Nine Nine Sanay @ နိုင်းနိုင်းစနေ
စပိန်ဘာသာလို Salar de Uyuni လို့ခေါ်တဲ့ဆားလွင်ပြင်ကို တောင်အမေရိကတိုက်Bolivia နိုင်ငံရဲ့အနောက်တောင်အရပ်မှာရှိတဲ့ Uyuniမြို့အနီးမှာတွေ့ရတယ်။ ဒီဆားလွင်ပြင်ဟာ ကမ္ဘာ့အကြီးဆုံးဆားလွင်ပြင်ဖြစ်တယ်။ မျက်နှာပြင်ဧရိယာ ၁ဝ,၅၈၂ စတုရန်းကီလိုမီတာ ကျယ်ပြန့်ပြီး ဆားကျောက်နဲ့ ဂေါ်ဒန်ကျောက်ကို ထုတ်လုပ်ပေးတယ်။
Uyuni ဆားလွင်ပြင်က Andes တောင်တန်းဖြစ်ပေါ်လာခြင်းကနေ ဖြစ်လာတာဖြစ်တယ်။ ပြင်းထန်တဲ့မြေမျက်နှာပြင်ပြောင်းလဲမှုကြောင်...့ ပင်လယ်ရေပြင်မြင့်တက်လာပြီး တောင်တန်းပေါ်မှာ ပင်လယ်ရေအိုင်တွေပေါ်ထွန်းခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၎သောင်းခန့်က Uyuni ဆားလွင်ပြင်တည်တဲ့နေရာမှာ Lake Minchin လို့ခေါ်တဲ့ ရေအိုင်ကြီးတစ်အိုင်ရှိခဲ့တယ်။ အဲဒီရေအိုင်ဟာ တဖြည်းဖြည်းခမ်းခြောက်လာပြီး Poopó Lake နဲ့ Uru Uru Lake ဆိုတဲ့ ရေအိုင်နှစ်အိုင်ဖြစ်သွားသလို Salar de Uyuni နဲ့ Salar de Coipasa ဆိုတဲ့ ဆားလွင်ပြင်နှစ်ခုလည်း ဖြစ်ပေါ်လာခဲ့တယ်။
Uyuni ဆားလွင်ပြင်ဟာ ပင်လယ်ရေအမြင့် ၃၆၅၆မီတာအမြင့်မှာ တည်ရှိတယ်။ ဆားတွေကြောင့် အဆုံးမရှိတဲ့အဖြူရောင်ကမ္ဘာအဖြစ် ကမ္ဘာ့အနှံ့ကခရီးသွားတွေကို ဆွဲဆောင်နေခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လမှ အောက်တိုဘာလထိဟာ Uyuni ဆားလွင်ပြင်ခြောက်သွေ့ချိန်ဖြစ်တယ်။ လွင်ပြင်မျက်နှာပြင်တော်တော်များများဟာ ခြောက်သွေ့ပြီး မိုးရာသီမှာလည်း တချို့နေရာတွေ ခြောက်သွေ့ပါတယ်။ ဒါကြောင့်ကားနဲ့ လွင်ပြင်ကိုဖြတ်လို့ရပါတယ်။
http://en.wikipedia.org/wiki/Salar_de_Uyuni
http://en.wikipedia.org/wiki/Salar_de_Uyuni
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။