Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 1, 2014

စရိုက်တူချစ်သူ

စရိုက်တူချစ်သူ
ကျွန်တော့်တစ်သက်မှာ အကူးအပြောင်း၇ခါဖြစ်ခဲ့ပါတယ်။ ကျွန်တော်အသက် ၂၈နှစ်တုန်းက ကြီးမားတဲ့အကူးအပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအကူးအပြောင်းက အိမ်ထောင်ကျခြင်းပါပဲ။
အဲဒီအချိန်က ကျွန်တော့်ဇနီး Momoe Yamaguchi အောင်မြင်ကျော်ကြားချိန်ပေါ့။ အဆိုဘက်မှာပဲဖြစ်ဖြစ် သရုပ်ဆောင်ဘက်မှာပဲဖြစ်ဖြစ် သူ့ပင်ကိုစွမ်းရည်တွေ အစွမ်းကုန်ဖူးပွင့်ချိန်ဖြစ်ခဲ့ပါတယ်။ သူဟာ ထွန်းတောက်တဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်လိမ့်မယ်ဆိုတာ လူတိုင်းယုံကြည်ထားကြပါတယ်။

ကျွန်တော်အသက် ၂၂နှစ်မှာ တီဗီကြော်ငြာတစ်ခုရိုက်ဖို့ Momoeနဲ့ ကျွန်တော်ပထမဆုံးအကြိမ် ဆုံခဲ့ပါတယ်။ အဲဒီနောက် သူနဲ့ကျွန်တော့်ကို “လိုက်ဖက်တဲ့အတွဲ”လို့ လူတွေတင်စားခဲ့ကြတယ်။ ဇာတ်လမ်းတွဲမှာ ကျွန်တော်တို့အတူ ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။ ရုပ်ရှင်၊ ကြော်ငြာ….တွေ အတူရိုက်ခဲ့ကြတယ်။ တစ်နှစ်မှာ နှစ်ဝက်လောက်က ကျွန်တော်တို့အတူရှိနေတဲ့အချိန်ဖြစ်တယ်။ “ဘယ်အချိန်တုန်းက သူ့ကိုချစ်တဲ့စိတ်ခံစားချက် ဖြစ်ခဲ့တာလဲ”လို့ နောက်ပိုင်းမှာ လူတွေကျွန်တော့်ကိုမေးကြတယ်။ ဒီမေးခွန်းက ကျွန်တော့်ကို စိတ်ရှုပ်စေခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘယ်အချိန်တုန်းက သူ့အပေါ်ချစ်စိတ်ရှိခဲ့မှန်း မသိခဲ့လို့ပါပဲ။
“ငါတို့ရဲ့ဆက်ဆံရေးက အခုလိုပဲဆက်ကောင်းနေမယ်ဆိုရင် ငါတို့ လက်ထပ်ကြရအောင်”
ဒီစကားကို သူ့ကိုဘယ်အချိန်က ကျွန်တော်ပြောလိုက်မိမှန်း ကျွန်တော်ကိုယ်တိုင်လည်း မမှတ်မိခဲ့တော့ပါဘူး။ သူ့အဖြေက “လက်ထပ်မယ်ဆိုရင် ဒီအလုပ်ကို ငါဆက်မလုပ်တော့ဘူး”။ မင်္ဂလာဆောင်ပြီးတဲ့နောက် အနုပညာလောကနေ အပြီးတိုင်ထွက်မယ်လို့ သူပြောတဲ့စကားက ကျွန်တော်လုံးဝမျှော်လင့်မထားတဲ့ စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ “Momoe Yamaguchi”ရဲ့ အဓိပ္ပာယ်က ကြီးမြတ်လွန်းပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီအတွက်ဆိုရင် သူဟာ “ရွှေအိုးကြီးတစ်လုံး”ပါ။ ပရိသတ်တွေအတွက်ဆိုရင် သူဟာ “နတ်သမီးတစ်ပါး”ပါ။
