Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 9, 2014

ဒေါ်အောင်ဆန်းစုကြည် နှင့် ဆူးခင်းလမ်းပေါ်က ရက်စွဲများ


Lucky Ko Ko
ဒေါ်အောင်ဆန်းစုကြည် နှင့် ဆူးခင်းလမ်းပေါ်က ရက်စွဲများ
~~~~~~~~~***~~~~~~~~~
* ၁၉၈၈ သြဂုတ် ၂၄
ဦးနေဝင်း၏ တစ်ပါတီ အာဏာရှင် အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှု ကာလ အတွင်း ရန်ကုန် ဆေးရုံကြီး ရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံး အကြိမ် ထိတွေ့မှု ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလား လို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ တစ်ကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။
* ၁၉၈၈ သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံ ဘုရား အနောက်ဘက် မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက် ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ် ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်း အစိုးရ ထံမှ အာဏာ သိမ်းယူလိုက်သည်။)
* ၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။
“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
* ၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်း ချီသော လူထုကြီးက ဈာပန အခမ်းအနား ကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။
* ၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ် မှ လွတ်မြောက် သွားသည်။
* ၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်း ခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။
* ၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံ အနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသော်လည်း အဖွဲ့ချုပ်က မဲ အပြတ်အသတ်ဖြင့် အနိုင်ရသည်။
* ၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ် ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ခံရသည်။
“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ ဟာကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီ ခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆို ခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုး နဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။
* ၁၉၉၄ စက်တင်ဘာ ၂ဝ
ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။
* ၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူ လူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်း ပြောသည်။ အာဏာပိုင် တို့က ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ လူထု တို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလ တွင် တက္ကသိုလ် ရိပ်သာလမ်း ကို ပိတ်ဆို့လိုက်သည်။
* ၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြ ဆွေးနွေးခွင့် ရသည့် အချိန်မှ ပြန်လည် တက်ရောက် မည် ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံ မှ ထွက်ခွာကြသည်။
* ၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွား ရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင် ရန် ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီး လိုက်သည်။
* ၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း ပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင် ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်း သူ များက တိုက်ခိုက်မှုကြားမှ မောင်းထွက် နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။
* ၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများ တွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း မြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင် တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင် လိုက်သည်။
* ၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသား ပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေး အတွက် ဦးဆောင် ပါဝင်သည်။ ဤ ကော်မတီ ဖြစ်မြောက်ရေး အတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသား တွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စု နိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
* ၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။
* ၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီး ခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။
* ၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန် ဘူတာကြီးတွင် တားဆီး ခံရသည်။ နေအိမ်သို့ ကြမ်းကြမ်း တမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။
* ၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။
* ၂ဝဝ၃ မေ ၃ဝ
မြန်မာပြည် အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင် ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်း ထွက်နိုင် သဖြင့် အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း နောက် တနေ့ တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။
* ၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသော အခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယ အကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။
* ၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်း သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝ သို့ ထွက်ပြီး အရိုအသေ ပေးသည်။ ၄ နှစ်အတွင်း ပထမဆုံး အကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်း ဖြစ်သည်။
* ၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက် ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန် ထောင်သို့ ပို့ဆောင် ခံရသည်။
* ၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင် အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိ သွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒ ရှိကြမယ် ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှ တဆင့် ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံခဲ့ရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် နီးပါး ရှိပါသည်။
~~~~~~~~~***~~~~~~~~~
copy from >>> ဧရာဝတီ <<< Thanks
~~~~~~~~~***~~~~~~~~~

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။