Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 8, 2013

“တပည့်တာဝန်ကျေချင်ပါသည်”

 
နမ်းမဝ(အဖြူရောင်နတ်သမီး)
“တပည့်တာဝန်ကျေချင်ပါသည်”
......................................
မျက်ရည်များကြားမှ ကျမပြုံးနေသည်၊ ကျမတစ်ယောက်ထဲမဟုတ် ဝန်ထမ်းများလည်းပြုံးနေကြသည်။
ထိုအပြုံးတွေကြားထဲကမှရှိုက်ကြီးတငင်ငိုနေသူကတော့ ကျမတို့ဆိုင်မှမန်နေဂျာဖြစ်သူ Mrs.Xenia ပင်ဖြစ်သည်။

၂၇.၁၀.၀၉ နေ့တွင်ကျရောက်သော
သူမ၏မွေးနေ့ပွဲလေးကို ဆိုင်သိမ်းပြီးချိန်တွင် ကိတ်မုန့်ခွဲ၍ကျင်းပခဲ့ကြသည်။
သူမ၏မွေးနေ့မတိုင်ခင် (၁)လအလိုကတည်းက ဒီအစီအစဉ်ကိုသူမမသိအောင် ကျမကြိတ်၍စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းများအတွက်တစ်ပတ်တစ်ခါ ခွဲတန်းဖြင့်ရသော Tip money (ဧည့်သည်ကပေးသောမုန့်ဖိုး)များထဲမှ မိမိတို့စေတနာရှိသလောက်ကိုစုဗူးတစ်ခုထဲတွင် တစ်လတိုင်တိုင် စုစေပြီး Msr.Xenia ၏မွေးနေ့တွင်လက်ဆောင်အဖြစ်ပေးခဲ့ကြသည်။

စာဖတ်သူများအတွက်တော့ ထူးဆန်းမည်မထင်ပါ။
Mrs.Xenia ၏အကြောင်းကိုကျမအနည်းငယ်ပြောပြချင်ပါသည်။

သူမ၏အသက်မှာ (၄၇)နှစ်ရှိပြီ၊ သမီး(၂)ယောက်နှင့်သား(၁)ယောက်ရှိသည်။
လင်မယား(၂)ယောက်စလုံး
အလုပ်လုပ်နေသည့်ကြားမှ လုပ်ငန်းရှုံး၍အမှုနှင့်ရင်ဆိုင်နေရသည်။

သူမ၏လက်ထဲသို့လုပ်အား(လစာ)ရောက်လျှင် နေ့မကူးပဲ ကြွေးရှင်လက်ထဲသို့တစ်ပြားမကျန်ချက်ချင်းလွှဲပေးရသည်၊
ဤသို့မှမဟုတ်လျှင် ထောင်နန်းစံဖို့အထိအမှုကကြီးသည်။

သားသမီး(၃)ယောက်၏
တက္ကသိုလ်ကျောင်းစားရိတ်၊ အိမ်စားရိတ်တို့ကို ယောက်ျားဖြစ်သူမှတာဝန်ယူရသည်။

လွန်ခဲ့သော(၂)လခန့်ကသူမတစ်ယောက်ထဲ လမ်းလျှောက်ထွက်ရင်းချော်လဲသဖြင့်
ခြေထောက်ကျိုးသွားသောကြောင့် (၁)လခန့်အလုပ်မှအနားယူခဲ့ရသည်။

သူမ၏ဘဝလေးထဲသို့ဆိုးဝါးလှသည့်ကံကြမ္မာဆိုးက ထပ်ရောက်လာခဲ့သည်၊ သူမတွင်သားအိမ်ကင်ဆာရောဂါ စွဲကပ်နေပြီ၊ အမြန်ဆုံးခွဲထုတ်ပြစ်ရမည်၊ ခွဲစိတ်ခငွေလိုပြီ၊
လင်မယားနှစ်ယောက်အဲဒီကိစ္စဖြင့်စကားများကြသည်။

မခွဲ၍မရ၊ ကင်ဆာရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံအကြောင်းကို လူတိုင်းသိပြီးဖြစ်သည်။
အဲဒီနေ့ကသူမ အလုပ်သို့လာရင်းဝန်ထမ်းများနားနေခန်းအတွင်းတွင်
တစ်ယောက်ထဲ ကြိတ်၍ငိုနေသည်ကို ကျမတွေ့သဖြင့် မေးမြန်းမိရာမှ သူမရင်ဖွင့်ခဲ့သည်။

သူမအတွက်ကျမဘာလုပ်ပေးနိုင်မည်နည်း။ စဉ်းစားရင်းအကြံတစ်ခု ခေါင်းထဲသို့ရောက်လာခဲ့သည်၊
ခွဲစိတ်မှုအတွက်ကုန်ကျစားရိတ်ကို ကျမတို့ဝန်ထမ်းများက တာဝန်ယူပေးနိုင်ခဲ့ပါလျှင်
သူမအတွက်အသက်ရှုချောင်ပေလိမ့်မည်။