ဒါပေမယ့် အိမ်ထောင်တစ်ခုအတွက် သူ့ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ပါတယ်။
“ဒီအနုပညာအလုပ်ကထွက်ပြီး နင့်ရဲ့မိန်းမပဲ ငါလုပ်မယ်”
ဒီစကားက ယောက်ျားတစ်ယောက်အတွက် လေးလံလွန်းခဲ့ပါတယ်။ အသက် ၃ဝတောင် မရှိသေးတဲ့ယောက်ျားတစ်ယောက်အတွက် အရာအားလုံးကိုသူစွန့်လွှတ်ပြီး သူ့ဘဝတစ်သက်တာကို ကျွန်တော်အတွက် ပေးအပ်မြှုပ်နှံလိုက်တယ်။ ကျွန်တော့်လက်ထဲ ဝါကွက်အပ်လိုက်တယ်။ ထုံထိုင်းတဲ့ယောက်ျားတောင် ဒီတာဝန်ဝတ္တရားဟာ ကြီးလေးတယ်ဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။
အကြိမ်ကြိမ်စဉ်းစားတွေးတောပြီးနောက် လွယ်ကူတဲ့နိဂုံးတစ်ခုကို ကျွန်တော်ပြုလုပ်ခဲ့ပါတယ်။
“ကောင်းပြီလေ… ငါ သဘောပေါက်ပြီ”
၁၉၈ဝခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့မှာ Akasakaမြို့ရဲ့ ဘုရားကျောင်းတစ်ခုမှာ ကျွန်တော်တို့ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက် ၂၈နှစ်၊ သူ ၂၁နှစ်ဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နေ့ကစ အိမ်ထောင့်တာဝန်ကို ကျွန်တော်ထမ်းဆောင်တာဝန်ယူရမယ်ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။
လက်ထပ်ပြီးတဲ့နောက် ကျွန်တော်တို့နှစ်ယောက် သင့်သင့်မြတ်မြတ်အတူပေါင်းဖက်နိုင်အောင် ဆုံးဖြတ်ချက် ၃ခုကို ကျွန်တော်ချခဲ့ပါတယ်။
(၁) ၅၁နှစ်မှာ ဆေးလိတ်ဖြတ်မယ် (၂) မသမာတဲ့နည်းနဲ့ ဘဝကိုမဖြတ်သန်းဘူး (၃) မဖောက်ပြန်ဘူး။
မဖောက်ပြန်တာက ဇနီးကြောင့်ပါ.. ဒါဟာ ကျွန်တော်ရဲ့အခြေခံသဘောတရားဖြစ်ပါတယ်။ ဇနီးအပြင် တခြားမိန်းကလေးတွေကို ကျွန်တော်တွေ့ခဲ့ဖူးပါတယ်။ သူတို့က ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေပါ.. ဒါပေမယ့် ကျွန်တော်လုံးဝမဖောက်ပြန်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွင်းစိတ်အနက်ရှိုင်းဆုံးက ဆုံးဖြတ်ချက်ပါ။ ဒီအခြေခံသဘောတရားကို ကျွန်တော်တစ်သက်လုံး ထိန်းသိမ်းလိုက်နာပါတယ်။
လက်ထပ်ပြီးတဲ့နောက် Takanawaမြို့ကတိုက်ခန်းဆီ ကျွန်တော်တို့ပြောင်းရွေ့ခဲ့ပါတယ်။ ကျွန်တော်တို့တိုက်ခန်းနဲ့ ကပ်ရက်အခန်းကိုဝယ်ပြီး ယောက္ခမကိုလည်း ကျွန်တော်တို့နဲ့အတူနေစေခဲ့ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့အခန်းဘက် ယောက္ခမကူးလာပြီး ထမင်းအတူစားကြပါတယ်။ ယောက္ခမအခန်းဆီလည်း ကျွန်တော်တို့ မကြာခဏသွားလည်ပါတယ်။ ဒီလိုဘဝက လူကိုစိတ်ချမ်းသာစေခဲ့ပါတယ်။
