Nyein Chan Win
•••ပုံပြင်ထဲက ခရီးသွားမျာ့း •••
ဟိုရှေးတုန်းကပေါ့ ...့မျက်ကန်းရယ် , ပေါင်တိုရယ် , သူတောင်းစားရယ်ဟာ ခရီးတစ်ခုကို အတူသွားကြသတဲ့။ မျက်ကန်းကလည်းလမ်းမမြင် ပေါင်တိုကလည်း ခြေနှစ်ဖက်စလုံးပြတ်နေတာဆိုတော့ အဆင်ပြေသွားအောင် ပေါင်တိုကို မျက်ကန်းဂုတ်ပေါ် တင်လိုက်တယ် ။ ပေါင်တိုကလမ်းပြောပြ မျက်ကန်းကအောက်ကလျှောက် အဆင့်ကိုပြေလို့ ...
ဒီလိုနဲ့ လမ်းခုလတ်တစ်နေရာရောက်တော့ လေကလေးတစ်...ချက်ဝေ့လိုက်တဲ့အခါ မျက်ကန်းက

" ရှုခင်းလေးက သာယာလိုက်တာကွာ..."
တဲ့ ...ကဲလုပ်ပုံ ။ အမှန်က ချုံကြိုချုံကြား ဘာမှမသာယာပါဘူး ။ စိတ်မရှည်တဲ့ ပေါင်တိုက
"သောက်ကမ်းကလည်းတမှောက့် ဘာမှလည်းမြင်တာမဟုတ်ဘဲနဲ့ ငါဖနောင့်နဲ့ပေါက်လိုက်ရ"
တဲ့။ ကောင်းရော။ ခြေနှစ်ဖက်စလုံးမရှိတဲ့ပေါင်တိုက ဖနောင့်နဲ့ပေါက်ဦးမတဲ့ ။သူကအပေါ်ကခွထားတာဆိုတော့ နီးရာနဲ့ပေါက်လိုက်ပြီးတာပဲ ။ လက်ဖနောင့် နဲ့ပြောပါတယ်။ ဒီတော့ သူတောင်းစားကလည်း အားကျမခံ ဝင်ပြောတယ် ...
" လုပ်ထဲ့လိုက်စမ်းကွာ့ ...့ကုန်ကျစရိတ် အကုန်ငါရှင်းမယ် "
တဲ့ ။ သူတောင်းစားက ။
ဒီပုံပြင်ထဲကလိုလူတွေ အပြင်မှာလည်း အများကြီးရှိပါတယ် ။ မရှိတဲ့လူက ကြွားချင် မသိတဲ့လူက ဆရာလုပ်ချင် မတတ်တဲ့သူကပညာပြချင် ဆိုတဲ့လူမျိုးတွေ သယ်ရင်းလည်းတွေ့ဖူးမှာပါ ။ ဘာပဲဖြစ်ဖြစ် ဒီပုံပြင်လေး ကြားဖူးထားတော့ ငါတို့ကိုယ်တိုင် " ရှုခင်းလေးက သာယာလိုက်တာ " ဆိုတာမျိုး မလုပ်မိအောင်ဆင်ခြင်နိုင်တာပေါ့ကွာ့ ။ ။
Nyein Chan Win
https//www.facebook.com/yarza.dirid

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။