Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 2, 2013

မိန်းကလေးစကား

 
နှိုင်းရင့်နွေ
မိန်းကလေးစကား
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
♀ ကောင်းပြီလေ
ဒီစကားကို မိန်းကလေးတွေက အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက် သုံးပါတယ်... ဒီလိုပြောနေပြီဆိုရင် သူတို့ကိုယ်သူတို့ မှန်တယ်လို့ ယူဆထားပြီး သင့်ပါးစပ်ပိတ်ဖို့လိုပြီလို့ ပြောလိုက်တာပါပဲ... သူ့ရဲ့ "ကောင်းပြီလေ" ဆိုတဲ့စကားဟာ ဘယ်လိုပုံပေါက်နေလဲဆိုတာကိုတော့ ဘယ်တော့မှ သွားမပြောပါနဲ့... ဒီလိုဆိုရင် ဒါနဲ့ပတ်သက်လို့ နောက်ထပ်ဆက်ပြီး ငြင်းနေရလိမ့်မယ်..

♀ ငါးမိနစ်
ဒါက နာရီဝက်ကိုဆိုလိုတာပါ... ဒါဟာ သင်ဘောလုံးပွဲကြည့်နေတုန်း အမှိုက်သွားသွန်ခိုင်းရင် ပြန်ပြောလိုက်တဲ့ "ငါးမိနစ်" နဲ့ ညီပါတယ်.. ဒါကြောင့် ဒီအချိန်ဟာ အပြန်အလှန်အားဖြင့် ညီမျှတဲ့သဘောရှိနေပါတယ်...

♀ ဘာမှမဖြစ်ဘူး
ဒီအဓိပ္ပာယ်ကတော့ တစ်ခုခုဖြစ်နေပြီဆိုတဲ့ သဘောပါ... ဒီစကားကြားရင် သင်သတိထားနေသင့်ပါတယ်... ဘာမှမဖြစ်ဘူးဆိုတာကို အမျိုးသမီးတွေက သင့်ကို ဘယ်ပြန်ညာပြန်.. ဇောက်ထိုးမိုးမျှော်.. နေရာလပ်မကျန်အောင် သမ ချင်နေတဲ့အခါမျိုးမှာ ပြောတတ်ပါတယ်... "ဘာမှမဖြစ်ဘူး" ဆိုတာဟာ "ငါးမိနစ်" လောက်ကြာပြီး "ကောင်းပြီလေ" နဲ့အဆုံးသတ်တဲ့ အငြင်းပွားစကားများမှုတစ်ခုကို ဖော်ညွှန်းနေတာဖြစ်ပါတယ်...

♀ ဆက်လုပ်ပေါ့ (မျက်ခုံးနှစ်ဖက်ပင့်ပြီး)
ဒါဆိုရင်တော့ သင့်ကိုစိန်ခေါ်လိုက်တာပါ... "ဘာမှမဖြစ်ဘူး" ဆိုတဲ့အပေါ်မှာ ဝမ်းနည်းခဲ့ရပြီး "ကောင်းပြီလေ" နဲ့ အဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် အခြေအနေကို ဖော်ပြတာဖြစ်ပါတယ်...

♀ ဆက်လုပ်ပေါ့ (ပုံမှန်အကြည့်ဖြင့်)
ဒီအဓိပ္ပာယ်ကတော့ "ငါစိတ်ကုန်သွားပြီ" ဒါမှမဟုတ် "လုပ်ချင်တာလုပ် ငါဂရုမစိုက်ဘူး" လို့ဆိုလိုပါတယ်... ဒီဆက်လုပ်ပေါ့ရဲ့နောက်မှာ မိနစ်အနည်းငယ်အတွင်း မျက်ခုံးနှစ်ဖက်ပင့်ပြီးပြောတဲ့ ဆက်လုပ်ပေါ့ဆိုတာကို ထပ်ပြောလာနိုင်ပါတယ်... ပြီးရင် "ဘာမှမဖြစ်ဘူး" နဲ့ "ကောင်းပြီလေ" ဆိုတာတွေဆက်လာလိမ့်မယ်... သူမ တည်ငြိမ်သွားတဲ့အထိ "ငါးမိနစ်" လောက်သင့်ကို ဆက်ပြောနေပါလိမ့်မယ်...

♀ သက်ပြင်းပူ
ဒါက စကားလုံးတော့မဟုတ်ပါဘူး... ဒါပေမဲ့ ယောက်ျားတွေ အဓိပ္ပာယ်ကောက်လွဲတတ်တဲ့ စကားလုံးမဲ့ဖော်ပြချက်တစ်ခုဖြစ်ပါတယ်... သက်ပြင်းတစ်ခုကို ခပ်ပြင်းပြင်းချလိုက်တာဟာ အဲ့ဒီအချိန်မှာ သင့်ကို ငတုံးငအတစ်ယောက်လို့ သူမက ထင်နေတဲ့သဘောပါပဲ... ပြီးတော့ "ဘာမှမဖြစ်" တဲ့ အရာတစ်ခုကို သင်နဲ့ရပ်ပြီး ဘာကြောင့်များ အငြင်းပွားနေမိသလဲလို့ သူမကိုယ်သူမ အံ့သြမိနေပါလိမ့်မယ်...

