Nyein Chan Win with Shwezinmin Lingua and 49 others
သူငယ်ချင်း
======
======
တစ်ခါတုန်းက… ရှေ့ တန်းစစ်မြေပြင်မှာ စစ်သားတစ်ယောက်က ဒဏ်ရာရနေတဲ့ သူ့သူငယ်ချင်းကို ပစ်ကွင်းထဲက သွားကယ်ဖို့ လုပ်တော့ ဗိုလ်ကြီးကပြောတယ်…
“ မသွားနဲ့ …မင်းပါသေချင်လို့လား…မင်းသွားလည်း သူကသေတော့မှာ”
လို့ဆိုပေမယ့်… သွားဖြစ်အောင်ကို သွားကယ်ခဲ့ပါတယ်…။ သူငယ်ချင်းအလောင်းကိုထမ်းလာတဲ့ တပ်သားကိုမြင်တော့ ဗိုလ်ကြီးက ထပ်ပြောတယ်…။
“ငါပြောသားပဲ…မင်းသွားလည်းအလကားပဲ…ခု သူသေနေပြီ…”
ဆိုတော့ တပ်သားလေးက ပြန်ဖြေတယ်…။
“ အလကားမဖြစ်ပါဘူး ဗိုလ်ကြီး ကျနော်သွားရကျိုးနပ်ပါတယ်…ကျနော်သူ့ဆီရောက်တော့ ကျနော့ကိုမြင်မြင်ချင်း သူပြုံးပြပြီး သူ့ရဲ့ နောက်ဆုံးစကားတစ်ခွန်းပြောသွားတယ်…အဲ့ဒီစကားကတော့…”
“ မင်းရောက်လာမယ်ဆိုတာ ငါသိတယ်..” တဲ့…။ ။
Nyein Chan Win စကားလုံးဖလှယ်သည်…
https://www.facebook.com/yarza.dirid
Ref ; http://rishikajain.com
........

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။