Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 17, 2014

တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်



တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏အမွေ အနှစ်မဟုတ်၊ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ်္ဂလိကပိုင်ပစ္စည်း မဟုတ်၊ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သောနိုင်ငံမဟုတ်၊ အတိတ်ကာလ၌ လည်းကောင်း၊ ယခုမျက်မှောက်ကာလ၌ လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီးကား မခြား၊ သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့တို့၏ အမွေအနှစ်ပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည် ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ ပထမစည်းရုံးမှု၌ လူ အပေါင်းတို့၏ဆန္ဒအရ လူ့အ၀ှမ်း၏အကျိုးကို ကောင်းစွာ ရွက်ဆောင်နိုင်အပ်သော ပုဂ်္ဂိုလ်ကိုရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့် လျော်ညီစွာ၊ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတ မြန်မာနိုင်ငံတော် တည်းဟူ သော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ”

အထက်ပါစာပိုဒ်က ယုံတမ်းစကား တစ်ခွန်းမဟုတ်ပါ။ နားထောင်ကောင်းအောင် ရေးသားထားတဲ့ ပုံပြင် တစ်ပုဒ်မဟုတ်ပါ။

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်မှာ ကျွန်တော်တို့ အမိမြန်မာပြည်နိုင်ငံကြီး နယ်ချဲ့တိုင်းတစ်ပါးသားတို့ လက်အောက်မှ လွတ်လပ်ရေးရရှိစဉ်က ထုတ်ပြန်ကြေညာခဲ့တဲ့ “လွတ်လပ်ရေး ကြေညာစာတမ်း” ပါ အချက် ခြောက်ချက်ထဲက ပဉ္စမမြောက် အချက်ပါ။

ဖတ်ကြည့်ပြီး “ဟင် ဟုတ်လို့လား”၊ တစ်ခါမှလည်း မကြားဖူး မဖတ်ဖူးဘူး၊ အဲဒီ အချက်ထဲကလိုလည်း တစ်ခါမှ မရဖူးဘူး” လို့ မေးခွန်းထုတ်လာရင်၊ စောဒက တက်လာရင်တော့ ကျွန်တော့်အနေနဲ့ နိုင်ငံခြား ရုပ်ရှင်တွေထဲကလို လက်နှစ်ဖက်ဖြန့်ပြီး ပုခုံးတွန့်ပြရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ။
ဟုတ်ပါတယ် ...

“မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်၊ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိကပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင် သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်” လို့ ပါဝင်သော်လည်း သဘာဝသယံဇာတ အမွေအနှစ်တွေ ဖြစ်တဲ့ အဖိုးတန် ကျွန်းသစ်၊ အရည်အသွေးမြင့် ပတ္တမြား၊ ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာ တွေရဲ့ အကျိုးအမြတ်တွေ၊ ခံစားခွင့်တွေကို သန်း ၆၀ သောပြည်သူတွေ မည်ရွေ့မည်မျှ ခံစားကြရပါ သလဲ” အဲဒီအကျိုးအမြတ်တွေကို မြန်မာပြည်သူများ ရရှိခံစားကြရမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံ ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ကြုံတွေ့ရစရာ အကြောင်းရှိမယ် မထင်ပါဘူး။

ကျွန်တော်တို့ မြန်မာပြည်လောက် သဘာဝအရင်းအမြစ်၊ လူသားအရင်းအမြစ် မကြွယ်ဝတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ အောက် ကျနောက်ကျ ဖြစ်ကျန်နေခဲ့တယ်ဆိုတာ စီးပွားရေး၊ ကျန်းမာရေး၊ လူနေထိုင်မှု အရည်သွေးစတာတွေကို သုတေသနပြုထားတဲ့ နိုင်ငံတကာ သုတေသနညွှန်းကိန်း အချို့မှာ တွေ့နိုင်ပါတယ်။

