Burmese Treasure
နှင်းခွဲရေပေါ် Litvina ဘီးခြောက်လုံးထရပ်ကား
ဘီးခြောက်လုံးရှိ အမြင့်ကား ထရပ်အမျိုးအစားဖြစ်တဲ့ Litvina ဟာ ပုံမှန်လမ်းတွေမှ မဟုတ်ပါဘူး၊ လမ်းမရှိဘဲ ခြုံထူတဲ့နေရာတွေ၊ ရွံညွန့်ထူတဲ့နေရာတွေကို စိတ်ကြိုက်သွားနိင်မှာပဲ ဖြစ်ပါတယ်။ ရေပေါ်မှာ တောင်သွားနိင်ကာ မြုပ်မသွားပါဘူး၊ ကားရဲ့ ဘီးတွေကို ပုံမှန်ရိုးရိုးကားတွေရဲ့ဘီးလိုမဟုတ်ဘဲ သာမန်ထက် ပိုကြီးမားကာ စပရိန်ကိုသုံးထားတာကြောင့် အမြင့်တွေ အတားအဆီးတွေကို အရုပ်လေးတစ်ရုပ်လို ကျော်ဖြတ်သွားနိင်မှပဲ ဖြစ်ပါတယ်။
သံချေးမတက်အောင်လိုလည်း ဖိုင်ဘာဂလက်စ်တွေကိုကားရဲ့ ကိုယ်ထည်မှာ သုံးထားတယ်လို့သိရပါတယ်။ အင်ဂျင်ကလည်း ကူဘို့တာလို့ခေါ်တဲ့ ဒီဇယ်အင်ဂျင်ဖြစ်ပြီး 2 WD, 4WD, 6WD ဆိုပြီး ပေးစွမ်းနိင်ပါတယ်။ ဆားဘီးရီယားလို့ အအေးပြင်းထန်တဲ့ နေရာတွေမှာ ကောင်းကောင်းသွားနိင်အောင်လို့ အပူချိန်ထိန်းသိမ်းမူတွေကို ကောင်းကောင်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
Aung Heine ( www.smart.com.mm )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။