သူမကိုဝန်ထမ်းအားလုံးက "MUM"(အမေ)ဟုခေါ်ကြသည်၊ အကြောင်းမှာမူ.. သူမသည်မန်နေဂျာနှင့်မတူ၊ ကျမတို့၏မိခင်ကဲ့သို့ဝန်ထမ်းများကိုကြင်နာသည်၊ စောင့်ရှောက်သည်၊
ဝန်ထမ်းများဘက်မှ အမြဲရပ်တည်ပေးသော မိခင်စိတ်ဓာတ်အပြည့်အဝရှိသည့်သူမကို "မန်နေဂျာ"ဟုကျမတို့မခေါ်ရက်ကြပါ။

သူမဘက်မှဝန်ထမ်းများအပေါ်အမြဲတာဝန်ကျေခဲ့သည်။ မိဝေး၊ ဖဝေးဖြင့် နိုင်ငံရပ်ခြားတွင်အလုပ်နေကြသော ကျမအပါအဝင်ဝန်ထမ်းများ၏
ဘဝကိုသူမနားလည်စွာဖြင့် မိခင်ကဲ့သို့စောင့်ရှောက်ခဲ့သည်။

ဒီတစ်ခါတော့ ကျမတို့ဝန်ထမ်းများဘက်မှတာဝန်ကျေချင်ပါသည်။ သူမ၏ မွေးနေ့သို့ ရောက်သောနေ့ဖြစ်သည်၊
သူမ၏ရှေ့သို့ကိတ်မုန့်ကိုသယ်ဆောင်လာရင်း တရုတ်ဘာသာဖြင့်မွေးနေ့သီချင်းကို
သံပြိုင်သီဆိုပြီး သူမအတွက်ဝန်ထမ်းများမှပေးသော လက်ဆောင်များကိုလက်ခံစေသည်။

မွေးနေ့သီချင်းသီဆိုပြီးသွားချိန်တွင် မွေးနေ့လက်ဆောင်များကို သူမတစ်ခုချင်းစီ ဖွင့်ကြည့်သည်။

* သူမ၏ဓာတ်ပုံကိုမှန်ဘောင်သွင်း၍ မှန်ပေါ်တွင် Soft-pan ဖြင့် ဝန်ထမ်းများကိုလက်မှတ်ထိုးထားသော ဓာတ်ပုံမှန်ဘောင်တစ်ခု။

* "For your operation"ဟုရေးထားသောခွဲစိတ်ခကုန်ကျစားရိတ်ငွေ
ထည့်ထားသောစာအိတ်တစ်အိတ်။


*ဝန်ထမ်းများရေးထားသောစာအတိုအထွာများဖြင့်ပြည့်နှက်နေသော
Birthday Card တစ်ခုတို့ဖြစ်သည်။

သူမ၏လက်များတုန်ရီနေသည်။
ပြီးတော့..... ရှိုက်ကြီးတငင်ငိုသည်။
ပြီးတော့.... မျက်ရည်များကြားမှ"I LOVE YOU ALL"ဟုသူမပြောသည်။
ပြီးတော့... ဝန်ထမ်းများ၏တစ်ယောက်ချင်းစီကို အနမ်းလက်ဆောင်ပြန်ပေးရင်း မွေးနေ့ပွဲလေးကို ပီတိမျက်ရည်များဖြင့် ကျမတို့ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။


သူမရဲ့မွေးနေ့ပါတီပြီးဆုံး၍အိမ်ပြန်ခါနီးတွင်
သူမပျော်ရွှင်စေရန် ကျမတို့အသင့်ယူဆောင်လာသော အသေးစား စက္ကူမီးပုံးပျံလေးတစ်ခုကို ပင်လယ်ကမ်းစပ်တွင်လွှတ်တင်ခဲ့ကြပါသည်။


အခုအချိန်လောက်ဆိုလျှင်.... သူမတစ်ယောက် ခွဲစိတ်ခန်းထဲတွင် မေ့ဆေးအရှိန်ကြောင့် သတိမေ့မျောနေစဉ် သူမ၏ဝန်ထမ်းများရဲ့အမည်ကို ကယောင်ကတန်းနှင့်အော်ခေါ်နေမည်လား။

ဒါမှမဟုတ် ...ခွဲစိတ်ထားသောဒါဏ်ရာကြောင့် မချိမဆန့်ခံစားရင်း မျက်ရည်များကျနေမည်လား။

ကျမတို့၏"အမေ".... မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးရင်း၊ ကျမ...တပည့်တာဝန်ကျေစေရန်အများကြီးကြိုးစားရပါအုံးမည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။