လက်ထပ်ပြီး ၃နှစ်ကြာတဲ့အထိ ကျွန်တော်တို့ ကလေးမရခဲ့ကြပါဘူး။ ဒီဘဝမှာတော့ ကလေးမရနိုင်တော့ဘူးလို့ ကျွန်တော်တို့ခံယူခါနီးဆဲဆဲမှာ ကလေးတစ်ယောက် ကျွန်တော်တို့ဘဝထဲ ရောက်လာခဲ့ပါတယ်။ တစ်ဆက်တည်း နောက်တစ်နှစ်မှာ နောက်ထပ်တစ်ယောက်မွေးခဲ့ပါတယ်။ ကလေးကြီးလာရင် မူကြိုတက်ဖို့၊ ကျောင်းတက်ဖို့ကိစ္စတွေကို တွေးမိပြီး Tachikawa မြို့အနီးကိုပြောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၁၉၈၇ခုနှစ်မှာ အိမ်သစ်ဆောက်လုပ်ပြီးနောက် ကျွန်တော်တို့ပြောင်းရွေ့ခဲ့ကြပါတယ်။ ကျွန်တော်တို့မြေဝယ်ခဲ့တာက မြေဈေးအတက်ဆုံးအချိန်မှာပါ။ Takanawaမြို့အခန်းက ချေးငွေတွေမကျေခဲ့သေးပါဘူး။ တိုက်ခန်းကိုရောင်းပြီး အိမ်သစ်အတွက်မြေဝယ်ခဲ့ပေမယ့် ချေးငွေဈေးတက်ခဲ့ပါတယ်။ ပြန်ဆပ်ချိန်ကလည်း ၃၅နှစ်ကြာဖြစ်ပါတယ်။ ဒီကနေ့အထိ ကျွန်တော်အခန်းခချေးငွေကို ဆပ်နေရတုန်းပါ။
ကျွန်တော်ပြောချင်တာက သရုပ်ဆောင်တစ်ဦးရဲ့အလုပ်မှာ ၃ပုံ၂ပုံကခက်ခဲလွန်းခဲ့ပါတယ်။ တစ်ခါတလေ ရိုက်ဖို့ဇာတ်ကားမရှိခဲ့ပါဘူး။ ကျွန်တော်အလုပ်မလုပ်ဘဲ အိမ်မှာပဲလပ်လျားနေတယ်လို့ မီဒီယာတွေက ဘယ်လိုပဲ ပြောဆိုရေးသားနှောင့်ယှက်ခဲ့ပေမယ့် ဇနီးသည်မမူခဲ့ပါဘူး၊ စိတ်တိုဒေါသထွက်တဲ့စကားလည်း သူ မပြောခဲ့ပါဘူး။
ဘယ်အင်တာဗျူးတုန်းကလဲမသိပါဘူး.. ကျွန်တော်က “ကျွန်တော်တို့လင်မယား တစ်ခါမှ ရန်မဖြစ်ဖူးဘူး”လို့ ဖြေခဲ့ပါတယ်။ ဒါကို သတင်းထောက်တွေ မယုံခဲ့ကြဘူး။ ကျွန်တော့်ကို ဘာကြောင့်ရန်မဖြစ်တာလဲလို့ အကြိမ်ကြိမ်မေးကြတော့ ကျွန်တော်က “စရိုက်တူ”လို့ ကောက်ချက်ပေးခဲ့ပါတယ်။ စရိုက်တူဆိုတဲ့နေရာမှာ အဓိပ္ပာယ်နှစ်မျိုးရှိပါတယ်။ တစ်က အချင်းချင်းရဲ့စရိုက်တွေ သင့်မြတ်မှုရှိလို့၊ နှစ်က အချင်းချင်းရဲ့စရိုက်တွေ အပြန်အလှန်ဆွဲငင်ကြလို့ဖြစ်တယ်။ ဘာအလုပ်ပဲလုပ်လုပ် အလွယ်တကူ စိတ်တူညီမှုရှိခဲ့ကြတယ်။
နေ့စဉ်ဘဝဆိုတာ အရာကိစ္စသေးသေးတွေ စုစည်းပြီးဖြစ်လာတာဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ မင်္ဂလာနှစ်ပတ်လည်နေ့ ၁ဝနှစ်ပြည့်တိုင်း ဇနီးကို ကျွန်တော်လက်ဆောင်တစ်ခုပေးတတ်ပါတယ်။ ပထမ၁ဝနှစ်ပြည့်တုန်းက တန်ဖိုးရှိဈေးကြီးတဲ့ ဆင်တူနာရီတစ်စုံ ကျွန်တော်တို့ဝယ်ခဲ့ပါတယ်။ ဒုတိယ ၁ဝနှစ်ပြည့်တုန်းက လက်ထပ်လက်စွပ်အသစ်တစ်စုံ ကျွန်တော်တို့ပြန်လုပ်ခဲ့ပါတယ်။ နောက် ၁ဝနှစ်ပြည့်တိုင်း လက်ထပ်လက်စွပ်အသစ်တစ်စုံကို ကျွန်တော်တို့ဝယ်ခဲ့ကြပါတယ်။
