Golden Land Myanmar
အအေးမိ နှာစေး ပျောက်ဆေး များ သောက်မည် ဆိုပါက
အအေးမိ ခြင်း၊ နှာစေးခြင်း များ အတွက် ဆေးများ ကို ကွမ်းယာ ဆိုင်များ မှ အစ နေရာ မရွေး အ လွယ် တကူ ဝယ်ယူ နိုင်ကြ ပါသည်။ သို့ဖြစ် ၍ လည်း အအေးမိခြင်း အတွက် မိမိ ဘာသာ ဆေး ဝယ် သောက်ကြ သည် က များသည်။
သတိထား စေ လိုသည်မှာ အအေးမိ၊ နှာစေး ပျောက်ဆေး အများစု တွင် အကိုက် အခဲ ပျော က်ေ ဆး ( လူအများ သိနေ ကြသည့် ပါရာစီ တမော Acetaminiophen ) ပါဝင်သည်။ ဖျားခြင်း၊ ကိုယ် လက် က...ိုက်ခဲ နာကျင်ခြင်း၊ ခေါင်းကိုက် ခြင်း အစ ရှိသော လက္ခဏာ များ ရှိက ထို အအေးမိ နှာေ စး ပျောက်ဆေး များ သောက်၍ ရပါ သည်။ သို့သော် ဖျားခြင်း၊ ကိုက်ခဲခြင်း များ မရှိ၊ သာမန် နှာေ စး ချောင်းဆိုး ခြင်း သာ ရှိသူများ အနေဖြင့် အကိုက် အခဲ ပျောက်ဆေး များ ပါဝင်သည့် အအေး မိေ ပျာက်ဆေး များ သောက်ရန် မလို အပ်ပါ။ နှာစေး ခြင်း၊ နှာပိတ်ခြင်း အတွက် သုံးသော ဆေး သာ သောက် ရန် လိုအပ်သည်။

ထို့ အတူ အချို့သော သူများ က ထို အအေးမိ ခြင်း အတွက် သုံးသော ဆေးများ သာမက ကိုယ် လက် ကိုက်ခဲ ဖျားနာ သဖြင့် ပါရာစီတမော ပါ တွဲသောက် ကြ သည်။ ထိုအခါ လိုအပ် သော အကို က်အခဲ ပျောက်ဆေး ပမာဏ ထက် ပိုများ သွား ပါသည်။ လူတိုင်း သိကြ သည့် အတိုင်း ဆေး ဆို သည် က ဘေးထွက် ဆိုးကျိုးများ ရှိပါသည်။ ပါရာစီ တမော ဆေးများ လိုအပ် သည် ထက် ပိုသော က်မိ ပါက အသည်း ကို ထိခိုက် စေနိုင်သည် ကို သတိမူ သင့် ပါသည်။
ဆေးကို အမှန် တကယ် လိုအပ် မှ သောက် ခြင်း သာ အကောင်ဆုံး ဖြစ် သည်။ သို့ဖြစ် ၍ အအေး မိ ၍ ဆေးဝယ် သောက်မည် ဆို ပါက Acetaminiophen( ပါရာစီတမော ) ပါ၊ မပါ ကို ဆန်းစစ် သ င့် သည်။ အကောင်းဆုံး မှာ ဆေး အကြောင်း နားလည် တတ်ကျွမ်း သူ သို့မဟုတ် ဆရာဝန် နှင့် တိုင်ပင် ပြီးမှ သာ သောက်ခြင်း သာ ဖြစ် ပါသည်။
မှတ်ချက် - နာတာရှည် ရောဂါ ဥပမာ - သွေးတိုး ရောဂါ ရှိသူများ၊ အသက်ကြီး သူများ အနေဖြင့် အအေးမိ နှာစေး ပါက ဆရာဝန် နှင့် ပြသ ပြီး မှသာ ဆေးသောက် သင့် ပါသည်၊၊
Mg Mandalay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။