Eternal Light Magazine
“မတူကွဲပြားတာက တစ်ခါတလေ လောကကြီးကို ပိုပြီးလှပစေတယ်”
Q. တချို့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာနဲ့ ပဲ ပြဿနာတွေတက်ကြ၊ ရန်ငြိုးတွေထားကြတာတွေက ဖြစ်သင့် လားဆိုတာ အစ်မရဲ့အမြင်ကို ပြောပြပေးပါလား။
A. အမြင်မတူတာကတော့ ဒီအဖေ ဒီအမေကမွေးပြီး မောင်နှမချင်းတောင်မှ အမြင်မတူတာတွေရှိတယ်။ လောကကြီးမှာ အမြင်မတူတိုင်းသာ တိုက်ခိုက် ရမယ်ဆိုရင် ဘယ်သူမှ နေစရာရှိမှာ မဟုတ်ဘူး။ အန်တီစုပြောတဲ့စကား တစ်ခုမှာဆိုရင် အစ်မတ...ို့နိုင်ငံမှာ တိုင်းရင်းသားမျိုးစုံရှိတယ်။ မတူကွဲပြား တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီမတူကွဲပြားတဲ့သူတွေ အများကြီးရှိခြင်း ဟာ အစ်မတို့နိုင်ငံရဲ့ စုံလင်ခြင်းပဲတဲ့။ အမြင်အမျိုးမျိုးရှိတယ်၊ တိုင်းရင်းသား အမျိုးမျိုးရှိတယ်၊ လူအမျိုးမျိုးရှိတယ်ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ အားလုံး ပြီးပြည့်စုံတယ်။ လောကကြီးက တစ်ခုတည်းပဲတွေးပြီးတော့ လူတစ်မျိုး တစ်စားပဲရှိတယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ အမြင်မတူဘူးဆိုတာကို လက်ခံရမယ်။ သူ့အမြင်ကိုလည်း လက်ခံပေးရမယ်။ ကိုယ်နဲ့မတူလို့ ရန်သူလို့သတ်မှတ်ရင်တော့ တစ်ကမ္ဘာလုံးက တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်နေမှာပဲ။ တစ်ခါတလေကျရင် မတူတဲ့အမြင်၊ မတူတဲ့ အတွေးတွေကနေပြီး ရလဒ်ကောင်းတွေ အများကြီးရနိုင်တယ်လို့ အစ်မတော့ မြင်မိတယ်။ သူက ဒီလိုတွေးပေမယ့် ကိုယ်က ဟိုလို တွေးမယ်၊ သူ့အဖြေက ဒီလိုဖြစ်ပေမယ့် ကိုယ့်အဖြေက တခြားဖြစ်နိုင်တယ်။ အဲဒီအခါ ကျရင် ကိုယ့်အတွက် ရွေးချယ်စရာတွေက ပိုများတာပေါ့။

မတူတဲ့သူတိုင်းကိုလိုက်ပြီး ပြဿနာဖြစ်စရာတော့ မလိုဘူးပေါ့။ သို့သော်လည်း ကိုယ်လုပ်သမျှကို ကန့်လန့်လိုက်လုပ်နေတာမျိုး၊ မတူအောင် လိုက်လုပ်နေတာကတော့ တစ်မျိုးပေါ့။ ကိုယ်နဲ့ အမြင်မတူလို့ ကိုယ်ကလုပ် လိုက်တိုင်း မကောင်းဘူးဆိုရင်တော့၊ သတ်သတ်နှိပ်ကွပ်တာမျိုး၊ ဝေဖန်တာ မျိုးဆိုရင်တော့ တစ်မျိုးပေါ့။ သူကလည်း သူ့အတွေးနဲ့သူ တစ်လမ်းသွားနေ၊ ကိုယ်ကလည်း တစ်လမ်းသွားနေပေါ့။ ဘာမှသွားပြီး နှောင့်ယှက်လို့မရဘူး။
အစ်မတို့ ဂီတလောကမှာဆိုရင်လည်း ဂီတအမျိုးအစားတွေ အများကြီးရှိ တယ်။ အစ်မက Pop ဆိုတော့ Hip Hop တွေမကောင်းဘူးလို့ သွားပြောလို့ မရဘူး။ အဲဒါဆိုရင် Hip Hop တွေကလည်း အစ်မတို့ Pop တွေ မကောင်းဘူးပြောမှာပေါ။့ Rock ကြိုက်လို့ Hip Hop ကို မကောင်းဘူးပြောလို့ မရဘူး။ သူ့ပရိသတ်နဲ့သူ အခိုင်အမာရှိတယ်။ Rock မှာလည်း သူ့ပရိသတ် အခိုင်အမာရှိသလို Pop မှာလည်း သူ့ပရိသတ်အခိုင်အမာရှိတယ်။ အဲဒီတော့ ဒါတွေဟာ ဂီတရဲ့စုံလင်ခြင်းပဲ။ အစ်မပြောချင်တာက မတူကွဲပြားတာက တစ်ခါတလေ လောကကြီးကို ပိုပြီးလှပစေတယ်။
“ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ လူတွေရဲ့အကျင့်စရိုက်တွေကောင်းဖို့လိုတယ်ဆိုတဲ့ သံသာဝင်းနဲ့တွေ့ဆုံခြင်း”
Eternal Light Magazine
October 2013
လူငယ်နှင့် အကျင့်စရိုက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။