Ko Htun
ပင်ဂွင်းငှက်တို့၏ မိဘမေတ္တာ
ကမ္ဘာပေါ်မှာ ပင်ဂွင်းငှက်အမျိုးအစား ၁၈မျိုးရှိပြီး၊ သူတို့တွေအားလုံးဟာ အီကွေတာရဲ့မြောက်ဘက်အရပ်မှာပဲ နေထိုင်ကြပါတယ်။
အဲဒီထဲက အရေအတွက်အများဆုံးဖြစ်ပြီး အင်ပါယာပင်ဂွင်း(Emperor penguin) လို့ ခေါ်ကြတဲ့ပင်ဂွင်းငှက်တွေကတော့ အန္တာတိကတိုက်မှာ နေထိုင်ကျက်စားကြပါတယ်။
အင်ပါယာပင်ဂွင်းတွေက သားဥ ဥတဲ့အချိန်ရောက်ရင် သူတို့နေထိုင်တဲ့ ကမ်းရိုးတန်းနဲ့ မိုင်၅၀ အကွာမှာ ဥကြလေ့ရှိပါတယ်။ သူတို့ဟာ ဥ...တွေအတွက် အသိုက်များပြုလုပ်ကြလေ့မရှိပါဘူး။
ဒါပေမယ့် ပင်ဂွင်းဥ တွေကို ရေခဲပြင်ပေါ်မှာ တိုက်ရိုက်ဥချလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အေးခဲသွားနိုင်လို့ပါ တဲ့။ ဒါကြောင့် အင်ပါယာပင်ဂွင်းတွေမှာ အများနဲ့မတူ အလွန်ထူးခြားတဲ့ သားဥကာကွယ်နည်းတွေရှိပါတယ်။

ပင်ဂွင်းအမတွေက တစ်ကြိမ်မှာ ဥတစ်လုံးပဲ ဥလေ့ရှိပါတယ်။ အမတွေက ဥ ဥပြီးချင်းမှာပဲ အထီးတွေက ဥတွေကို နှုတ်သီးတွေနဲ့လိမ့်ယူပြီး သူတို့ခြေထောက်အပေါ်မှာတင်ထားလိုက်ပါတယ်။ သူတို့ရဲ့ဗိုက်ကအမွှေးတွေနဲ့
ဥကိုနွေးထွေးစေပြီး ရေခဲခြင်းမှကာကွယ်နိုင်ရန်အတွက် အဖေဖြစ်တဲ့ပင်ဂွင်းတွေရဲ့ ခြေထောက်အပေါ်မှာ တည်ရှိစေပါတယ်။ အမတွေက ဥ ဥပြီးချင်း အစာရှာရန်ထွက်ခွါသွားကြပါတယ်။ အထီးတွေကတော့ ခြေထောက်ပေါ်မှာ
ဥကိုယ်စီ နဲ့ ၂လတိတိ ဒီအတိုင်းရပ်နေကြပါသတဲ့။ အဲဒီ၂လအတွင်း သူတို့ဟာ ဘာအစာမှမစားကြပါဘူး။ ဥကိုယ်စီနဲ့အထီးများဟာ ရာသီဥတုဒဏ်နဲ့ အခြားသဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ဘေးကပ်တန်းစီရပ်နေကြရပါတယ်။
ရာပေါင်းများစွာသော ပင်ဂွင်းအထီးများဟာ မိမိတို့သားသမီးဖြစ်လာမယ့်ကလေးတွေကို ဥမပေါက်လာခင်ကတည်းက ၂လတိတိ မစားမသောက်၊ မလှုပ်မယှက်ဘဲ အဲဒီနည်းအတိုင်း ကာကွယ်စောင့်ရှောက်ကြပါတယ်။ ၂လပြည့်လို့
အမေများဖြစ်တဲ့ ပင်ဂွင်းအမတွေပြန်လာတဲ့အချိန်ကြမှ ဥတွေကိုသူတို့ထံပြန်အပ်နှံပြီး အစာစားသောက်ဖို့အတွက် ပင်ဂွင်းအထီးများဟာ ပင်လယ်ပြင်ကိုထွက်ခွာလာကြပါတယ်။
ဥပေါက်လာတဲ့အခါမှာလည်း သားသမီးတွေကို သူတို့ခြေထောက်ပေါ်မှာပဲတင်ပြီး ခေါ်ဆောင်သွားလေ့ရှိပါတယ်။ ဒါကလည်း မွေးခါစပင်ဂွင်းကလေး အအေးဒဏ်ကိုမခံနိုင်မှာ စိုးလို့ပါ တဲ့။
တိရိစ္ဆာန်ဖြစ်ပေမယ့် မိမိတို့ရင်သွေးတွေအပေါ်မှာထားရှိတဲ့ မိဘတို့ရဲ့မေတ္တာတရားကို အင်ပါယာပင်ဂွင်းတွေကလဲ အခုလိုထုတ်ဖော်ပြသကြတာကို ဖတ်မိတဲ့အတွက် အံ့သြတကြီးဖြစ်မိပြီး
သူငယ်ချင်းများကိုလဲ သိရှိစေရန် ဝေမျှခြင်းဖြစ်ပါတယ်။
"မာတာပိတု ဂုဏော အနန္တော "

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။