကိုယူလိုက်ပြီး ကျွန်မ တစ်ချက်ထဲမော့ချလိုက်သည်။ ကျွန်မဘ၀သည် ကောင်လေးမင်းခန့်ကျော်ထံတွင် သွန်လိုသွန်မောက်လို မောက်ဘ၀ကို ရောက်ရတော့မည်။ လည်ချောင်းထဲသို့ ပူဆင်းသွားသောအရသာက ကျွန်မရင်ဘတ်နှင့်မှပူ လောင်ခြင်းနှင့်အပြိုင်ဖြစ်နေသည်။
တစ်ခွက်လုံးကိုသောက်ပြီးသည်နှင့် ခုနကငှဲ့ပြီးကျန်နေသော ပုလင်းကို ရေခဲသေတ္တာထဲမှသွားထုတ်လိုက် သည်။ ကျွန်မ၏ အပြုမူများကို ကောင်လေးမင်းခန့်ကျော်က နားမလည်နိုင်စွာကြည့်နေသည့် အချိန်တွင် ကျွန်မပုလင်းတစ်ခုလုံးကို ပါးစပ်တွင်တေ့ပြီးသောက်ချလိုက်သည်။
“ဟာ မ အဲတာဝိုင်အပြင်းတွေ ကျွန်တော်ကစပြီးတိုက်တာကို” ကောင်လေးကျွန်မနားရောက်လာသည့်အချိန် တွင် ပုလင်းထဲရှိဝိုင်များက ကျွန်မ၀မ်းတွင်းသို့ အကုန်ရောက်နေပြီ။
“ငါမင်း ကိုမုန်းတယ် မင်းခန့်ကျော်။ မင်းဟာ အရမ်းအငြိုးကြီးတဲ့ ယောက်ျား”
ဖယောင်းသစ္စာ အပိုင်း(၂)
ကျွန်မမည်မျှသောက်မိသွားသည်မသိ။ မနက်လင်းတော့ ခေါင်းတစ်ခုလုံးထုံနေသည်။ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ ကျွန်မနှင့်လုံးဝစိမ်းသက်သော အခန်းအပြင်အဆင်ကိုသိခွင့်ရလိုက်ပြန်သည်။ မနေ့က အဖြစ်အပျက်တွေက မျက်စိထဲတွင် တရိပ်ရိပ်ပေါ်လာသည်။ ကျွန်မအလန့်တကြား ကိုယ်ခန္ဓာအနှံကိုပြန်ကြည့် မိသည်။ အရာအားလုံးက မနေ့ညကအတိုင်းမို့ တော်သေးသည်။ အမှန်အတိုင်းဝန်ခံရလျှင် မနေ့ညကသောက် သည့်ဝိုင်အရှိန်ကြောင့် မည်သည့်အကြောင်းအရာကိုမှ မမှတ်မိတော့။
ယောက်ျားတစ်ယောက်၏ အိမ်ထောင်ပြုခြင်းသည် မြတ်နိးမူဖြင့်စတင်နိုင်သကဲ့သို့ အငြိုးတစ်ခုဖြင့် အစပြုတတ်ကြောင်းကို သိလိုက်သောအချိန်တွင် ကျွန်မအနည်းငယ် စိုးရွံမိနေပြီဖြစ်သည်။ ဘ၀တစ်ခုလုံး သူလက်ထဲမှ အရုပ်တစ်ခုလို ကျဆုံးနေချိန် တွင် အားကိုးစရာမရှိသော စိတ်သည်များစွာပင်းပန်ကြောင်း ကျွန်မသိပြီ။ ထိုသို့ဖြင့် အချစ် ရှိမည် မရှိမည်မသေချာသော အိမ်ထောင်မူ၏ အစသည်ကျွန်မဘ၀ထဲသို့ ခပ်ဖွဖွ ခြေလှမ်းများဖြင့် ရိုးသားခြင်းကင်းမဲ့စွာ ၀င်ရောက်လာသည်။
“တီတီ” ဆိုသည့်အသံကြားလိုက်သောကြောင့် အိပ်ယာဘေးကိုပြန်ကြည့်လိုက်သည်။ ကျွန်မ၏ ဖုန်း မဟုတ်သော အခြားဖုန်းတစ်လုံးမှအသံမြည်နေခြင်းဖြစ်သည်။ ဖုန်းကိုအသာလေးကိုင်လိုက်သည့် အချိန်တွင်
“ သမီး အဆင်ပြေလား။ အန်တီက မင်းခန့်ကျော် မေမေပါ။ အန်တီက စိတ်ပူနေတာ။ သားငယ်က တဇွတ်ထိုးဘယ်လိုမှ ပြောလို့မရဘူး။ ဘာမှစိတ်မပူနဲ့နော်အန်တီ အားလုံးအဆင်ပြေအောင် လုပ်ပေးမှာ။ သမီးဖေဖေနဲမေမေကိုလည်း အန်တီခုတွေ့ပြီးပြန်လာတာ။”
ကျွန်မဘာပြောလို့ပြောရမည်မသိ။ ကောင်လေးက သူမိဘတွေအသိပေးပြီးပြီ ထင်သည်။ ကျွန်မဘယ် လိုမှမတတ်နိုင်။ ခုချိန်မေမေတို့ဘယ်လောက်များစိတ်ပူပန်ပြီး ဒေါသထွက်နေလောက်ပြီ။
“ဟုတ် အန်တီ” ဟုပြောထွက်မိသည်စကားသံအချို့က ရှိုက်သံဖြင့်ဖြစ်နေသည်။ ကျွန်မကြောင့် မေမေတို့ မျက်နာငယ်ရပြီ။ “ သမီးမငိုနဲ့လေ ငိုစရာမှမဟုတ်တာ။ အန်တီသားကိစ္စအတွက် အန်တီအားလုံးတာဝန်ယူမှာပါ ။ သမီးမေမေကိုလည်း အန်တီသေချာပြောထားတယ်။ သားကိုက ဇွတ်လုပ်လို့ပါသမီးရယ်။ စိတ်ကိုအေးအေး ထားနော်”။ ကောင်လေး မေမေက စိတ်မပူဖို့ပြောပြီး ဖုန်းချသွားသည်။
သက်ပြင်းတစ်ခုကိုဖွဖွချပြီး အရာအားလုံးကိုရင်ဆိုင်နိုင်ရန်တွေးလိုက်သည်။ မနေ့ညက ၀ိုင်အနံတွေက အကျီမှာ ပေနေသဖြင့် ရေချိုးရန်ဆုံးဖြတ်လိုက်သည်။ အခန်းကိုတစ်ချက်ဝှေ့ကြည့်တော့ အိပ်ခန်းဘေးတွင် ရေချိုးခန်းနှင့်အိမ်သာကတွဲလျှက်။ ဟူးးးးးကြည်ကြည်ဖြူဖြူ ခိုးရာလိုက်ခဲ့ခြင်းမဟုတ်သဖြင့် အ၀တ်အစားများကို လည်းထည့်မလာမိ။ ရေချိုးမည်ဆိုမှ အ၀တ်ကိစ္စကိုသတိရမိသည်။
ကုတင်ဘေးတွင် ဘီရိုတစ်လုံးတွေ့သဖြင့် အသာဖွင့်ကြည့်လိုက်သည်။ အိုးမိုင်ဂေါ့ အ၀တ်တွေအများ ကြီးတွေ့လိုက်သည်။ သူမေမေ၏ အ၀တ်များဟုထင်သဖြင့် ကျွန်မအသာလေးကိုင်ယူကြည့်တော့မဟုတ်။ ရေ ချိုးပြီးသည့် အချိန်တွင် ထိုထဲမှ အ၀တ်တစ်ချို့ကိုယူပြီးဝတ်ကြည့်သည်။ ကျွန်မ၏ ကိုယ်တိုင်းအား ယူပြီးချုပ် ထားသည့်အတိုင်း ကွက်တိ။ ဒီကိစ္စတွင် ကျွန်မမသိအောင် ကူညီနေသည့် အတွင်းလူတစ်ယောက်ပါနေပြီ။
