Ko Nyo
နော်ဝေးလူမျိုးတွေ သူတို့ဖာသာ ကျေကျေနပ်နပ် ဂုဏ်ယူတတ်တဲ့အရာတွေထဲမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းနိုင်တဲ့အလှတို့၊ သဘာဝဓာတ်ငွေ့နဲ့ ရေအရင်းအမြစ်ကောင်းမွန်ကြွယ်ဝတာတို့၊ ငြိမ်းချမ်းတာတို့ ပါဝင်သလို အဲဒီဂုဏ်ယူစရာတွေထက် သာလွန်ဂုဏ်ူယတတ်တဲ့ စိတ်ယဉ်ကျေးမှုတခုလည်းရှိတယ်။
အဲဒါကို သူတို့က တိုးလ်မူဒီး (Tolmodig ) လိုခေါ်တယ်။ ဗမာလို အနီးစပ်ဆုံးဘာသာပြန်ရရင် စိတ်ရှည်သီးခံမှုပဲ..။ ရှားမှရှားတဲ့ စိတ်ရှည်သီးခံတတ်တဲ့ အမူအကျင...့်ကို ဒီနိုင်ငံက လူကြီးရော၊ လူငယ်နဲ့ ခလေးတွေပါမကျန် တွေ့ရတယ်။ ၀န်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေ ဆိုရင် ရဟန်းသာတွေလို စိတ်ရှည်သီးခံပြီး သေသေချာချာ၊ အခေါက်ခေါက်အခါခါ နားလည်သဘောပေါက်တဲ့အထိ၊ ကျေနပ်နှစ်သိမ့်သွားစေတဲ့အထိ စိတ်ရှည်ရှည်ထားရှင်းပြတယ်။ ဥရောပနိုင်ငံတွေမှာ နော်ဝေးလူမျိုးတွေဟာ စိတ်ရှည်သီးခံမှု အရှိဆုံးလို့တောင် ပြောတတ်ကြတယ်။ သူတို့ သီးခံစိတ်ရှည်နေပုံကို ဘေးကကြည့်ပြီး ကိုယ်တောင်စိတ်မရှည်ချင်တော့ဘူး..၊ အဲလောက်အထိစိတ်ရှည်တယ်။ ကိုယ့်အပေါ် အသလွတ်စော်ကားမော်ကားစွတ်စွဲပြောဆိုနေတဲ့ ကျောင်းသားတယောက်ကို မျက်နှာမပျက် တည်တည်ငြိမ်ငြိမ်ရှင်းပြတတ်တဲံ ဆရာတွေကို လေးစားလိုက်တာ..။ ကိုယ်က လမ်းမသိလို့ ကြုံတဲ့လူတယောက်ယောက်ကို မေးလိုက်ရင် သူ့ကိစ္စရေးကြီးသုတ်ပျာ ကို အသာထားပြီး အိပ်ထဲက မိုဘိုင်းကိုထုတ် လမ်းညွှန်မြေပုံရှာပြီးတော့ကို သေသေချာချာလမ်းညွှန်ပြတယ်။ လူတဖက်သားကျေနပ်အောင်ကူညီပေးရတာဟာ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူတဦးရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ်ဆိုတဲံ စိတ်ဓာတ်ရေးရာယဉ်ကျေးမှုဆိုတာကို ပြောပြနေတာပဲ..။ စိတ်ရှည်သီးခံတော့ ဘုရားဟောနဲ့လည်း ကွက်တိပဲ။ အမှားလည်းနည်းသွားသလို၊ သူတပါးကိုလည်း ခွင့်လွှတ်သီးခံ နားလည်သဘောပေါက်တဲံ ရင့်ကျက်မှုပါဖြစ်သွားစေတယ်။ ရန်လည်းမပွားတော့ဘူး၊ အားလုံးဟယာမိတ်ဘက်။ သူ့ပြဿနာသူရှင်းပေးလိုက်သလိုလည်းဖြစ်သွားတယ်။ Tolmodig ဟာ သိတ်ကောင်းတယ်။ ဘ၀ရဲ့ အနှစ်သာရဖြစ်တယ်။ မယုံရင် သုံးကြည့်..။ အောင်မြင်ချင်ရင် နည်းနည်းတော့စိတ်ရှည်ရမယ်...။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။