Nine Nine Sanay @ နိုင်းနိုင်းစနေ
Stephen William Hawking (8 January 1942-- )
ပါမောက္ခ Stephen Hawkingက ယနေ့မျက်မှောက်ခေတ် ထူးချွန်မြင့်မြတ်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်။ ထူးချွန်တဲ့သိပ္ပံပညာရှင်၊ မျက်မှောက်ခေတ် အိုင်းစတိုင်းလို့ တင်စားခံရသူဖြစ်တယ်။ သူဟာ ၂ဝရာစုမှာ ထင်ရှားကျော်ကြားတဲ့ ရူပဗေဒပညာရှင်တစ်ဦးဖြစ်တယ်။
Hawkingဆိုတာ ဘယ်သူလဲ၊
သူဟာ ဦးနှောက်ကြီးတစ်လုံး၊ သူဟာ ဒဏ္ဍာရီတစ်ပုဒ်၊ သူဟာ ယနေ့ခေတ်မှာ ထင်ရှားကျော်ကြားတဲ့ ရူပဗေဒအယူအဆဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်တယ်။ ဒါမှမဟုတ် သူဟာ ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး ဘဝကံကြမ္မာကို စိန်ခေါ်ရဲတဲ့ သူရဲကောင်းဖြစ်တယ်။
Hawkingက ရှင်သန်ဖို့ အာသီသပြင်းထန်သူတစ်ဦးဖြစ်တယ်။ သာမန်လူ မခံနိုင်တဲ့ ဆင်းရဲဒုက္ခတွေကို သူခံနိုင်ရည်ရှိတယ်။ ရှင်သန်ဖို့ ဆံတစ်မျှင်လေးဖြစ်ဖြစ် သူလက်မလွတ်တတ်ခဲ့ဘူး။ သူ့ကို အသက်ရှင်ဖို့ လုံးဝမျှော်လင့်ချက်မရှိတော့ဘူး၊ အသက်ရှင်ဖို့ အခြေအနေမရှိတော့ဘူးလို့ လူတွေထင်ထားခဲ့ပေမယ့် သူအသက်ရှင်ခဲ့သလို ထူးဆန်းအံ့သြမှုတွေကိုလည်း ဖန်ဆင်းပေးနိုင်ခဲ့ပါတယ်။ လူတချို့က ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရချိန်၊ သေမင်းနဲ့အံတုရချိန် သူတို့ရဲ့အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်က ဘေးအန္တရာယ်ကနေ ကင်းလွတ်စေနိုင်ခဲ့သလို သေမင်းကိုလည်းအလဲဖြိုနိုင်ခဲ့ပြီး ဆက်လက်အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ တစ်ခါတလေမှာ ခန္ဓာကိုယ်မကျန်းမာသည့်တိုင် စိတ်ဓာတ်ကျန်းမာဖို့က ပိုအရေးကြီးပါတယ်။
အင်္ဂလန်သိပ္ပံပညာရှင် Stephen Hawkingက ဒီလိုလူမျိုးဖြစ်တယ်။ Hawkingကို ၁၉၄၂ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူဟာ အသက်၁၇နှစ်မှာ နာမည်ကြီးအောက်စဖို့ဒ်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တယ်။ သူ ၂၁နှစ်အရွယ်မှာ အာရုံကြောကျုံ့အကြောမာရောဂါစွဲကပ်တဲ့ ရောဂါလက္ခဏာဖြစ်ခဲ့တယ်။ ဆရာဝန်ပညာရှင်တွေက သူ့ကို ၂နှစ်ခွဲလောက်ပဲ အသက်ရှင်နိုင်မယ်လို့ပြောခဲ့တယ်။
ဒီလို ကြီးမားတဲ့ကံဆိုးမိုးမှောင်ကျခဲ့ရင် လူအများက မျှော်လင့်ချက်မဲ့ကုန်တတ်ကြတယ်။ ဒါပေမယ့် Hawkingက အဲဒီလိုမဟုတ်ခဲ့ဘူး။ ဒီအချိန်တိုတို ၂နှစ်ခွဲအတွင်းမှာ သေဖို့စောင့်နေရမယ့်တူတူ အဓိပ္ပာယ်ရှိတဲ့အလုပ်ကို ငါကြိုးစားလုပ်ကိုင်ပြီး ဘဝအတွက် နာမည်ကောင်းတစ်ခုချန်ထားခဲ့မယ်လို့ သူတွေးတယ်။
