အာကာသ နှင့် စကြာဝဠာ
>>လ ပေါ် ပထမဦးဆုံး ခြေချ နိုင်ခဲံ့ သည့် အကာသ သူ ရဲ ကောင်း အမ်းစထရောင်း<< (၂)
နီးလ် အမ်း စထရောင်း နဲ့  အာကာသ ယာဉ် မှု ၃ ဦး ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က အမေရိကန် ကွန်ဂရက် ကပေး အပ် တဲ့ အမြင့် ဆုံး နိုင်ငံ သား ဆု ဖြစ် တဲ့ Medal of Congress ကို ပေး အပ် ချီး မြှင့် ခံ ခဲ့ ရ ပါတယ်။
လကမ္ဘာ ပေါ် ကို ခြေ ချ ပြီး နောက် ကမ္ဘာ ကို ပြန်လည် သတင်း ပို့  ရာ မှာ အမ်းစထရောင်း က လူသား တစ်ယောက် အနေ နဲ့  သေး ငယ် တဲ့ ခြေလှ...မ်း ဖြစ် ပေမယ့် လူ သား မျိုး နွယ်စု တစ်ခု လုံး အတွက် က တော့ မဟာ ခြေ လှမ်း ဖြစ် တယ် လို့  ဆို ပါတယ်။

အမ်းစထရောင်း ဟာ အကာသ ယာဉ်မှုး အက်ဒွင် နဲ့  အတူ လ ပေါ် မှာ ၃ နာ ရီ နီး ပါး ကြာ နေ ထိုင် ခဲ့ ပါတယ်။ NASA ကနေ အနား ယူ တော့ စင်စင် နာတီ တက္ကသိုလ် မှာ စက် မှု ဘက် ဆိုင် ရာ ပါ မောက္ခ အဖြစ် တာဝန်
ထမ်းဆောင် ခဲ့ ပြီး အာကာသ သိပ္ပံ ပညာ ရပ် သင်ကြား တဲ့ တက္ကသိုလ် တွေ မှာ လည်း လိုက်လံ ဟော ပြော ပို့  ချ ခဲ့ ပါတယ်။
ကမ္ဘာ ဂြိုလ် ကို ပြန် လည် ရောက် ရှိ လာ တဲ့ အမ်းစထရောင်း ကို CBS သတင်း ဌာန က နေ လ ကမ္ဘာ အတွေ့  အကြုံ နဲ့  ပတ် သက် ပြီး မေး မြန်း တဲ့ အခါ သူက ” ငါတကယ် ပဲ အာမဘန္တေ ပြော ရဲ ပါတယ်။ ဒီ နေ ရာ ဟာ
သိပ် စိတ် ၀င် စား ဖို့  ကောင်း တာ ပဲ ” လို့  ဆိုပါတယ်။
အမ်းစထရောင်း ဟာ လူ့  သမိုင်း နဲ့  ချီ တဲ့ အောင် မြင် မှု ရရှိ ခဲ့ ပေမယ့် ထည်ဝါ ခမ်းနား စွာ နေ ထိုင် ပြီး ကျော်ကြားမှု ကို မဖန် တီးခဲ့ ဘဲ သေဆုံး သည် ထိ အေးဆေး ရိုး ရှင်း စွာ နဲ့  ဘ၀ ကို ဖြတ် သန်း ခဲ့ ပါတယ်။ သူ့  ရဲ့  လုပ် ဖော် ကိုင် ဖက် တွေ သမ္မတ ၊ လွှတ် တော် အမတ် စသည် ဖြင့် ၀င် ရောက် အရွေး ခံ ဖို့  တိုက် တွန်း ခဲ့ ပေမယ့် သူ ဟာ ငြင်း ပယ် ခဲ့ ပါတယ်။
၁၉၆၉ ခုနှစ် မှ ၁၉၇၂ ခုနှစ် အထိ အမေရိကန် အာကာသယာဉ် မှုး ၁၂ ဦး လ ကမ္ဘာ ပေါ် သို့  ခြေ ချ နိုင် ခဲ့ ပြီး ဖြစ် သည်။
အမ်းစထရောင်း နှင့် အာကာသယာဉ် မှုး အက်ဒွင် တို့  လကမ္ဘာ ပေါ် ခြေချ သည့် သတင်း ကို ထိုစဉ် က မြန်မာ ရဒီယို မှ ကြေငြာ ခဲ့ ပြီး တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်း က လည်း ဂုဏ်ယူ ၀မ်းမြောက် ကြောင်း သ၀ဏ် လွှာ ပို့  ခဲ့ သည်။
လကမ္ဘာ ပေါ် သို့  ခြေ ချ ခါ နီး တွင် အမ်းစထရောင်း ၏ သွေး ခုန် နှုန်း သည် တစ် မိနစ် လျှင် ကြိမ် နှုန်း ရေ ၁၅၀ ရှိ သည် ဟု နာဆာ က သတင်း ထုတ် ပြန် ခဲ့ သည်။
Source:Freedom News Group

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။