Aye Chan Mon
သြော်... အို အော်
........................
........................
သြော် ...
ကြားချင်ချင် မကြားချင်ချင်...
အော် ဆိုတဲ့အသံကြားရင်
နားဆင်တာက နောက်မှ
ရောက်တဲ့နေရာက ခြေရာဖျောက်
ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်
နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်၊
ကြားချင်ချင် မကြားချင်ချင်...
အော် ဆိုတဲ့အသံကြားရင်
နားဆင်တာက နောက်မှ
ရောက်တဲ့နေရာက ခြေရာဖျောက်
ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်
နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်၊
ရောက်နေတာက မလေးရှား
စားနေရတာက ဖြစ်သလို
အိုနေတာက ထက်ဝက်ကျော်
လှော်လွှတ်လိုက်တာက အေးဂျင့်ယုတ်
လုပ်နေရတာက ကြုံသလို
ပိုတဲ့ပိုက်ဆံ ရွာပြန်ပို့
တို့ဘဝတွေက တကယ်တော့များ
ကျားတင်မက သားရဲသဏ္ဌာန်
တိရစ္ဆာန်မှန်သမျှ အကုန်သနားမှ
ကျောတစ်ခြမ်း ချမ်းသာရမယ့် ဘဝပါ၊
ရွာကအမေအတွက်
ဖုန်းဆက်တဲ့အခါဖြေ
အဆင်ပြေပါတယ်ပေါ့
တကယ်တော့ သား
ခြုံကြားထဲက ပြောနေရတာပါ အမေ
သေရမှာတော့ ကြောက်တာပေါ့၊
ဝဋ်ရှိလို့ ခံနေရသပဆို
ဒီလိုဘဝ ဒီမျှနဲ့ပဲ
ဆုတ်ဖြဲထားလိုက်ချင်သေး
မလေးရှားဆိုတဲ့နိုင်ဂျန်ဂါး
သွားမိတဲ့ ကျုပ်တို့လို
အို မိနေရတဲ့ ဘဝ
အော် ထိနေရတဲ့ ဘဝ
သြော် ... ဘဝ ဘဝ ။။
[အို = အိုဗာစတေး၊
အော် = အော်ပရာစီ၊]
(ဆာတုမလေးရှားမှ အိုရွှေမြန်မာများအတွက်)
( ƒireƒly ) {05 Sept 2013}
အေးချမ်းမွန် Credit To > Firefly Firefly < Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/excellencemedia
စားနေရတာက ဖြစ်သလို
အိုနေတာက ထက်ဝက်ကျော်
လှော်လွှတ်လိုက်တာက အေးဂျင့်ယုတ်
လုပ်နေရတာက ကြုံသလို
ပိုတဲ့ပိုက်ဆံ ရွာပြန်ပို့
တို့ဘဝတွေက တကယ်တော့များ
ကျားတင်မက သားရဲသဏ္ဌာန်
တိရစ္ဆာန်မှန်သမျှ အကုန်သနားမှ
ကျောတစ်ခြမ်း ချမ်းသာရမယ့် ဘဝပါ၊
ရွာကအမေအတွက်
ဖုန်းဆက်တဲ့အခါဖြေ
အဆင်ပြေပါတယ်ပေါ့
တကယ်တော့ သား
ခြုံကြားထဲက ပြောနေရတာပါ အမေ
သေရမှာတော့ ကြောက်တာပေါ့၊
ဝဋ်ရှိလို့ ခံနေရသပဆို
ဒီလိုဘဝ ဒီမျှနဲ့ပဲ
ဆုတ်ဖြဲထားလိုက်ချင်သေး
မလေးရှားဆိုတဲ့နိုင်ဂျန်ဂါး
သွားမိတဲ့ ကျုပ်တို့လို
အို မိနေရတဲ့ ဘဝ
အော် ထိနေရတဲ့ ဘဝ
သြော် ... ဘဝ ဘဝ ။။
[အို = အိုဗာစတေး၊
အော် = အော်ပရာစီ၊]
(ဆာတုမလေးရှားမှ အိုရွှေမြန်မာများအတွက်)
( ƒireƒly ) {05 Sept 2013}
အေးချမ်းမွန် Credit To > Firefly Firefly < Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/excellencemedia

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။