Eternal Light Magazine
“ကိုယ်က လှေကားကနေ တက်သွားရင် ဘေးမှာရှိတဲ့ လူတွေ ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး တက်သွားပါ”
Q. တချို့လူငယ်တွေက ကိစ္စတစ်ခုခုဖြစ်လာပြီဆိုရင် အကြောင်းအရာ ကို သေချာမစဉ်းစားဘဲ ပြဿနာရှာ၊ ရန်ဖြစ်၊ စကားများဖို့အတွက်ပဲ စဉ်းစားကြတယ်။ အဲဒီလိုတွေဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ ဆိုတာကို ပြောပြပေးပါလား။
A. တကယ်တမ်းတော့လည်း သွေးဆူစရာကိစ္စတစ်ခုဖြစ်နေရင်တော့ လူဆိုတာက မှားတတ်ကြတာများတယ်။ အစ်မတို့ဆိုလည်း အရမ်း စ...ိတ်ဆိုးနေတဲ့အချိန်ဆိုရင် Response က ချက်ချင်းတော့ တုံ့ပြန်လိုက် ချင်တာပဲ။ အဲဒီလို ချက်ချင်းကြီးတုံ့ပြန်တာက ၉၀ရာခိုင်နှုန်းလောက်ကတော့ အမြဲတမ်းမှားတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့စိတ်က မငြိမ်သေးဘူးလေ။ သွေးအရမ်းကြွနေတဲ့အချိန်မှာ ဘယ်သူမှလည်း တားလို့မရဘူး။ သွေးအေးတဲ့အချိန် ပြန်ပြီးစဉ်းစားလိုက်ရင် ဒါက အမြဲ မှားတတ်တယ်။ ကိစ္စတစ်ခုကို ချက်ချင်းကြီးတန်းပြီး စဉ်းစားဆုံးဖြတ် တာထက် အချိန်တစ်ခုပေးပြီး စဉ်းစားတာက အဖြေမှန်ကိုရတယ်။ ကိုယ်လုပ် လိုက်တဲ့ကိစ္စတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံး ပျက်စီးသွားစေမယ့် အရာမျိုး၊ နောင်တစ်ချိန်မှာ နောင်တအကြီးကြီးရသွားနိုင်တာမျိုးဆိုရင်တော့ မလုပ်မိဖို့လိုတယ်။

Q. တချို့သူတွေက ကိုယ်လုပ်လိုက်တဲ့အပြုအမူက တစ်ဖက်သားအပေါ်မှာ ဘယ်လောက်ထိခိုက်နစ်နာသွားလဲဆိုတာကို မကြည့်တတ်ကြဘဲ ကိုယ်လုပ် ချင်တာပဲ လုပ်ကြတဲ့သူတွေအပေါ် အစ်မရဲ့ အမြင်ကို ပြောပြပါလား။
A. အဲဒီလိုမျိုးလူတွေက တစ်ခါစားပဲရမယ်။ ရေတိုပေါ့။ သူတို့ကိုယ်တိုင်က အရှည်ကိုမတွေးလို့သာ ဒီလိုလုပ်တာ။ တချို့လူတွေဆို ကိုယ်နဲ့ရင်းနှီးပြီး သားတစ်ယောက်ကပဲ ဘယ်လိုမျိုးနင်းပြီးတော့ ကျော်ခွလိုက်ရမလဲဆိုတာက သူလိုချင်တဲ့အချိန်ကာလလေးတစ်ခုကိုပဲ သူစဉ်းစားလို့။ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ သူလည်း ကြုံရမှာပဲ။
အစ်မအမေပြောတဲ့ အင်္ဂလိပ်စကားပုံလေးတစ်ခုကို ပြောပြမယ်။ စီးပွားရေးပဲ လုပ်လုပ်၊ အနုပညာအလုပ်ကိုပဲလုပ်လုပ် ကိုယ်က လှေခါးကနေ တက်သွား ရင် ကိုယ်တက်နေတဲ့အချိန်မှာ ဘေးမှာ လူအများကြီးရှိတယ်။ ဘေးမှာရှိတဲ့ လူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး တက်သွားပါတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ထိပ်ရောက်သွားရင် တစ်နေ့မဟုတ်တစ်နေ့ အောက်ကို ပြန် ဆင်းရမှာ။ အဲဒီအခါကျရင် ဒီလူတွေနဲ့ပဲ ပြန်ဆုံလိမ့်မယ်။ ကိုယ်က တက်သွားတုန်းက ဒီလူတွေကို ကောင်းကောင်းမွန်မွန်မဆက်ဆံ ခဲ့ရင် အောက်ကလူတွေက မှတ်ထားမှာလေ။ ကိုယ်ဆင်းလာတဲ့အခါ မကျေနပ်ခဲ့တာတွေရှိရင် အကျဆိုတော့ ကန်ဖို့ပဲရှိတယ်။ ဘယ်သူမှ ထိပ်ဆုံးမှာ အကြာကြီးနေလို့မရဘူး။ တစ်ချိန်မှာတော့ ပြန်ဆင်းရမှာပဲ။ အဲဒီအခါ ကိုယ်အတက်တုန်းက မထီမဲ့မြင်လုပ်ခဲ့တဲ့သူတွေ၊ ကိုယ် ခြေထောက်နဲ့ကန်ခဲ့တဲ့သူတွေ၊ ကိုယ်ဆဲဆိုခဲ့တဲ့သူတွေက ကိုယ့်ကို ဘယ်လိုပြန်ဆက်ဆံမလဲ။ ခုနက ညီမပြောတဲ့သူက အတက်ကိုပဲစဉ်းစားပြီး အဆင်းကိုမစဉ်းစားတဲ့သူ၊ ရေရှည်မတွေးတာကြောင့်ပဲ ဖြစ်မှာပါ။
“ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ လူတွေရဲ့အကျင့်စရိုက်တွေကောင်းဖို့လိုတယ်ဆိုတဲ့ သံသာဝင်းနဲ့တွေ့ဆုံခြင်း”
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။