Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 10, 2013

လူမွဲတွေအကြောင်း

လူမွဲတွေအကြောင်း
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
အခုဖော်ပြပေးမှာကတော့ ဘဝမှ...ာ တိုးတက်အောင်မြင်မှုရရှိအောင် ချမ်းသာပြည့်စုံအောင် မလုပ်နိုင်ခဲ့တဲ့သူတွေရဲ့ အမူအကျင့်၊ စိတ်နေသဘောထားနဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်... ဒီအချက်တွေကို သိရှိပြင်ဆင်ပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် တိုးတက်အောင်မြင်ကြီးပွားတဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်... ဘယ်လိုအချက်တွေက လူမွဲတစ်ယောက်အဖြစ် တွန်းပို့နေသလဲဆိုတာကို လေ့လာကြည့်ကြရအောင်...

၁) စကားများခြင်း
လူတွေမှာ ပါးစပ်တစ်ပေါက်နဲ့ နားနှစ်ဖက်ပါပါတယ်... ဆိုလိုတဲ့သဘောကတော့ များများနားထောင်ပြီး နည်းနည်းပြောရမယ်ဆိုတာပါပဲ... သိစရာ မှတ်စရာ လေ့လာစရာတွေကို လေ့လာဆည်းပူးသင်ယူမှုမလုပ်ဘဲ ကိုယ်သိသလောက်ကို အဟုတ်ထင်ပြီး စကားများနေတတ်တဲ့သူတွေဟာ လူမွဲဖြစ်မယ့် လမ်းစပေါ် ရောက်နေတဲ့ သူတွေဖြစ်ပါတယ်... လူပြောမသန် လူသန်မပြော ဆိုတာလေးကိုလည်း နားလည်လက်ခံထားရပါမယ်...

၂) ပျင်းရိခြင်း
ထကြွနိုးကြားခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်းတွေမရှိဘူးဆိုရင်တော့ ဘယ်လုပ်ငန်းမှာမှ တိုးတက်အောင်မြင်ဖို့မရှိပါဘူး... ကိုယ်စိုက်ပျိုးတဲ့ အရာကို ကိုယ်ပြန်လည်ရိတ်သိမ်း ရမှာဖြစ်ပါတယ်... ဘယ်အရာမှ သူ့အလိုလိုရလာတာမရှိတဲ့အတွက် ကြိုးစားလုပ်ကိုင်ဖို့လိုပါတယ်... အချိန်နဲ့အမျှ ကြိုးစားနေမှသာ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်... ပျင်းရိခြင်း ခြောက်ပါးကင်းဖို့အမြဲသတိပြု အားထုတ်သင့်ပါတယ်...

၃) စုဆောင်းမှု ရင်းနှီးမှုမရှိခြင်း
တစ်ချို့လူတွေက အဝတ်အစား အသုံးအဆောင်တွေဝယ်ဖို့ ငွေရှာပါလိမ့်မယ်... ဒါပေမဲ့ စာအုပ်တစ်အုပ်ဝယ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ့ဖို့အတွက်တော့ ငွေမလုံလောက်ဘူးလို့ ဆိုကြပါလိမ့်မယ်... ဒီလိုလူတွေကလည်း လူမွဲဖြစ်မယ့် လမ်းကြောင်းပေါ် လျှောက်နေတဲ့ သူတွေဖြစ်ပါတယ်... ရလာတဲ့ ပိုက်ဆံကို သုံးမယ်... ပြီးရင် အကြွေးထပ်ယူမယ်... အဲ့လိုနဲ့ မလောက်မငဖြစ်လာပါမယ်... လူ့လောကကြီးမှာ ရှင်သန်ရပ်တည်တဲ့အခါမှာ ရရစားစား ဘဝမျိုးကလွတ်အောင် စီမံနိုင်ဖို့အရေးကြီးပါတယ်...

