i Love Myanmar
ဒေါ်အောင်ဆန်းစုကြည်၏ မိခင်သည် ကရင်လူမျိုး ......
ဒေါ်အောင်ဆန်းစုကြည်၏ အဘိုး (ဗိုလ်ချုပ်အောင်ဆန်း၏ဖခင်)သည် ချင်းလူမျိုး ......
.......................
ဒေါ်အောင်ဆန်းစုကြည်ကို ကရင်ဒေသခံတွေကြိုဆိုပုံက အတော်လေးကို အင်အားတောင့်တင်းတာကိုတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဗိုလ်ချုပ်စကား
"ကျုပ်က မိန်းမတောင် ကရင်မ ယူထားတာဗျ" တဲ့...
ဗိုလ်ချုပ်နဲ့ ငွေသော်တာရောင်ခြည် သီချင်း နဲ့ကရင်လူငယ်တီးဝိုင်းလေးက ရေးစပ်ပေးတဲ့ သမိုင်းမှတ်တိုင်တွေ ကြည်နူးဖွယ်ရာ၇ှိပါတယ်။
ဒေါ်စုအမေက ကရင်သွေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအဖေ ဦးဖာက ချင်းသွေးပါတယ်။

ဗမာကော၊ ကရင်ကော၊ ချင်းကော သွေးချင်းနီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်ခရီးစဉ်တွေမှာ အောင်မြင်မှုရတာ အတော်ကြီးကို မျှော်လင့်ချက်ဖြစ်ထွန်းစေပါတယ်။
ဗမာဆိုမယုံဘူးဆိုတာကို ဒေါ်စုက ကြားဝင်စေ့စပ်ပေးနိုင်သလို ခံစားမိတယ်။ အခု ငြိမ်းချမ်းရေးစာချုပ်တွေမျာ ချောင်ထိုးထားတဲ့ သာမန် တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက်ကို အပြုံး အနေနဲ့တွေ့ရတယ်။ ဒါကို ဒေါ်စုက ကဗျာဆန်ဆန်ပြောသွားတယ်။ လှပနွေးထွေးသော ပေါင်းစည်းမှုပေပဲ။ တိုင်းရင်းသားတွေနဲ့ စည်းလုံးမှုပိုရလေလေ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ ပိုနီးလေလေ၊ ဒီမိုကရေစီအရွေ့မြန်လေလေ ဖြစ်မှာပါ။
Myo Set
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။