ညစာစားတိုင်း ကျွန်တော်နည်းနည်းသောက်တတ်ပါတယ်။ ထမင်းစားနေချိန်မှာလည်း ဟိုအကြောင်း ဒီအကြောင်း ကျွန်တော်တို့ပြောတတ်ကြပါတယ်။ တီဗီကိုလည်း ဖွင့်ထားတတ်ပါတယ်။ ဒီလိုနဲ့ ညစာစားချိန်က မသိမသာနဲ့ တစ်နာရီ၊ နှစ်နာရီလောက် ကြာသွားတတ်ပါတယ်။ ဒီလို ညစာစားပုံက ကျွန်တော်တို့လက်ထပ်ပြီး ကနေ့အထိ မပြောင်းလဲတဲ့အကျင့်ဖြစ်ခဲ့ပါတယ်။ တကယ်လို့ အလုပ်ချိန်ကြောင့် ကျွန်တော်အိမ်ပြန်ထမင်းမစားနိုင်ရင် ဇနီးကို ကျွန်တော်မက်ဆေ့တိုပို့ပြီး ပြောပြတတ်ပါတယ်။ သင် အိမ်ပြန်ထမင်းစား၊ မစားက ထမင်းဟင်းချက်ပြီး သင်ထမင်းစားအပြန်ကို စောင့်မျှော်နေသူအတွက် အလွန်အရေးပါတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။
ဇနီးက မီးဖိုမှာအလုပ်များနေတဲ့အခါ ကျွန်တော့်မှာလုပ်စရာမရှိရင် သူ့အနားသွားပြီး စားပွဲကူခင်းတာ၊ ပန်းကန်တွေယူပေးတာတွေကို ကျွန်တော်လုပ်တတ်ပါတယ်။ ကျွန်တော့်ကလေးနှစ်ယောက် မူကြိုကနေ အထက်တန်းတက်တဲ့အထိ ကျောင်းသွားရင် ထမင်းဗူးယူသွားပါတယ်။ ဇနီးက မနက်၅နာရီခွဲမှာထပြီး ထမင်းထုပ်ပြင်ဆင်ပေးပါတယ်။ ကလေးတွေအတွက် သူထမင်းဗူးလုပ်ပေးလာခဲ့တာ ၁၅နှစ်ရှိခဲ့ပါပြီ။
“ထင်ရှားကျော်ကြားတဲ့ စံပြစုံတွဲ”ဆိုတဲ့ စစ်တမ်းကောက်ယူမှုတစ်ခုမှာ ကျွန်တော်နဲ့ဇနီးက ပထမနေရာမှာ နှစ်တော်တော်ကြာ ဆက်တိုက်ရှိနေခဲ့ပါတယ်။ အရင်ကအဖြစ်တွေကို ပြန်စဉ်းစားမိတိုင်း ကျွန်တော့်ဘဝအရမ်းပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ “စရိုက်တူ”သူနဲ့ အတူရှိနေခွင့်ရခဲ့လို့ပါ။ နှစ်တစ်နှစ်စတိုင်း ကျွန်တော်တို့ဇနီးမောင်နှံက ခါတိုင်းနှစ်လိုပဲ တစ်ယောက်ကိုတစ်ယောက် ခါးညွတ်အရိုအသေပေးပြီး “ဒီနှစ်မှာလည်း ကျေးဇူးပြုပြီး ဂရုစိုက်စောင့်ရှောက်ပါ … ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုတတ်ခဲ့ပါတယ်။
မူရင်းရေးသားသူ --- Tomokazu Miura
*** Momoe နဲ့ ရှေးခေတ်သံစဉ်သီချင်းတွေကို youtubeမှာ နားထောင်နိုင်ပါတယ်..
The Chic မဂ္ဂဇင်း မတ်လ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။