၎) စာမဖတ်ခြင်း
ခေါင်းဆောင်တွေဟာ စာဖတ်သမားတွေဖြစ်တယ်လို့ ဆိုကြပါတယ်... ချမ်းသာကြွယ်ဝမှုနဲ့ သက်ဆိုင်တဲ့ အရာအားလုံးဟာ စာအုပ်တွေထဲမှာ ပါရှိပြီးသားဖြစ်ပါတယ်... ဒါကြောင့် ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်မယ့် စာအုပ်တွေကို ရှာဖတ်ဖို့လိုပါတယ်... လူမွဲတွေကိုကြည့်ရင် စာဖတ်တာကို ဝါသနာလုံးဝမပါသူတွေဖြစ်တာများပါတယ်... စည်းစိမ်ချမ်းသာကို ရှာဖွေနိုင်ဖို့ အလွယ်ကူအထိရောက်ဆုံးနည်းလမ်းတွေကို စာအုပ်တွေကနေ သူတို့ ဘယ်တော့မှ မဖော်ထုတ်နိုင်ကြပါဘူး...

၅) စည်းကမ်းမရှိခြင်း
သင့်မှာ တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေရှိနေတယ်ဆိုရင်တောင် သင့်ရည်မှန်းချက်အောင်မြင်ထမြောက်မယ်လို့ အတိအကျ မဆိုနိုင်သေးပါဘူး... အောင်မြင်ဖို့အတွက်နည်းလမ်းကတော့ စီမံချက်ချမှတ်ဖို့နဲ့ အဲ့ဒီစီမံချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်... ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်က သင့်ကိုယ်သင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားဖို့လိုပါတယ်... လူမွဲတွေ မအောင်မမြင်ဖြစ်ရခြင်းအကြောင်းကတော့ စည်းကမ်းချက်တွေချမှတ်ထားခြင်းမရှိတာရယ် အဲ့ဒီစည်းကမ်းအတိုင်း လိုက်မလုပ်နိုင်တာတွေက အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်... စည်းကမ်းရှိမှတိုးတက်မည်ဆိုတာ တကယ်မှန်တဲ့စကားဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းနဲ့ အောင်မြင်မှုဆိုတာ အပြန်အလှန်အမှီသဟဲပြုနေကြပါတယ်...

၆) လူပေါင်းမှားခြင်း
လူတစ်ချို့မတိုးတက်မကြီးပွားရခြင်းအကြောင်းရင်းတစ်ချက်ကတော့ သူတို့ဟာ လူမွဲတွေဆီက အကြံဥာဏ်တွေကို ယူတတ်လို့ပါပဲ... သင်နဲ့ခင်မင်တာ လေးငါးလလောက်မှ မကြာသေးတဲ့သူတွေဆီက ဘာလို့အကြံယူမှာလဲ... အလကားသက်သက်ရရှိတဲ့ အကြံဥာဏ်တွေအပေါ် ဘာလို့ပုံအပ်ယုံကြည်ရမှာလဲ... ဆရာတင်မှားတဲ့ပြဿနာက အကန်းကို အကန်းကတွဲခေါ်နေသလိုပါပဲ... သင့်အနေနဲ့ အကြံဥာဏ်တစ်ခုခုလိုချင်တယ်ဆိုရင် သင်ရောက်ချင်တဲ့ပန်းတိုင်ကို တကယ်ရောက်နေတဲ့သူတွေ.. သင်ဖြစ်ချင်သလို တကယ်ဖြစ်နေတဲ့သူတွေဆီကသာ ရယူရပါမယ်...

