Nine Nine Sanay @ နိုင်းနိုင်းစနေ
ရည်မှန်းချက်ဆိုတာ လင်းလက်နေတဲ့မီးအိမ်တစ်လုံးပါ။ သင့်ဘဝကို အလင်းရောင်ပေးပါတယ်။
ရည်မှန်းချက်ဆိုတာ ဆိုင်းဘုတ်တစ်ခုပါ။ လမ်းပျောက်တဲ့အခါ သင့်ကိုဦးတည်ရာညွှန်းပါတယ်။
ရည်မှန်းချက်ဆိုတာ သံလိုက်အိမ်မြှောင်တစ်လုံးပါ။ သင့်ဘဝလမ်းခရီးကို လမ်းညွှန်ပြသပေးပါတယ်။

ရည်မှန်းချက်ဆိုတာ မီးတုတ်တစ်ချောင်းပါ။ စိတ်ကူးအိပ်မက်တွေ ကောင်းကင်အမြင့်ပေါ်ပျံသန်းနိုင်ဖို့ လူတိုင်းရဲ့ဖြစ်နိုင်၊ လုပ်နိုင်စွမ်းကို လောင်ကျွမ်းပေးပါတယ်။
ပြင်သစ်စာရေးဆရာ Romain Rollandက “လူဘဝမှာ ကြောက်စရာအကောင်းဆုံးရန်သူဆိုတာ ကြည်လင်ပြတ်သားတဲ့ရည်မှန်းချက်မရှိခြင်းပဲ”လို့ ဆိုခဲ့ပါတယ်။
လူ့ဘဝဟာ တောင်တက်နေတာနဲ့တူပါတယ်။ တောင်တက်ချိန်မှာ တောင်ထိပ်ကိုအရောက်တက်မယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခု သင့်ဆီမှာအရင်ရှိရပါတယ်။ တကယ်လို့ တောင်ခါးပန်းအထိလောက်ပဲ သင်ကျေနပ်နေရင် တောင်ထိပ်ဆီ သင်ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ပါဘူး။ တောင်ထိပ်ကိုပဲ ငေးမောကြည့်မယ် ဒါမှမဟုတ် တောင်ထိပ်ကိုရောက်သွားပြီလို့ စိတ်ကူးယဉ်နေရင်လည်း တောင်ထိပ်ဆီ သင်ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ပါဘူး။ အင်နဲ့အားနဲ့ ကြိုးစားတက်မှသာ တောင်ထိပ်ဆီသင်ရောက်နိုင်မှာပါ။ တောင်ထိပ်ကိုပဲကြည့်ပြီး မရေမရာနဲ့တက်နေရင်လည်း တောင်ထိပ်ဆီ သင်မရောက်နိုင်ပါဘူး။ တောင်ထိပ်က သင့်ရဲ့ပန်းတိုင်ပါ။ တောင်ထိပ်ဟာ တစ်ခါတလေ ကြည်လင်ပြတ်သားနေမယ်၊ တစ်ခါတလေမှာ မြူခိုးမြူဆိုင်တွေနဲ့ မှုန်းဝါးချင် မှုန်းဝါးနေမယ်။ ကြည်လင်နေစေ၊ မှုန်းဝါးနေစေ တောင်ထပ်အထိတက်မယ်ဆိုတဲ့ဇွဲကို သင်မလျော့ခဲ့ရင် နောက်ဆုံးမှာတောင်ထိပ်ဆီ သင့်ဧကန်မလွဲရောက်နိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။