ဘယ်သူကများ ကောင်လေးကိုမြှောက်ထိုးပင့်ကော်လုပ်ပြီး ဒီလိုအကြံညဏ်တွေပေးလိုက်သည်မသိ။
အ၀တ်တစ်ထည်ကိုယူဝတ်ပြီး အပြင်ကိုထွက်တော့ ဘောင်းဘီတိုတို အကျီစွတ်ကျယ်တစ်ထည်ဖြင့် ထမင်းစားပွဲတွင် ထိုင်နေသော မင်းခန့်ကျော်ကိုတွေ့လိုက်ရသည်။ ကောင်လေးကိုတွေ့လိုက်သည်နှင့် မျက်နာက အလိုလိုတင်းထားပြီးသားဖြစ်နေ၏။
အ၀တ်တစ်ထည်ကိုယူဝတ်ပြီး အပြင်ကိုထွက်တော့ ဘောင်းဘီတိုတို အကျီစွတ်ကျယ်တစ်ထည်ဖြင့် ထမင်းစားပွဲတွင် ထိုင်နေသော မင်းခန့်ကျော်ကိုတွေ့လိုက်ရသည်။ ကောင်လေးကိုတွေ့လိုက်သည်နှင့် မျက်နာက အလိုလိုတင်းထားပြီးသားဖြစ်နေ၏။
ကျွန်မထွက်လာသည်ကိုမြင်သည်နှင့်ကောင်လေးက ပြုံးပြပြီး “ မနိုးပြီးလား။ ဟီးးး ကျွန်တော်ခေါက်ဆွဲ ပြုတ်ထားတယ်။ မ မနက်ထရင်စားရအောင်လို့” ကျွန်မသူပြောသည့်စကားကို ဂရုမစိုက်ဟန်ဖြင့် “ မင်းမေမေ ဆီကဖုန်းလာတယ်။ မင်းပြောတော့ဖုန်းလိုင်းမမိဘူးဆို”။
ကျွန်မပြောလိုက်သည်နှင့် ကောင်လေးက “ ဟုတ်တယ်လေ။ GSM/CDMA 800 မမိတာ။ 450 တွေမိ တယ်လေ။ အဲတာကြောင့်ညတုန်းက ဖုန်းတစ်လုံးလာထားထားပေးတာ။ ညက မေမေကိုဖုန်းဆက်ပြီးပြောပြ တော့ သူမနက်ကို မ ဆီဖုန်းဆက်မယ်ဆိုလို့”။ “ တော်တော်ကို အကွက်ချတတ်နေတယ်ပေါ့လေ”။ ကျွန်မ မျက်စောင်းတစ်ချက်ထိုးပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
စားပွဲပေါ်မှ ခေါက်ဆွဲနံကိုရလိုက်သည်နှင့် ညကဘာမှစားမထားသည့် အရှိန်ကြောင့် ဗိုက်ကဟာကနဲ။ ခေါက်ဆွဲကို ပါးစပ်ထဲအနည်းငယ်ထည့်လိုက်သည်။ ကောင်လေးက သူပြုတ်ထားသည့်ခေါက်ဆွဲကို ကြည်ကြည် ဖြူဖြူစားသဖြင့် သဘောကျနေပုံရပြီး ကျွန်မကို အပြုံးချိုချိုဖြင့်ကြည့်နေသည်။ လူကဗိုက်ကလည်းဆာ ခေါက်ဆွဲကလည်းစားလို့ကောင်းသဖြင့် ကောင်လေးကိုရန်ထောင်မလုပ်မိ။
“ မ ခေါက်ဆွဲစားနေတာ အရမ်းချစ်ဖို့ကောင်းတာပဲဗျာ။ မောင်ပြုတ်ကျွေးလို့ ဒီလောက်စားကောင်းတာ ပေါ့ဟုတ်လား မ” ပြောင်းလဲလာသော စကားအသုံးနှုန်းက ကျွန်မရင်ကိုအနည်းငယ်လှုပ်ရှားစေတာတော့ဝန်ခံပါ သည်။ အရင်က ကျွန်မကို အစ်မ သိုမဟုတ် ဆရာမဟုသုံးနှုန်းသောစကားလုံးများအစား ယခုအခါတွင် မနှင့် မောင်ကို ပါးစပ်ဖျားကမချ။ ခေါက်ဆွဲစားပြီနောက် ကောင်လေးကို မျက်စောင်းတစ်ချက်ထိုးပြီး အိပ်ခန်းတွင်းသို့ ပြန်ဝင်လာခဲ့သည်။
အမြင်ကပ်သဖြင့် ထမင်းစားပြီးသားပန်းကန်ကိုမဆေးဘဲ အိပ်ခန်းသို့ဝင်ခဲ့သော်လည်း အနည်းငယ်နေရ ခက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုယောက်ျားတစ်ယောက်ဖြင့် တစ်မိုးအောက်တွင် အတူတူနေထိုင်ပြီး သည့်အချိန်တွင် မည်မျှသန့်စင်ပါသည်ဟု ပြောစေကာမူ ပတ်ဝန်းကျင်မှယုံကြည်ကြမည်မဟုတ်။ ထိုအပြင် ကောင်လေးမေမေက အိမ်ကိုသွားတွေ့ထားပြီးပြီ။ ထိုကြောင့်ကျွန်မကိုစိတ်မပူဖို့ပြောထားသော်လည်း မေမေကို လိပ်ပြာမလုံ။
“တဇွတ်ထိုးပါလားမင်းခန့်ကျော်ရယ် မင်းကြောင့်ငါသိက္ခာတွေရစရာမရှိတော့ဘူး” တိုးတိုးလေးရေ ရွတ်ပြီး ကုတင်ပေါ်လဲအိပ်လိုက်သည့်အချိန်တွင် ဒုတိယမိဖုန်းသံက “တီတီတီ” ဖြင့်ထမြည်ပြန်သည်။ ဖုန်းနံ ပတ်ကိုကြည့်လိုက်တော့ အိမ်မှမေမေဖုန်းဆက်နေပြီ။ ကျွန်မဘယ်လိုဖြေရမည်မှန်းမသိဖြစ်နေပြီ။ မကိုင်ပဲထား လိုက်လို့လည်းမဖြစ်နိုင်။ကျွန်မစိတ်လုပ်ရှားစွာ ဖုန်းပြောရန် ဖုန်းကိုအသာလေးကိုင်လိုက်သည့အချိန်တွင် ဖုန်းကကျသွားသည်။
ထိုအချိန်တွင် တံခါးလော့ချသံကိုကြားလိုက်သဖြင့် ကျွန်မတံခါးကိုကြည့်လိုက်တော့ ကောင်လေးက ဖုန်းတစ်လုံးကိုင်ပြီး အခန်းထဲကိုဝင်လာသည်။ “ မ ဖုန်းလာနေတယ် မမေမေက မနဲ့ပြောချင်လို့တဲ့” ဖုန်းကိုပေး ပြီး မပြန်ဘဲ ကျွန်မကုတင်ပေါ်တွင်လာထိုင်သည်။ “ ထားခဲ့ ပြန်ခေါ်လိုက်မယ်။ ငါကိုလည်းခေါ်တယ်။ ကျသွားတာ ပြန်ခေါ်တော့မရလို့” “ ဟဟ သေချာလို့လားမရာ ရင်တွေခုန်ပြီး မပြောနိုင်တာတော့မဟုတ်ပါဘူး နော်။ အဲလောက်လည်းစိတ်မပူပါနဲ့ မေမေသွားပြောထားပြီးပါပြီ အန်တီနဲ့ အန်ကယ်ကို” ကောင်လေးက မျက်နာမချိုမချဉ် ကျွန်မကိုပြောပြန်သည်။ “ အင်းပေါ့ကွာ မင်းကအနိုင်ရတဲ့သူကို ပျော်နိုင်ပြုံးနိုင်တာပေါ့။ ငါမှာ သာ” ပြောရင်းဖြင့် မျက်ရည်များကထွက်လာပြန်သည်။