၇) စံပြပုဂ္ဂိုလ်မရှိခြင်း
စံပြပုဂ္ဂိုလ်ဆိုတာက လက်ရှိသင်ကြိုးစားနေတဲ့နယ်ပယ်မှာ မြင့်မားတဲ့အခြေအနေတစ်ရပ်ရပ်ကို ပိုင်ဆိုင်ရောက်ရှိနေတဲ့သူမျိုးဖြစ်ပါတယ်.. သင့်ရဲ့စံပြပုဂ္ဂိုလ်ကို သင့်ရဲ့အကောင်းဆုံးပုံစံရရှိအောင် သင်ကြားပြသနေသူအဖြစ် လက်ခံယူဆထားရပါမယ်... ဥပမာ သင်က သူဌေးဖြစ်ချင်တယ်ဆိုရင် သူဌေးတစ်ယောက်ကို စံပြပုဂ္ဂိုလ်အဖြစ်ထားရပါမယ်... ဝင်ငွေ သိန်းဂဏန်းလောက်ပဲရှိတဲ့သူတစ်ယောက်ဟာ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်သွားအောင် နည်းလမ်းပြပေးနိုင်ဖို့ မသေချာပါဘူး... လူမွဲတွေဟာ သူတို့ကိုယ်သူတို့ အဟုတ်ထင်ပြီး အရာရာကိုယ်တိုင် လုပ်ချင် ကိုယ်တိုင်လေ့လာသင်ယူချင်နေတတ်ကြပါတယ်... တကယ့်တကယ် သိတတ်တဲ့သူတွေဆီ ဆည်းပူးသင်ယူမယ်ဆိုရင် အချိန်ကုန်လူပန်း အများကြီး သက်သာနိုင်ပါတယ်... လွယ်တာကို ခက်အောင်မလုပ်မိဖို့ သတိပြုရပါမယ်...

၈) ဆင်ခြေဆင်လက်များခြင်း
မအောင်မြင်တဲ့သူတွေဟာ ဆင်ခြေပြီး ဆင်ခြေပေးနေတတ်ကြပါတယ်... လူမွဲတွေဟာ သူတို့မချမ်းသာရခြင်းအကြောင်းကို သောင်းပြောင်းထွေလာပြောပြပါလိမ့်မယ်... အလုပ်အကိုင်ဘာလို့မကောင်းတာလဲ... ဒါမှမဟုတ် သူတို့ဘဝမှာ ဘာကြောင့် အောင်မြင်မှုမရသလဲဆိုတာတွေကိုပေါ့... အဖေက အရက်စွဲနေလို့... အမေကကျန်းမာရေးမကောင်းလို့... မိသားစုကဆင်းရဲလို့... ကျောင်းဆက်မတက်နိုင်လို့... ကံကြမ္မာကမျက်နှာသာမပေးလို့ စသဖြင့်ပေါ့... ဘယ်လိုပဲဆင်ခြေပေးပေး လူမွဲတွေမွဲမြဲမွဲနေရတဲ့ အကြောင်းရင်းကတော့ သူတို့ဒီထက်ပိုမလုပ်နိုင်တော့ဘူးလို့ လက်ခံယုံကြည်သွားတာကြောင့်ပဲ ဖြစ်ပါတယ်...

၉) ကြီးပွားလိုစိတ်မရှိခြင်း
လူမွဲတော်တော်များများမှာ လူမွဲစိတ်ဓာတ်ဆိုတာ ရှိပါတယ်... အဲ့ဒီလို ခံယူချက်မှားပြီဆိုရင်တော့ ဘုရားတောင်ကယ်နိုင်မှာမဟုတ်ပါဘူး... အရေးကြီးဆုံးအချက်က သင်ဘာတွေကို စဉ်းစားလဲဆိုတာပါပဲ... သင့်စဉ်းစားပုံက သင့်လုပ်ဆောင်ချက်ကိုဆုံးဖြတ်ပါတယ်... သင့်လုပ်ဆောင်ချက်က မှန်နေဖို့ အပြုသဘောဆောင်နေဖို့ အရေးကြီးပါတယ်... အတွေးမှာရင် အကျင့်မှားမယ်... အကျင့်မှားရင် အလုပ်လည်းမှားပါလိမ့်မယ်... ဒါကြောင့် တိုးတက်ကြီးပွားဖို့ဆိုရာမှာ မှန်ကန်တဲ့ အတွေးအမြင်ရှိဖို့လိုပါတယ်... လူတွေဟာ သူတို့တွေးထင်ယူဆတဲ့အတိုင်း ဖြစ်လာကြတာပါပဲ...

----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။