♀ သက်ပြင်းအေး
ဒီသက်ပြင်းကလည်း စကားလုံးမဲ့ ဖော်ပြချက်တစ်ခုပါပဲ... သက်ပြင်းတစ်ခုကို ညင်ညင်သာသာချလိုက်တယ်ဆိုရင်တော့ သူမ ကျေနပ်သွားတဲ့သဘောပါ... သင့်အတွက် အကောင်းဆုံးကတော့ လှုပ်လည်းမလှုပ်နဲ့ အသက်လည်းမရှူနဲ့ ပြီးတော့ သူမရဲ့ကျေနပ်မှုလေး ဒီအတိုင်း ဆက်ရှိနေဖို့ပါပဲ...

♀ အဆင်ပြေပါတယ်
ဒီစကားဟာလည်း အမျိုးသမီးတွေက အမျိုးသားတွေကိုပြောတဲ့အထဲမှာ အန္တရာယ်အရှိဆုံး စကားတစ်ခုဖြစ်ပါတယ်... "အဆင်ပြေပါတယ်" ဆိုတဲ့ အဓိပ္ပာယ်ဟာ သင်လုပ်ခဲ့တဲ့အရာတစ်ခုခုအပေါ်မှာ သင့်ကိုခွင့်လွှတ်ဖို့ အချိန်ယူပြီး သေချာစဉ်းစားချင်တဲ့သဘောပါပဲ... "အဆင်ပြေပါတယ်" ဆိုတာကို "ကောင်းပြီလေ" ဆိုတဲ့ စကားနဲ့ တွဲသုံးတတ်ပြီး ကြားထဲမှာ မျက်ခုံးနှစ်ဖက်လည်း ပင့်ပြပါလိမ့်မယ်...

♀ ဆက်လုပ်လိုက်ပါ
ဒီစကားကြားရရင်တော့ သိပ်မကြာခင်အတွင်းမှာ သင့်အနေနဲ့ ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့မယ်...

♀ ရပါတယ်.. ရှင့်သဘောအတိုင်းပါ
ဒါကတော့ ဖော်ပြချက်တစ်ခုမဟုတ်ပါဘူး... ကမ်းလှမ်းမှုတစ်ခုဖြစ်ပါတယ်... သင်လုပ်ခဲ့တဲ့ အရာတစ်ခုခုအတွက် ဘယ်လိုအကြောင်းပြချက်မျိုးပဲရှိနေပါစေ သင့်ကိုပြင်ဆင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ... အမှန်အတိုင်းရွေးချယ်ဖို့ သင့်မှာ မျှတတဲ့ အခွင့်အရေးရှိပါတယ်... ဒါကြောင့် သေချာဂရုတစိုက်ရွေးချယ်ပါ... "အဆင်ပြေပါတယ်" ဆိုတာကို သင်မကြားရဖို့လိုပါတယ်...

♀ ကျေးဇူးတင်ပါတယ်
အမျိုးသမီးတစ်ယောက်က သင့်ကို ကျေးဇူးတင်နေတာပါ... ငေးကြောင်မနေပါနဲ့... ရပါတယ်ဗျာလို့ ပြောလိုက်ရုံပါပဲ...

♀ ကျေးဇူးအရမ်းတင်ပါတယ်
ဒါဆိုရင်တော့ " ကျေးဇူးတင်ပါတယ်" ဆိုတာနဲ့ တော်တော်ကွာသွားပါပြီ... "ကျေးဇူးအရမ်းတင်ပါတယ်" ဆိုတဲ့စကားကို အမျိုးသမီးတစ်ယောက်ကပြောပြီဆိုရင် သင့်ကိုဆူပူကြိမ်းမောင်းတဲ့သဘောနဲ့ ပြောတာဖြစ်ဖို့များပါတယ်... ဒီစကားဟာ သင်က သူမကို တစ်နည်းနည်းနဲ့ ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခဲ့တယ်ဆိုတာကို ညွှန်ပြနေပါတယ်... အဲ့ဒီစကားရဲ့နောက်မှာ "သက်ပြင်းပူ" လည်းလိုက်လာပါလိမ့်မယ်... အဲ့ဒီ "သက်ပြင်းပူ" ရဲ့နောက်မှာ ဘာဖြစ်လို့လဲလို့ သွားမမေးမိအောင် သတိထားပါ... သင့်ကိုပြန်ပြောမှာက "ဘာမှမဖြစ်ဘူး" ဆိုတာပဲ ဖြစ်နေပါလိမ့်မယ်...
----------------------------------------------------------------
Ref: A Joke A Day

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။