“ဟာ မငိုနဲ့လေဒီမှာ ဖုန်းပြန်ခေါ်အုံးမေမေကို” “ဘာမေမေလည်း မင်းနဲ့ငါနဲ့ ဘာမှမဆိုင်သေးဘူး။ ငါ့မေမေကို နင် မေမေလို့ ခေါ်စရာ မလိုသေးဘူးမင်းခန့်ကျော်။ မင်းဟာတော်တော် မာယာများတဲ့ ယောက်ျားပဲ”။ ကျွန်မ ကောင်လေးကိုပြောပြီး သူထံမှဖုန်းကိုလှမ်းယူလိုက်သည်။
“ဟာ မငိုနဲ့လေဒီမှာ ဖုန်းပြန်ခေါ်အုံးမေမေကို” “ဘာမေမေလည်း မင်းနဲ့ငါနဲ့ ဘာမှမဆိုင်သေးဘူး။ ငါ့မေမေကို နင် မေမေလို့ ခေါ်စရာ မလိုသေးဘူးမင်းခန့်ကျော်။ မင်းဟာတော်တော် မာယာများတဲ့ ယောက်ျားပဲ”။ ကျွန်မ ကောင်လေးကိုပြောပြီး သူထံမှဖုန်းကိုလှမ်းယူလိုက်သည်။
“ဟယ်လို သမီးအဆင်ပြေလား။ သမီးချစ်သူရဲ့ကောင်လေးမေမေလာသွားတယ်သမီးရ။ တော်သေးတယ် သမီးဖေဖေနဲ့ ကောင်လေးဖေဖေက နိုင်ငံခြားပညာတော်သင်ကာလတုန်းက တူတူအိပ်တူတူစား သူငယ်ချင်းတွေမို့လို့။ သမီးချစ်သူက နှလုံးအထူးကုဆရာဝန်ကြီးသားလေ။ သမီးဖေဖေနဲ့သူငယ်ချင်းတွေ။ ဆူလည်းမဆူတော့ပါဘူးသမီးရယ်။ သမီးကောင်လေးက တဇွတ်ထိုးလုပ်သွားတာကို သူမေမေက သေချာပြောသွားတယ်။ ဆရာဝန်ကြီးကလည်း သူသားအမှားလုပ်ထားတာဆိုတော့ မျက်နှာကိုအောက်ချပြီး သမီးဖေဖေကိုတောင်းပန်သွားတယ်။ သမီးဖေဖေကတောင် ဆရာကြီးကိုအားနာနေတာ။ကောင်းကောင်းနေနော် ခုသမီးက အပျိုမ ဟုတ်တော့ဘူး”။
“ အား…မေမေကလည်း လုပ်ပြီ။ သမီးစိတ်ညစ်နေတာကို” ထိုအချိန်တွင် ဖုန်းကိုဆက်ကနဲဆွဲယူ ခံလိုက်၇သည်။ “ကျွန်တော်မင်းခန့်ကျော်ပါ။ ကျွန်တော်လည်းတောင်းပန်ပါတယ်အန်တီ”။ “အေးပါသားရယ် အန်တီနားလည်ပါတယ်။ သမီးကိုသာစိတ်ချမ်းသာအောင်ထား။ ဘာပဲဖြစ်ဖြစ် သားဖေဖေမျက်နာကလဲရှိသေး တယ်လေကွယ်။ မနက်ကပဲ သားဖေဖေနဲ့ မေမေလာသွားတယ်” “ ဟုတ်မေမေဖုန်းဆက်ပါတယ်”။
“သြော် ခင်ခင် ဆက်ပြီးပြီးပေါ့”။ “ ဟုတ်ကဲ့” “ ဒါပဲနော်သားဒါဆို သမီးကိုဂရုစိုက် သူကလည်းသား လိုဘဲ နည်းနည်းဆိုးတယ်” မ မေမေက သူသမီးကိုဆိုးသည်ဟုပြောပြီးဖုန်းကို ချသွားလေသည်။ “ ကဲ မ ဘယ် လိုလုပ်မလည်း မ မေမေကလဲ သူ့သမီးကိုဆိုးတယ်တဲ့ နိုင်အောင်ထိန်းတဲ့” မင်းခန့်ကျော်က ပြောလျှက်ဖြင့်ကျွန်မ ဘက်သို့မျက်နာလှည့်လာသည်။
“ကဲမင်းထွက်သွားလို့ရပြီ” လို့ကျွန်မပြောလိုက်တော့ “ဒီအခန်းထဲဝင်လာတာ ထွက်သွားဖို့မှမဟုတ်တာကို ဗျာ။ မ ကိုချစ်လွန်းလို့အရယူခဲ့တာနော်။ သနားလို့ ဟွန့်”။ ကောင်လေးက စကားပြောလျှက်ဖြင့် ကျွန်မနားကို နီးသထက်နီးအောင်ကပ်လာသည်။ သူမျက်ဝန်းတွင် ကြောင်တစ်ကောင်က ကြွက်ကလေးအား ချစ်သည့်ဟု ပြောပြီးစနေသည့် အရိပ်အယောင်များတွေ့နေရသည်ဟု ကျွန်မထင်မိသည်။
“မင်းကို အထင်မသေးချင်ဘူးနော်။
“မင်းကို အထင်မသေးချင်ဘူးနော်။
ငါအေးဆေးပြောနေတုန်းထွက်သွားပါ။ ဘာလို့သူတစ်ပါးမကြည်ဖြူ တဲ့အရာ ကိုအတင်းလိုချင်နေရတာလည်း။ မင်းနဲ့ငါနဲ့က ချစ်သူတွေလည်းမဟုတ်ဘူး။ အဲ့တော့ အပြင်ပြန်ထွက်ပါ” ကျွန်မပြောလိုက်မှပိုဆိုးသွားသည်။ ယောက်ျားမာနကိုသွားထိသည့်စကားဖြစ်မှန်း ကျွန်မပြောပြီးမှသိသည်။
“ဟ ချစ်လို့လည်း ဒီလောက်အလိုလိုက်ထားတာပေါ့။
“ဟ ချစ်လို့လည်း ဒီလောက်အလိုလိုက်ထားတာပေါ့။
ကျွန်တော်အတွက်မိန်းမမရှားဘူးဗျ။ ခုလိုမာန ကြီးကြီးစကားတွေပြောတဲ့သူကိုမှ ပိုပြီး” ကောင်လေးက စကားကိုတစ်ဝက်သာပြောပြီးရပ်သွားသည်။ ထိုနောက်သူမျက်နာတွင် လွန်ခဲ့သောတစ်ချိန်က ပြသ၁နာတစ်ခုကြောင့် ကျွန်မအား ခပ်ရင့်ရင့်ပြုံးပြသွားသော အပြုံးတစ်ခုနှင့်ဆင်တူစွာပြုံးသည်။ ထိုအပြုံးကိုမြင်လျှင် ကျွန်မကြောက်သည်။ ကောင်လေးက ပုခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ပြီး ကျွန်မဘက်သို့စူးစိုက်စွာကြည့်သည်။