ကောင်းမွန်ပြည့်စုံတဲ့ ရေမြေအနေအထား၊ သဘာဝသယံဇာတစတဲ့ အမွေအနှစ်တွေ ရရှိပိုင်ဆိုင်ထားပြီး ပြည်သူတွေ ဆင်းရဲနွမ်းပါးနဲ့ ရင်ဆိုင်နေရတာကတော့ လူနည်းစုဖြစ်တဲ့ အာဏာရတစ်ဖွဲ့တစ်သင်းနဲ့ ပူး ပေါင်းကာ ခေတ်ပျက်သူဌေးများ၊ အိမ်နီးချင်းတိုင်းတစ်ပါးသားများရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ၊ မြေယာသိမ်းပိုက် လက်ဝါးကြီးအုပ်မှုတွေ၊ ငွေကြေးခ၀ါချမှု တွေကြောင့်ဖြစ်မယ် ထင်ပါတယ်။

မြန်မာပြည်သူများအနေနဲ့ အမွေအနှစ်များစွာနဲ့ အဲဒီအမွေအနှစ်တွေနဲ့ ပြည်သူ ပြည်သားတွေကို ကာ ကွယ်ပေးမယ့် ဒီလို တိကျကောင်းမွန်တဲ့ “လွတ်လပ်ရေး ကြေညာစာတမ်း” ရှိပါလျက်နဲ့ စီးပွားရေးနဲ့ သယံဇာတပိုင်ဆိုင်မှု၊ လက်ဝါးကြီးအုပ်လိုမှုတွေအတွက် ဖြစ်ပွားတဲ့ စစ်မက်ရဲ့ သားကောင်တွေအဖြစ် ကျရောက်ခံစားနေရပါ တယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ သစ်တောပြုန်းတီးမှုများကြောင့် နာဂစ် မုန်တိုင်း လို၊ အပူလွန်ကဲမှုလို၊ မိုးခေါင်မှုလို သဘာဝဘေးဒဏ်တွေ ခံစားနေကြရပါတယ်။

မြေယာလက်ဝါးကြီး အုပ်မှုများကြောင့် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာနေပြီး မြေမဲ့ယာမဲ့၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေ ကြပါတယ်။ စီးပွားရေး လက်ဝါးကြီးအုပ်မှုများကြောင့် နိမ့်ပါးတဲ့ဝင်ငွေနဲ့ ကြီးမြင့်လှတဲ့ လူနေမှုစားရိတ်ကို ရင်ဆိုင်နေကြရပါတယ်။ အရည်အသွေးနိမ့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ မရှိသလောက် နည်းပါးတဲ့ ကျန်းမာရေး အသိပညာပေးမှုတွေနဲ့ လူ့သက်တမ်းတစ်လျှောက်ကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေကြရပါ တယ်။ ဒါတွေဟာ ကြီးမားလှတဲ့ လွဲချော်မှု၊ လွဲမှားမှုကြီးပါ။

အမေရိကန်နှင့် အခြား ဒီမိုကရေစီနိုင်ငံကြီးများက နိုင်ငံကြီးသားတွေဟာ သူတို့ နိုင်ငံရဲ့ “လွတ်လပ်ရေး ကြေညာစာတမ်း” ကို အသက်တမျှ မြတ်နိုးတန်ဖိုးထားကြသလို အဲဒီ “လွတ်လပ်ရေးကြေညာစာတမ်း” ကို အခြေခံပြီးရေးသားလေ့ရှိတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကိုလည်း အမြတ်တနိုး လေးစားတန်ဖိုးထား ကြတယ်လို့ ကြားဖူးပါတယ်။ကျွန်တော်တို့ အမိမြန်မာပြည်ကြီးမှာရော “လွတ်လပ်ရေး ကြေညာစာတမ်း” ကို အမြတ်တနိုးတန်ဖိုးထားကြပါသလား။

ယခုလက်ရှိ “ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကရော “လွတ်လပ်ရေးကြေညာစာတမ်း” ပါ အချက်တွေကို အခြေခံရဲ့လား။ စတဲ့ “လား” ပေါင်းများစွာဟာ မြန်မာပြည်သူတွေရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေကြမှာပါ။ အဲဒီ “လား” ပေါင်းများစွာ အလျင်အမြန် ပျောက်ကင်းစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

ထက်အောင်ဖေ ( Mizzima )

1 comment:

  1. myanmar blog မင်္ဂလာပါ ကျွန်တော်ဘလော့ကိုလာလည်သွားတဲ့ ချိုးငှက်ဟူသည် ဘလော့ကို ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။