သူရဲ့ရောဂါက တစ်နေ့တခြား အခြေအနေဆိုးလာခဲ့တယ်။ အကြောတွေ တစ်နေ့တစ်နေ့ ကျုံ့သွားလိုက်တာ လမ်းတောင်ဖြောင့်ဖြောင့် မလျှောက်နိုင်ခဲ့တော့ဘူး။ နောက်ဆုံးမှာ သူရပ်တောင်မရပ်နိုင်တော့ဘဲ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ခဲ့ရတယ်။ သူ့ရဲ့လက်ချောင်းတွေဟာလည်း လှုပ်ရှားဖို့ တုံ့နှေးလာခဲ့တယ်။ လက် ၁ဝချောင်းမှာ ၂ချောင်းပဲ လှုပ်နိုင်တော့တယ်။ သူ့ရဲ့ အသံထွက်အင်္ဂါအစိတ်အပိုင်းဟာလည်း အကြောတွေကျုံ့ခဲ့လို့ စကားမပြောနိုင်ခဲ့တော့ပါဘူး။
ကံဆိုးရာ မိုးမှောင်ကျဆိုသလို သူအဆုတ်ရောဂါစွဲကပ်ခဲ့ပြန်တယ်။ ခွဲစိတ်ကုသခံခဲ့ရလို့ နောက်ပိုင်းမှာ လုံးဝ စကားမပြောနိုင်ခဲ့တော့ပါဘူး။ နောက်ပိုင်းမှာ သူ့ရဲ့ဘီးတပ်ကုလားထိုင်မှာ ကွန်ပြူတာနဲ့အသံထွက်စက်ပေါင်းစပ်တဲ့ စက်တစ်လုံးတပ်လိုက်တယ်။ လှုပ်ရှားနိုင်တဲ့ သူ့လက်ညိုး၂ချောင်းနဲ့ သူပြောချင်တဲ့စကားကို ကီးဘုတ်ပေါ်မှာရွေးပြီး စကားလုံးအဖြစ်ပေါင်းစပ် ပြီးတော့ အသံထွက်စက်ကနေ အသံထွက်တဲ့နည်းနဲ့ သူစကားပြောခဲ့ရတယ်။
စကားမပြောနိုင်ပေမယ့် သူ့ရဲ့တွေးတောမှုက လုံးဝမရပ်တန့်ခဲ့ပါဘူး။ သူ့လက်ထောက်က စာရွက်စာတမ်းတွေကိုဖြန့်ပြီး စားပွဲပေါ်တင်ပေးရင် သူကတစ်ရွက်ချင်းဆီ ဖတ်တော့တယ်။ သူ့ခန္ဓာကိုယ်က ဘီးတပ်ကုလားထိုင်ပေါ်မှာ မလှုပ်နိုင်ပေမယ့် သူ့ဦးနှောက်က စကြဝဠာတစ်ခွင်ရဲ့ပြဿနာကို တွေးတောနေခဲ့ပါတယ်။ စကြဝဠာဘယ်တုန်းကစလဲ၊ အချိန်ဆိုတာ အဆုံးရှိသလား…. “တွင်းနက်ကြီး”ရဲ့ပေါက်ကွဲမှုတွေကို သူလေ့လာဆန်းစစ်ခဲ့တယ်။
ခန္ဓာကိုယ်မသန်စွမ်းပေမယ့် သာမန်လူတစ်ဦးလို အသက်ရှင်နိုင်ဖို့ Hawking ကြိုးစားခဲ့တယ်။ သူလုပ်ချင်တာတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့တယ်။ သူဟာ တက်တက်ကြွကြွရှင်သန်ခဲ့တယ်။ သူ့တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တဲ့နောက်ပိုင်း သူဟာ လှုပ်ရှားနိုင်တဲ့လက်၂ချောင်းလေးနဲ့ ဘီးတပ်ကုလားထိုင်ကိုမောင်းနှင်ပြီး သူ့ရုံးခန်းရှိရာဆီ တက်တက်ကြွကြွ သွားခဲ့တယ်။ မော်စကိုရဲ့ဟိုတယ်တစ်ခုမှာ အားလုံးကိုက,ဖို့ သူနိုးဆော်ခဲ့တယ်။ သူလည်း သူ့ဘီးတပ်ကုလားထိုင်ကို တစ်ပတ်ပြီးတစ်ပတ်လည်ခဲ့တယ်။ ချားစ်မင်းသားနဲ့ တွေ့ဆုံချိန်မှာ Hawkingဟာ သူ့ဘီးတပ်ကုလားထိုင်ကိုလည်ပြီး ဝံ့ကြွားခဲ့တယ်။
ကမ္ဘာ့ဆွဲငင်အားလို လူအများကိုဆွဲဆောင်နိုင်တဲ့ Hawkingဟာ ကမ္ဘာ့ဆွဲငင်အားဒဏ်ကိုလည်း မကြာခဏခံခဲ့ရပါတယ်။ အဲဒါက ဘီးတပ်ကုလားထိုင်?

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။