ကျွန်မအနည်းငယ် ထိတ်လန့်လာပြီး ကောင်လေးကိုကုတင်ပေါ်မှတွန်းချလိုက်သည်။တွန်းလိုက်သည့် အရှိန်ဖြင့် ကုတင်ဘေးမှစားပွဲစွန်းဖြင့်ဆောင့်မိသံက ခပ်အုပ်အုပ်ထွက်လာသည်။ ကောင်လေးက မျက်နာတစ် ခြမ်းကိုလက်ဖြင့်အုပ်ပြီး ကျွန်မကိုစူးစိုက်စွာကြည့်သည်။ ကောင်လေး၏ လက်ကြားမှ နီရဲနေသောသွေးတစ်ချို့ ကကြမ်းပြင်ထက်သို့တစ်စက်ချင်းကျနေသည်။
“ မကိုဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူး”
ဖယောင်းသစ္စာ (အပိုင်း ၃ ဇတ်သိမ်းပိုင်း)
“ မကိုဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူး”
“ မကိုဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူး”
ကောင်လေးပြောသွားသည့် စကားကိုကျွန်မအဲလောက်မအံသြမိ။ ကျွန်မစိတ်လုပ်ရှားပြီး ကြောက်ရွံ့မိ တာတစ်ခုဘဲရှိသည်။ အဲအရာကတော့ ဒီစကားကိုပြောသွားသည့် အချိန်တုန်းက ကျွန်မကိုကြည့်သွားသည့် ခပ်မဲ့မဲ့ အပြုံးတစ်ခုကိုဘဲ။ ကျွန်မအရမ်းကြောက်သည်။ ဒီအပြုံးက ကျွန်မဘ၀တစ်ခုလုံးကို ဂျွမ်းပြန်သွားနိုင် သော အစွမ်းရှိနေသည်ကို ကျွန်မအလိုလိုသိနေသည်။
ကောင်လေးမင်းခန့်ကျော်၏ ထိုအပြုံးကိုကျွန်မလွန်ခဲ့သော အချိန်တစ်ခုမှာကြုံဖူးသည်။ အမှတ်သည်း ခြေကြီးပြီး သွေးအေးရက်စက်တတ်သောအပြုံး။
ကောင်လေးမင်းခန့်ကျော်၏ ထိုအပြုံးကိုကျွန်မလွန်ခဲ့သော အချိန်တစ်ခုမှာကြုံဖူးသည်။ အမှတ်သည်း ခြေကြီးပြီး သွေးအေးရက်စက်တတ်သောအပြုံး။
ကျွန်မခုလို ကိစ္စတွေဖြစ်ပေါ်လာနေခြင်းကလည်း ထိုနေ့၏ နောက်ဆက်တွဲပင်ဖြစ်လိမ့်မည်။ အငြိုးတစ်ခုဖြင့် ကျွန်မ၏ မာနကိုချိုးသောအားဖြင့် ချစ်ဟန်ဆောင်ခြင်းဟုလည်းကျွန်မထင်သည်။ အတိတ်၏ အရိပ်တစ်ချို့မှ အဖြစ်အပျက်က ကျွန်မ၏ မျက်လုံးအိမ်ထဲကို တဖြေးဖြေး ချင်းပြန်မြင်ယောင်လာပြန်သည်။ ထိုအချိန်ကလည်း ကျွန်မသူ့ကို ကြောက်စိတ်တစ်ဝက်ဖြစ်လာအောင် သူပြုလုပ်ဖူးသည်။
ကျွန်မသင်ခန်းစာတစ်ခုကိုစိတ်ပါလက်ပါသင်နေစဉ် အသံတစ်ချို့ကြောင့်နောက်လှည့်ကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်တို့၏ ရုန်းကန်ငြင်းခုန်နေကြသည့်အသံ။ ထိုစဉ်ကထဲက ကောင်လေးကိုသတိထားမိတာလည်းဖြစ်သည်။ နောက်ဆုံးမည်သည့် အရာအဆင်မပြေသည်မသိ ကောင်မ လေးက ကောင်လေးပါးကို တစ်ချက်ရိုက်လိုက်သံကြားရသည်။
ကျွန်မသင်ခန်းစာတစ်ခုကိုစိတ်ပါလက်ပါသင်နေစဉ် အသံတစ်ချို့ကြောင့်နောက်လှည့်ကြည့်လိုက်သည်။ ကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်တို့၏ ရုန်းကန်ငြင်းခုန်နေကြသည့်အသံ။ ထိုစဉ်ကထဲက ကောင်လေးကိုသတိထားမိတာလည်းဖြစ်သည်။ နောက်ဆုံးမည်သည့် အရာအဆင်မပြေသည်မသိ ကောင်မ လေးက ကောင်လေးပါးကို တစ်ချက်ရိုက်လိုက်သံကြားရသည်။
အခန်းအပြင်ဘက် ခပ်ကွယ်ကွယ်မှာဖြစ်နေကြသောကြောင့် ဘာဖြစ်သည်ကိုတော့ ကျွန်မသဲကွဲစွာတော့ကြားသိခွင့်မရ။ အသားစိုင်နှစ်ခု ထိတွေ့သံတွေကြောင့် ကျွန်မကလေးတွေစာသင်ကြား ခြင်းကိုခဏနားပြီးအပြင်ထွက်ကြည့်မိသည်။ ထိုအချိန်တွင် ကောင်လေး၏လက်ဝါးတစ်ဖက်က လေထဲကိုအား ပြင်းစွာမြောက်တက်သွားခြင်းနှင့်အတူ ကောင်မလေး၏ဆံနွယ်များက ဘေးတစ်ဖက်သို့လွင့်သွားသည်။
“ဟေ့ ကောင်လေး အဲလိုမလုပ်ရဘူးလေ။ မိန်းကလေးတစ်ယောက်ကို ကိုယ်ထက်ထိပါးပြီး တုံ့ပြန် တာဟာ ယောက်ျားကောင်းမဟုတ်ဘူး” ကျွန်မအပြေးအလွားပြေးပြီး ပြောမိသော်လည်း အချိန်အနည်းငယ် နောက်ကျသွားပြီ။ ကောင်မလေး၏ ပါးတစ်ဖက်ကို အုပ်ပြီးငိုရှိုက်နေသောအသံက ကောင်လေး၏ခပ်ရင့်ရင့် အပြုံးတစ်ခုနှင့် ဟန်ချက်မညီစွာ ဖြစ်နေသည်။
“ စော်ရီးဆရာမ မင်းခန့်ကျော်ဘ၀မှာ ပါးကိုလက်ဝါးနဲ့မပြောနဲ့ နူးညံ့တဲ့နှုတ်ခမ်းနဲ့တောင် ကျွန်တော် မကြည်ဖြူရင် ဘယ်မိန်းမကိုမှထိတွေ့ခွင့်မရစေရဘူး။ လောကမှာမိန်းမတွေက အလိုကြီးတယ်။ ရမ္မက်ကြီးတယ်။ အချိန်တစ်ခုလောက် ယောက်ျားတစ်ယောက်ထံက ကြည်ဖြူမူမရရင် စိတ်ကိုပြောင်းလဲသွားဖို့အရမ်းလွယ်တယ်ဆိုတာခုမှ ပိုပြီးသဘောပေါက်လာပြီ”။ ကောင်လေးက အပြုံးမပျက် ကောင်မလေးကို သေချာစိုက်ကြည့်ပြီးပြောနေတဲ့ အချိန်တွင် “ ကဲမင်းတို့တွေ တော်လောက်ပြီ။ ဒီထက်ပိုဆိုရင် မင်းတို့နှစ်ယောက်လုံးကို မော်ကွန်းထိန်းရုံးခန်းကို တီချယ်ပို့ တော့မှာနော်”။ ကျွန်မစကားကိုကောင်လေးက တစ်ခွန်းမကျန် ပြန်ပက်၏။
