Eternal Light Magazine
“အမြင်မတူတာက ပြဿနာမဟုတ်ဘူး။ အမြင်မတူတဲ့အပေါ်မှာ တို့ဘယ်လိုရှုမြင်သလဲဆိုတာက ပြဿနာ”
Q. မြန်မာတွေရဲ့ အကျင့်စရိုက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက် အမြင် မတူဘူး၊ အယူအဆမတူဘူးဆိုရင် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်တာ နည်းပြီးတော့ ငြင်းခုန်ရန်ဖြစ်တတ်ကြတယ်။ တချို့ဆိုရင် အယူအဆလေး တစ်ခုမှာ မတူညီတာနဲ့ဘဲ မိတ်ဆွေတွေအဖြစ်ကနေ ရန်သူလို မျိုးတောင် ဖြစ်သွားတတ်ကြတယ်။ အဲဒါကြောင့် ဆွေးနွေးညှိနှိုင်းမှုရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသ...လဲဆိုတာ ပြောပြပေးပါဆရာ။
A. ဆရာတို့လူမျိုးတွေရဲ့ အားနည်းချက်က ကိုယ်နဲ့သူနဲ့ အမြင်မတူဘူးဆိုရင် ပထမဦးဆုံး အဆင်ပြေအောင် ညှိဖို့စိတ်မကူးဘူး။ ကိုယ့်အမြင်ကို သူလက်ခံဖို့ ဇွတ်ပြောတယ်။ ကိုယ့်အမြင်ကို သူ လက်ခံအောင်ပြောရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဝေးသွားပြီးတော့ မုန်းသွားကြတယ်။ မုန်းသွားတော့ အားလုံးဆုံးရှုံးသွားတယ်။ ဒီဘက်ခေတ်မှာမှမဟုတ်ဘူး။ ဖ.ဆ.ပ.လခေတ်မှာကတည်းက ရှိခဲ့တာ။ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး။ အခုဆိုရင်လည်း ဆရာတို့ သာမန်ကိစ္စလေးတစ်ခုမှာကို အစည်းအဝေးက မစသေးဘူး။ ကွဲခါနီးနေပြီ။ အစည်းအဝေးလည်းစရော အမြင်မတူတော့ ကွဲသွားပြီ။
အမှန်ကတော့ အမြင်မတူတာက ပြဿနာမဟုတ်ဘူး။ တို့အားလုံးဟာ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဖို့ပဲ အရေးကြီးတယ်။ အမြင်မတူခြင်း အပေါ်မှာ အတူတူလက်တွဲပြီး ညှိနှိုင်းလုပ်ကြတဲ့ အကျင့်ဟာ တို့လူမျိုးတွေ ရဲ့ယဉ်ကျေးမှုမှာမရှိဘူး ဖြစ်နေတယ်။ အဲဒီယဉ်ကျေးမှုမထွန်းကားသေး သရွေ့ ဆရာတို့တောင်းနေတဲ့ ဒီမိုကရေစီကို ဘယ်သူကမှ ပေးမှာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ကိုယ်ကိုယ်တိုင် စိုက်ပျိုးယူရမှာ။ ဥပမာ ပြောရရင် နေပူထဲမှာ ဆရာတို့ကို ထီးမိုးပေးလို့ အော်နေမယ့်အစား ဆရာတို့ကိုယ်တိုင် ထီးကို ဖွင့်ဆောင်းရမှာ။ “ထီးမိုးပေး၊ ထီးမိုးပေး” လို့ အော်နေမယ့်အစား ကိုယ်တိုင်သစ်ပင်စိုက်ပြီး အဲဒီသစ်ပင်အရိပ်အောက် မှာ ဆရာတို့ ကိုယ်တိုင် အရိပ်ခိုရမှာ။ အဲဒါ ဒီမိုကရေစီပဲ။ ဒီမိုကရေစီဆိုတာ လူတစ်ယောက်ကပေးမှ၊ လူတစ်စုကပေးမှ၊ အစိုးရကပေးမှ ဒီမိုကရေစီရတာ မဟုတ်ဘူး။ ဆရာတို့ကိုယ်တိုင် အမြင်မတူမှုအပေါ်မှာ သဘောထားကြီးကြီး နဲ့ မာယာမပါတဲ့အပြုံး၊ မှန်ကန်တဲ့စကားလုံးတွေနဲ့ တကယ်ဆက်ဆံနိုင်မှ ဒီမိုကရေစီ။ ဥပမာ ဘောလုံးပွဲလိုပေါ့။ ဒီနှစ် ဆုဖလားမရတဲ့ ဘောလုံး အသင်းဟာ ဒီနှစ် ဆုဖလားမရပေမယ့် နောက်နှစ်တွေမှာ ယှဉ်ပြိုင်ရင် ရနိုင်သေးတာပဲ။ အဲဒါ ယဉ်ကျေးမှုပဲ။ ရွေးကောက်ပွဲမှာ ဒီတစ်ကြိမ် မနိုင်လည်း နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရင် အနိုင်ရနိုင်တာပဲ။ အဲဒီ စိတ်မျိုးထားနိုင်ရင် ကောင်းတဲ့ယဉ်ကျေးမှု ဖြစ်သွားမှာပဲ။ မနိုင်နိုင်အောင် လုပ်မယ်ဆိုရင်တော့ သွားပြီ။ ဒါကြောင့် အမြင်မတူ တာက ပြဿနာမဟုတ်ဘူး။ အမြင်မတူတဲ့အပေါ်မှာ တို့ဘယ်လိုရှုမြင်သလဲ ဆိုတာက ပြဿနာ။ အမြင်မတူခြင်းတွေအပေါ်မှာ နှုတ်နဲ့ပြောဆိုကြ တာက မြင့်မားတဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်တယ်။ အမြင်မတူတဲ့ သူတွေအချင်းချင်း ဆွေးနွေးညှိနှိုင်းတတ်ဖို့လိုတယ်။
“အကျင့်စရိုက်ဆိုတာ လူတစ်ယောက်ရဲ့ကံကြမ္မာ၊ လူမျိုးတစ်မျိုး ရဲ့ကံကြမ္မာ၊ နိုင်ငံတစ်နိုင်ငံရဲ့ကံကြမ္မာပဲဆိုတဲ့ ဦးဘုန်း(ဓာတု) နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။