“ ပို့ပေါ့ အဲတော့လည်း မိန်းမတွေမကောင်းဘူးဆိုတာကိုပိုပြီး သိအောင်ပြောပြရတာပေါ့” ကျွန်မပြော စကားကိုပင် ဂရုမစိုက်ဘဲ ပြန်ပက်လေသည်။ ထိုသို့ဖြင့် ကျွန်မနှင့် ကောင်လေး၏ တွေ့ဆုံခြင်းကလည်း မလှပခဲ့ ။ နောက်ပိုင်းတွင် ကံကြမ္မာသည် ကျွန်မဘက်သို့မျက်နှာသာမပေးခဲ့။ ထိုကောင်မလေးနှင့်ဇါတ်လမ်းတွင် ကျွန်မ ကောင်မလေးဘက်မှကာကွယ်ပေးခဲ့ဖူးသဖြင့် ကျွန်မအား ကောင်လေးမင်းခန့်ကျော်က ရိုးသာစွာမဆိုသာသော ချဉ်းကပ်ခြင်းများစွာဖြင့် ပါဝင်ပတ်သက်လာတော့သည်။
တစ်ခါတရံတွင် လောကကြီးမှ အချိန်မှဖြစ်တတ်သော အမှန်တရားတစ်ချို့သည် ရောက်လာတတ် သည်။ ကျွန်မ၏သူငယ်ချင်းဆရာမတစ်ယောက် ကျန်းမာရေးမကောင်းသဖြင့် အတန်းတစ်ခုသို့ အစားထိုးဝင် ပေးရန် ကျွန်မကိုအကူညီတောင်းလာသည်။ မဖြစ်မနေ ကူညီရမည့်သူများဖြစ်သဖြင့် ကူညီပေးမိသည်။ ထိုသို့ ကူညီလိုက်ခြင်း၏ အကျိုးဆက်အားဖြင့် ကျွန်မထိုကောင်လေးနှင့် ဒုတိယမိ ထိပ်တိုက်တိုးတော့သည်။
“မင်္ဂလာပါ” ဆရာမက သားတို့သမီးတို့ ဆရာမ ဒေါ်လေးမြတ်ကိုယ်စား သားတို့သမီးတို့ကိုသင်မဲ့သူပါ။ ကျွန်မမိတ်ဆက်စကားပြောပြီး စာသင်ရန်စတိတ်စင်ပေါ်တက်လိုက်သည့်အချိန်တွင် အခန်းထဲသို့ မည်သူကိုမှ ဂရုမစိုက်ဟန်ဖြင့် ကျောင်းသားတစ်ယောက်ဝင်လာသည်။
“မင်္ဂလာပါ” ဆရာမက သားတို့သမီးတို့ ဆရာမ ဒေါ်လေးမြတ်ကိုယ်စား သားတို့သမီးတို့ကိုသင်မဲ့သူပါ။ ကျွန်မမိတ်ဆက်စကားပြောပြီး စာသင်ရန်စတိတ်စင်ပေါ်တက်လိုက်သည့်အချိန်တွင် အခန်းထဲသို့ မည်သူကိုမှ ဂရုမစိုက်ဟန်ဖြင့် ကျောင်းသားတစ်ယောက်ဝင်လာသည်။
“ဟေ့မင်းဘယ်သူလည်း။ ဒီမှာဆရာမတစ်ယောက်လုံးရှိနေတာကို ဘာအချိုးချိုးတာလည်” ကျွန်မ ပြောလိုက်သည်နှင့် ကျောင်းသားလေးက ကျွန်မကိုပြန်ကြည်သည်။ ထိုနောက် နှုတ်ခမ်းတစ်ဖကိုခပ်ရွဲရွဲပြုံးပြီး ဟုတ်ကဲ့ဗျ”။ ဟုပြောပြီး ထိုင်ခုံတစ်ခုတွင်သွားထိုင်သည်။ သူ၏ ဟုတ်ကဲ့ပါဗျ ဆိုသည့်အသံကိုကြားလိုက်မှ အရင်နေ့က ကောင်မလေးတစ်ယောက်နှင့် ပြသနာတက်သည့် ကောင်လေးမှန်းတန်းသိလိုက်သည်။ ကျွန်မကို လည်းထိုကောင်လေး ကောင်းကောင်းမှတ်မိလိမ့်မည်။
ဝိုက်ဘုတ်ပေါ်စာရှင်းပြရန် အကြောင်းအရာတစ်ချို့ကို ရေးနေမိသော်လည် မိမိစိတ်ကိုမလုံ။ တစ်စုံတစ် ယောက်က ကျွန်မ၏သင်ခန်းစာကိုမဟုတ်ဘဲ အခြားတစ်ခုကိုစူးစူးစိုက်စိုက်ကြည်နေသည်ဟုထင်နေမိသည်။ မာန်ကိုတင်းပြီး ဟန်လုပ်နေရသော်လည်း ချွေးအနည်းငယ်ပြန်လာသည်။ သေချာပြီ။ တစ်စုံတစ်ယောက်သည် ကျွန်မကို သေချာစိုက်ကြည့်နေပြီ။ စာရေးခြင်းကိုချက်ခြင်းလက်စသတ်လိုက်ပြီး အတန်းဘက်သို့လှည့်ကြည့် လိုက်တော့ ကောင်လေးက ကျွန်မအားတစ်ခြားသူများနှင့်မတူသော မျက်ဝန်းညိုများဖြင့် စူးစိုက်ကြည့်နေသည်။
ကျွန်မ၏ မျက်လုံးများကိုပင် ကောင်လေးက သေချာပြန်စိုက်ကြည့်ပြီး ပုခုံးနှစ်ဘက်ကိုဟန်ပါပါတွန့်ပြ သည်။ နောက်ပိုင်းတွင် ကျွန်မထံနည်းလမ်းမျိုးစုံဖြင့် ရုန်းထွက်ခွင့်မရအောင် ပညာမျိုးစုံသုံးသည်။ သူတို့၏ ကိစ္စ တစ်ခုအား ၀င်ပါလိုက်မိခြင်းကို ကျွန်မအမြဲနောင်တရနေမိသည်။ အဆောင်နေသဖြင့် စာမေးမည်ဟု အကြောင်း ပြပြီး ကျွန်မ၏ အပျိုဆောင်အားဝင်ထွက်သည်။ ပတ်ဝန်းကျင်မှ အမြင်မတော်စရာများဖြစ်လာမည် ကိုစိုးရိမ်သောကြောင့် ကျွန်မထိုက်သင့်သောလိုက်ရောခြင်းများကိုပြုရသည်။
“ အစ်မကိုကျွန်တော်ချစ်တယ်။ ဘယ်အချိန်ကချစ်သွားသလဲတော့ ကျွန်တော်မပြောတတ်ဘူး။ သတိ ထားလိုက်မိတဲ့ အချိန်မှာတော့ ဟော့နှလုံးသားထဲမှာ အစ်မရှိနေတယ်” ကောင်းလေ၏ ပြောစကားကိုကြား လိုက်သည်နှင့် ကျွန်မဒေါသက ထောင်းကနဲ့။
“ အစ်မကိုကျွန်တော်ချစ်တယ်။ ဘယ်အချိန်ကချစ်သွားသလဲတော့ ကျွန်တော်မပြောတတ်ဘူး။ သတိ ထားလိုက်မိတဲ့ အချိန်မှာတော့ ဟော့နှလုံးသားထဲမှာ အစ်မရှိနေတယ်” ကောင်းလေ၏ ပြောစကားကိုကြား လိုက်သည်နှင့် ကျွန်မဒေါသက ထောင်းကနဲ့။
“ ဘာပြောတယ် အစ်မကိုချစ်တယ်ဟုတ်လား။ မင်းလို့ ကောင်မလေးပေါင်းစုံနဲ့ ပျော်မွေ့နေတဲ့သူက ငါနဲ့တန်လို့လား။ မှတ်ထား ငါက မင်းကိုစာသင်ပေးဖူးတဲ့ဆရာမ။ သနားလို့လိုက်ရောတာ ကို ကိုယ်ဘာကိုယ်အထင်ကြီးမနေနဲ့” ကျွန်မပြောလိုက်သည်ကို ကောင်လေးက ဂရုတစ်ချက်မှမစိုက်ဘဲ မျက်နာကိုကျွန်မထံသေချာကြည့်ပြီး “ ကြိုက်သွားပြီ အဲလိုမာနကြီးတာကိုမှ ရအောင်လိုက်ချင်တာ။ မာနကြီး ကြီးအမျိုးသမီးတွေကို အချစ်နဲ့သိမ်းသွင်းပြီး မူးမေ့သွားအောင်ခံစားစေတဲ့ ဖီလင်ကိုကျွန်တော်ကြိုက်တယ်။ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ မင်းခန့်ကျော်က ကြိုးစားသွားမယ် ။ အိုကေ”။
“တောက်” အသံတစ်ချက်ကိုခပ်ပြင်းပြင်းခေါက်ပြီး လက်တစ်ဖက်က လေထဲကိုမြောက်တက်လာသည် ။ စော်ကားခံလိုက်ရခြင်းသည် တစ်စိမ်းတစ်ရံမဟုတ်သော ကျောင်းသားတစ်ယောက်ထံမှ။ အတန်းပြီးသည်နှင့် အဆောင်တွင် ခဏခဏလာခေါ်နေသဖြင့် လူပြောစရာမဖြစ်အောင်လိုက်လာမိခြင်းသည် ကျွန်မ၏ဂုဏ်သိက္ခာ အားထိစေမည့် စကားသံတွေကို နားဆင်ရသောအချိန်ဖြစ်နေ၏။
“တောက်” အသံတစ်ချက်ကိုခပ်ပြင်းပြင်းခေါက်ပြီး လက်တစ်ဖက်က လေထဲကိုမြောက်တက်လာသည် ။ စော်ကားခံလိုက်ရခြင်းသည် တစ်စိမ်းတစ်ရံမဟုတ်သော ကျောင်းသားတစ်ယောက်ထံမှ။ အတန်းပြီးသည်နှင့် အဆောင်တွင် ခဏခဏလာခေါ်နေသဖြင့် လူပြောစရာမဖြစ်အောင်လိုက်လာမိခြင်းသည် ကျွန်မ၏ဂုဏ်သိက္ခာ အားထိစေမည့် စကားသံတွေကို နားဆင်ရသောအချိန်ဖြစ်နေ၏။
“ မှတ်ထား ငါက မင်းထင်ထားသလိုခပ်လွယ်လွယ် မိန်မမျိုးမဟုတ်ဘူး” ကျွန်စကားသံဆုံးသည်နှင့် သူလက်တစ်ဖက်လုပ်ရှားလာသည်။ ထိုနောက် အားအပြည့်ယူလိုက်သည့် လက်တစ်ဖက်သည် လက်ဖ၀ါးမှ လက်သီးအဖြစ်ပြောင်းသွားသည်ကိုသတိထားမိသည်။
ဘုရားဘုရား ဟိုကောင်မလေးနှင့်ကိစ္စတုန်းက သူကိုရိုက် လိုက်သည့်ကောင်မလေးကို မညာမတာပြန်ရိုက်လိုက်သည့် မျက်နာပေးကိုပြန်တွေ့နေရပြီ။ ကျွန်မ စိတ်လိုက်မာန်ပါ လုပ်လိုက်ခြင်းကို သူဒေါသဖြင့်တုံ့ပြန်လိုက်လျှင် ကျွန်မတော့သွားပြီ။ သူလက်သီးကိုခပ်တင်း တင်းဆုတ်ထားပြီး “ အစ်မဖြစ်နေလို့ သက်သာသွားတယ်မှတ်ပါ။ ကျွန်တော်အသားကိုထိတာ ဒါပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ”။ ပြောပြီးသည်နှင့်ကျွန်မရှေ့မှထွက်ပြီး ဆိုင်ကယ်ကိုနိုးလေသည်။
ကျွန်မသူဆိုင်ကယ်နောက်တွင်ထိုင်ကာ စိတ်လုပ်ရှားနေသည်။ တော်သေးသည် အရင်တစ်ယောက် လို ကျွန်မကိုမပြုမူလိုက်တာ။ ထိုအချိန်မှစပြီး ကျွန်မအားစကားတစ်ခွန်းမှမပြောသလို အဆောင်သို့ဝင်ထွက် ခြင်းလည်းမပြုတော့ပေ။ ကျွန်မအနည်းငယ် စိတ်သက်သာရာရသော်လည်း စိတ်မကောင်းခြင်းတော့ဖြစ်မိ သည်။ အဘယ်အကြောင်းအရာကြောင့်များ ကောင်လေးနုတ်ဖြင့်ပြောဆိုသည့် စကားလုံးများကို ရင်ဖြင့်ခံစားပြီး ကာယကံ မြောက် တုံ့ပြန်မိလိုက်သည်မသိ။ ထိုအတွက်ကိုမူ အနည်းငယ်လိပ်ပြာမလုံဖြစ်နေသည်။ ယောက်ျားတစ် ယောက်အား ကိုယ်ထိလက်ရောက်တုံ့ပြန်လိုက်ခြင်းသည် အိပ်ပျော်နေသည့် ကျားတစ်ကောင်၏ အမှီးအားဆွဲလိုက် သည်နှင့်များစွာဆင်တူနေသည်။
အခွင့်အခါကြုံကြိုက်သည့်အချိန်တွင် ထိုသတ္တ၀ါက တစ်ဖန်ပြန်တုံ့ပြန်လာမည်မှာ ဧကန်ပင်ဖြစ်သည်။ အမှတ်သည်းခြေကြီးသော မာန်မာနပြင်းသော ခွန်းအားနှင့်ပညာရည်ပြည့်ဝသောယောက်ျားတစ်ယောက်ကို ကျားတစ်ကောင်နှင့် ခိုင်းနှိုင်းခြင်းသည်လွန်မည်မထင်။ ထိုနောက်ပိုင်းတွင် ကျွန်မထံသို့လည်းမလာတော့သလို ကျွန်မသည်လည်း အတန်းတစ်ချို့အားအစားဝင်သင်ပေးခြင်းကလည်းပြီးဆုံးသွားသည်။
ထိုသို့ဖြင့် ကျွန်မ၏နေ့စွဲတစ်ချို့သည်သာယာသော်လည်း စိုးထိတ်စွာရှင်သန်နေထိုင်ရလေသည်။ နောက်ဆုံးစာမေးပွဲကြီးသည်ပင်လျှင် ဖြေဆိုပြီးတော့မည်။ ကျွန်မသည်လည်း ကျွန်မ၏အပြစ်အား မတောင်းပန် မိ။ နောက်တစ်ရက် စာမေးပွဲပြီးသည့် ညနေပိုင်းအချိန်တွင် ကျွန်မအားထမင်းကျွေးပါမည်ဟုပြောပြီး လာခေါ် သည်။ အရင်က ကျွန်မကိုယ်ထိလက်ရောက် ပြုလုပ်ထားမိသည်ကိုတောင်းပန်ဖို့ အခွင့်အရေးရပြီဟုယူဆပြီး ကျွန်မ လိုက်သွားမိသည်။ ထိုသို့ဖြင့်နောက်ပိုင်းကိစ္စများက အတောမသတ်နိုင်အောင်ဖြစ်ပေါ်လာလေသည်။
××××××××
အချစ်တဲ့လား။ ဟိုအရင်ကျွန်မကိုမြတ်နိုးစွာ ဂရုစိုက်ချိန်တုန်းက ကျွန်မကောင်လေးနှင့် ပတ်သက်ပြီး နှလုံးသားက ခံစားချက်ပြင်းရှရှသိပ်မဖြစ်မိသော်လည်း ခုချိန်တွင်ထိုသို့ မဟုတ်တော့။ ကောင်လေးဂရုမစိုက်တော့သည့် အချိန်မှ သူ၏အကြင်နာများကိုတမ်း တမိ၏။ထိုသို့အချစ်သည် လိုက်လျှင်ပြေးမည်မှန်းသိလျှင် ကျွန်မထိုအချိန်က မူခဲ့လိမ့်မည်မဟုတ်ဟုလည်း ကျွန်မတွေးနေမိပြီ။
ကျွန်မသူ ပါးကိုရိုက်လိုက်မိသည့််အချိန်မှစပြီး စိတ်တစ်ချို့  ကောင်လေးထံတွင် သနားစိတ်ဖြင့်ထင်ကျန်နေသည်ကိုသိ သည်။
မနေ့ကဖြစ်စဉ်တွင် ကောင်လေးဘက်ကိုမှားသည်ဟုကျွန်မ မဆိုလိုသော်လည်း အနည်းငယ်ရှက်နေမိ သည်ကတော့အမှန်ပင်ဖြစ်သည်။ ကျွန်မကို ကောင်လေးမင်းခန့်ကျော်စိတ်တွင် လွယ်လိုက်သည့်မိန်းမဟု ထင်မြင်သွားမှာကိုစိုးရိမ်သည်။ ကျောင်းမှာကထဲက ကောင်လေးနှင့်ပြသနာတက်ပြီးနောက်ပိုင်း ကျွန်မသူကိုသတိရနေခြင်းသည် တိတ်တခိုးချစ်ခြင်းဟုဆိုလျှင် လွန်နိုင်မည်မထင်။
မနေ့ကဖြစ်စဉ်တွင် ကောင်လေးဘက်ကိုမှားသည်ဟုကျွန်မ မဆိုလိုသော်လည်း အနည်းငယ်ရှက်နေမိ သည်ကတော့အမှန်ပင်ဖြစ်သည်။ ကျွန်မကို ကောင်လေးမင်းခန့်ကျော်စိတ်တွင် လွယ်လိုက်သည့်မိန်းမဟု ထင်မြင်သွားမှာကိုစိုးရိမ်သည်။ ကျောင်းမှာကထဲက ကောင်လေးနှင့်ပြသနာတက်ပြီးနောက်ပိုင်း ကျွန်မသူကိုသတိရနေခြင်းသည် တိတ်တခိုးချစ်ခြင်းဟုဆိုလျှင် လွန်နိုင်မည်မထင်။
သို့သော် ကျွန်မ သူ၏အငြိုးကို အနည်းငယ် ကြောက်သည်။ တစ်ခုခုကြောင့် အချစ်ကိုဗဟိုပြုပြီးကျွန်မအား ပညာပေးလျှင်ကျွန်မနှလုံးသားကခံနိုင်ရည်ရှိပါ့မ လားကိုကျွန်မသေချာစွာမသိ။
သွေးစက်လက်ခြင့် မကိုဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူး” ဆိုသည့်စကား ကြောင့် ကျွန်မနှလုံးသားတစ်ခုလုံးနာကျင်နေရတယ်ဆိုတာကို ကောင်လေးကိုသိစေချင်သည်။ အမှန်ဆို မိန်းမ သားတစ်ယောက်က သူတိတ်တခိုးမပိုင်ဆိုင်လိုသော ယောက်ျားတစ်ယောက်ထံမှာ ဒီလိုသာယာပျော့ပျောင်းစွာ ခေါ်ဆောင်ရာနောက်ကိုလိုက်လာပါမည်လားကောင်လေးရယ်။ ကောင်လေးမင်း အစ်မစိတ်ကိုမဖတ်နိုင်သေးပါလား။
ကောင်လေးသည် ထိုနေမှစပြီး ယခင်နေများကဲသို့ကျွန်မအားစကားပြောဆိုခြင်းမရှိတော့။ ကောင်လေး မျက်နာသည် တည်တန့်နေပြီ သူလုပ်စရာရှိသည်များကိုထုံးစံအတိုင်းလုပ်သည်။ မနက်မိုးလင်းလျှင် ကျွန်မစားဖို့ အတွက် ခေါက်ဆွဲအဆင်သင့်ပြုတ်ထားပေးသလို နေ့လည်စာနှင့်ညစာများကိုလည်း သူတတ်ကျွမ်းသလောက် ချက်ပြုတ်ထားတတ်သည်။ သို့သော် ကျွန်မအား စားပါဦးဟုလည်းတစ်ခုမပြောသလို ယခင်လို့ကျွန်မကြည်ဖြူ လာအောင်လည်း စည်းရုံးသိမ်းသွင်းခြင်းမရှိတော့။
ပတ်တီဖြူဖြူဘောင်းဘီတိုလေးဖြင့် ကောင်လေး၏ပုံရိမ်များကိုမြင်တွေ့နေရလေလေ ကျွန်မပိုပြီးခံစားရ လေလေဖြစ်သည်။ အဘယ်အတွက်ကြောင့် အချစ်သည်လိုက်လျှင်ပြေးသနည်း။ ကျွန်မဘက်မှ ကြည်ဖြူရန် တွေးလိုက်သည့် အချိန်မှ ကောင်လေးဘက်မှအေးစက်ခြင်းဟုမခေါ်နိုင်သော အေးမြခြင်းဖြင့်တုန့်ပြန်သည်။ ဒါ မှမဟုတ် ကျွန်မကောင်လေးရှိသည့် အခန်းသို့သွားပြီး အစ်မမှားပါတယ်။ အစ်မကိုခွင့်လွတ်ပါဟုပြောရမည် လား။ တွေးရင်းနှင့်ပင် လူကရူးချင်လာသည်။ လောကတွင်အချစ်ကြောင့်ရူးသွပ်ခြင်းသည် စိတ်အားများစွာ အနောက်ယှက်ဖြစ်စေကြောင်းကို လက်တွေ့သိပြီ။
ဒီနေ့မှမိုးကတဖွဲဖွဲကြနေပြီး ရာသီဥတုကအေးမြနေသည့်အချိန်တွင် ကျွန်မနားထဲသို့ စိုးသူ၏ ကြည်ဖြူပါ သီချင်းကို ဆိုနေသည့်အသံက ၀င်ရောက်လာသည်။
×× ကြည်ဖြူပါ ကြည်ဖြူပါမေရယ် ဒီညလည်းကိုယ်လေအိပ်မပျော်နိုင် အတွေးများက မရေရာ ကိုယ့်ရဲ့ အထီးကျန်ကမ္ဘာ သူလာနိုင်ပါစေ ဆုတောင်းနေမယ်×××
မိုးရွာထဲမှာဒီကောင်လေးဘာလုပ်နေသည်မသိ။ သီချင်းသံကိုကြိုက်နှစ်သက်သော်လည်း မိုးရေမိပြီး ကောင်လေးအနာရေထိပြီး တစ်ခုခုဖြစ်မည်ကိုစိတ်ပူသည်။ ကျွန်မထီးတစ်ချောင်းယူပြီးအပြင်ကိုထွက်မိတော့ အကျီအပါးတစ်ထည် ဘောင်းတီတိုဖြင့်ခုံတန်းပေါ်တွင် ဂီတာတီးနေသောကောင်လေးကိုတွေ့လိုက်သည။ စိုးရိမ်စိတ်နှင့် ဒေါသဖြစ်စိတ်ကထောင်းကနဲ။ဒီလောက်ပေပြီး မိုးရွာထဲတွင်သီချင်းဆိုနေခြင်းကိုလည်းစိတ်ဆိုးမိသည်။
ကောင်လေးထံထီးကို မိုးလိုက်သည်နှင့်ကောင်လေးကမော့ကြည့်သည်။ “ အား မ မိုးရေတွေစိုကုန်မယ် လေ။ ဘာလို့ထွက်လာတာလည်”
“ဒီလောက်မိုးတွေရွာနေတာကို မင်းကကော် ဘာလုပ်နေတာလည်း”
“ သီချင်းဆိုနေတာလေ ကျွန်တော်ချစ်ရတဲ့ မမ တစ်ယောက်က ကျွန်တော်ကိုကြည်ဖြူနိုင်အောင်ပေါ့”
ကောင်လေးကပြောရင်းဖြင့် ကျွန်မမိုးထားပေးသည့်ထီးကိုဖယ်လေသည်။ မိုးမိထားသဖြင့်ကောင်လေးနုတ်ခမ်း များက ဖွေးဖြူပြီး တဆတ်ဆတ်တုန်နေသည်။ သူထီးကိုဖယ်စဉ် ကျွန်မလက်ကိုထိတွေ့လာသော သူလက်ဖျား လေးများကလည်း ရေခဲတမျှအေးစက်နေသည်။ မိုးစက်များက ပတ်တီးမှ တစ်ဆင့်မျက်နာသို့ကျနေပြီ။
“ဒီလောက်မိုးတွေရွာနေတာကို မင်းကကော် ဘာလုပ်နေတာလည်း”
“ သီချင်းဆိုနေတာလေ ကျွန်တော်ချစ်ရတဲ့ မမ တစ်ယောက်က ကျွန်တော်ကိုကြည်ဖြူနိုင်အောင်ပေါ့”
ကောင်လေးကပြောရင်းဖြင့် ကျွန်မမိုးထားပေးသည့်ထီးကိုဖယ်လေသည်။ မိုးမိထားသဖြင့်ကောင်လေးနုတ်ခမ်း များက ဖွေးဖြူပြီး တဆတ်ဆတ်တုန်နေသည်။ သူထီးကိုဖယ်စဉ် ကျွန်မလက်ကိုထိတွေ့လာသော သူလက်ဖျား လေးများကလည်း ရေခဲတမျှအေးစက်နေသည်။ မိုးစက်များက ပတ်တီးမှ တစ်ဆင့်မျက်နာသို့ကျနေပြီ။
“ ကဲဒီလောက် ပြောမရဆိုမရလည်းမပြောတော့ဘူး။ အိမ်ထဲကိုဝင်ပါ ဒီလောက်ချမ်းနေတာကိုလို့ ပြောလည်း စကားကိုနားမထောင်ဘူး။
အဲတာတွေကြောင့် အစ်မမင်းကိုကြောက်တာ။ မင်းလုပ်ချင်တာဆိုရင် ဘယ်သူတွေစိတ်ပူနေနေမင်းလုပ်တယ်။ အစ်မပြောတဲ့စကားတွေ နားမထောင်တဲ့ မင်းနှလုံးသားက ချစ်တယ်ဆိုတာကို အစ်မဘယ်လိုယုံကြည်ပေးရမလည်”
အဲတာတွေကြောင့် အစ်မမင်းကိုကြောက်တာ။ မင်းလုပ်ချင်တာဆိုရင် ဘယ်သူတွေစိတ်ပူနေနေမင်းလုပ်တယ်။ အစ်မပြောတဲ့စကားတွေ နားမထောင်တဲ့ မင်းနှလုံးသားက ချစ်တယ်ဆိုတာကို အစ်မဘယ်လိုယုံကြည်ပေးရမလည်”
ပြောမရဆိုမရဖြစ်နေခြင်းကြောင့် လူက၀မ်းနည်လာသည်။ နောက်ဆုံးကျွန်မယူလာသည့် ထီးကိုအောက်သို့ ပစ်ချလိုက်ပြီး သူထိုင်နေသည့်ထိုင်ခုန် ဘေးအစွန်းတွင်ဝင်ထိုင်လိုက်သည်။ မိုးစက်များက ညာတာမူကင်းမဲ့စွာ ကျွန်မဆံနွယ် များကို လာရောက်ထိတွေ့သွားကြသည်။ မိုးကလည်းသဲသည်ထက်သဲလာသည်။ ခေါင်းမှဆံနွယ်များကို မိုးရေ စိုစွတ်သည်နှင့် နှာခေါင်းကအနည်းငယ်မွန်လာသည်။
ငယ်ကထဲက မိုးရေအထိမခံနိုင်ခြင်းကိုလည်းကျွန်မခုချိန်တွင် သတိမရ။ စိတ်တွင် အနာအရှိန်နှင့် မိုးရေတန်ခိုးတို့ပေါင်းစပ်ပြီး ကောင်လေး တစ်ခုခုဖြစ်မည်ကိုသာ စိတ်ပူနေသည်။ ပြောမရလျှင် ဒီလိုဘဲ သူကဲ့သို့ ပေထိုင်နေပြီး တစ်ခုခုဖြစ်လည်းအတူတူ ဖြစ်ပေစေ တော့ဟုတွေးမိသည်။ ၀မ်းနည်းပြီး မိမိ ပြောဆိုခြင်းကို နားမထောင်လေခြင်းဆိုသည့် အတွေးများကြောင့် မျက်ရည်များက မိုးရေစက်နှင့်အတူကျဆင်းလာသည်။
“ ဟာအစ်မလုပ် ဘာလို့ထီးကို ဖယ်လိုက်တာလည်း။ ကျွန်တော်ကခံနိုင်ရည်ရှိတယ်။ ဖျားတော့မှာဘဲ ဗျာ” ကောင်လေးက ကျွန်မကိုကြည့်ပြီးပြောလာသည်။“ ဖျားယုံမကလို့သေပစေတော့ကွာ။ အဲလိုသေသွားတော့လည်း လူကို အမျိုးမျိုးနှိပ်စက် နိုင်စားတတ်တဲ့ ယောက်ျား နဲဝေးရတယ်လိုဘဲမှတ်တယ်” ကျွန်မစကားဆုံးသည်နှင့် ကောင်လေးက ကျွန်မကိုအံသြဟန်ဖြင့်စိုက်ကြည့်ပြန်သည်။ “ယောက်ျားဟုတ်လား အဲ့ယောက်ျားက ဘယ်သူလည်းအစ်မ”
ကျွန်မ၏မှားယွင်းသွားသောစကားတစ်ခွန်းကိုကောင်လေးကနင်းပြီးမေးလေပြီ။ထိုနောက်ကျွန်မလွှတ်ချထားသည့် ထီးကိုကောင်လေးက ကောက်ပြီး ကျွန်မကိုယ်ပေါ်သို့မိုးပေးလေသည်။ အေးစက် နေသော ကိုယ်ခန္ဓာနှစ်ခုပူးပေါင်းခြင်းက နွေးထွေးမူကိုပေးတတ်ခြင်း သင်ခန်းစာကိုလက်တွေ့သိခွင့်ရသည်။
ကျွန်မနားထဲတွင် ကြည်ဖြူပါမေရယ် ဆိုသည့်သီချင်းသံက နီးတစ်လဲဝေးတစ်လဲဖြစ်နေပြီး။ အေးမြပါ သည်ဟူသောမိုးစက်လေးများ၏ လှောင်ပြုံးများကိုလည်း နွေးထွေးသောရင်ခွင်တစ်ခုထက်မှာ ကျွန်မတခဏ နားခိုပြီး အခြားအရာများကို အချစ်အတွက် ဥပက္ခာပြုလိုက်မိပါတော့သည်။
ဇော်ညီညီ(နေပြည်တော်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။