Popular Journal
" မန္တလေးမြို့ကရုပ်ရှင်လောကသားတို့ ဝေဖန်အကြံပြုချက် "
==================================
==================================
သြဂုတ် ၂၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်ဗီဒီယိုလောကသားတချို့ ဆန္ဒပြမှု နဲ့ စပ်လျဉ်းပြီး ပေါ်ပြူလာဂျာနယ်က ဆန္ဒပြုမှုအပေါ် ထောက်ခံခြင်း၊ မထောက်
ခံခြင်းစစ်တမ်းကောက်ယူခြင်းနဲ့ ဆန္ဒပြခံရသူ၊ ဆန္ဒပြသူတို့အပေါ် ဝေဖန် အကြံ ပြုမှု ကိုမန္တလေးမြို့ကရုပ်ရှင်လောကသားများထံ ဆန္ဒသဘောထားတောင်းခံခဲ့ပါတယ်။

ဦးမိုးကျော်ထွန်း
(ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး
ဗီဒီယိုအခြေခံအဖွဲ့ )
ကျွန်တော်တို့ ဒီအပေါ် မှာ လုပ်ကိုင်စားသောက်ကြတဲ့ လုပ်ငန်းရှင်အားလုံးလုပ်ငန်း ကိုယ်စီကိုယ်စီမှာ မည်သည့်  လုပ်ငန်းပဲလုပ်လုပ် အဖွဲ့အစည်း ဆိုတာလွတ်လပ်တဲ့အဖွဲ့ အစည်း
တွေရှိကြပါတယ်။ရှိတဲ့ အပေါ် မှာလည်းအဖွဲ့အစည်းကို ထိန်း ကျောင်းဖို့အတွက် နိုင်ငံတော် ကလည်း ခွင့်ပြုပေးထားတာ ဖြစ်တယ်လေ။
အဲ့ဒီတော့ဘာ ပဲပြောပြော တာဝန်ယူတဲ့
ပုဂ္ဂိုလ်တွေမှာ ချို့ယွင်းချက် အားနည်းချက်ဆိုတာ ရှိကောင်း ရှိနိုင်တယ်။ အားလုံးကြီးတော့ ပြီး ပြည့်စုံမှာတော့မဟုတ်ဘူး။ ဒီပေါ်မှာ အာဃာတအညှိုးမပါ ဘဲနဲ့ အားလုံးသည် စုစည်းညီ
ညာစွာနဲ့ လုပ်ကြမယ် ဆိုရင် ဒီခေတ်ရေစီးကြောင်းထဲမှာ ကျွန်တော်တို့ လောကလည်း ကောင်းလာအောင်လုပ်လာ နိုင်လိမ့်မယ်လို့ ကျွန်တော်မြင် ပါတယ်။
အားလုံးကြီးက ဘက် တိုက်နေကြမယ်ဆိုရင် ကန် လန့်တိုက်နေကြမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးညီညွတ်မှု မရှိ ဘူးဆိုရင် ကျွန်တော်တို့ ရှေ့ ဆက်သွားမယ့် ကျွန်တော် တို့ လောကရဲ့အပြောင်း အလဲ
တွေအတွက် နောက်တစ် ဖက်က နည်းပညာတွေ ဖန် တီးဖို့အတွက် တော်တော်ခက် ခဲလိမ့်မယ်။ ဒီထက်ပိုပြီးတော့ လည်း လောကကြီးက ဆုတ် ယုတ်သွားလိမ့်မယ်လို့ ကျွန်တော်
ကတော့မြင်တယ်။ အဲ့ဒါကြောင့် အားလုံးကိုညီညွတ်စေချင်တယ်။
ဦးမျိုးသိန်း
(ဒု-ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး
ဗီဒီယိုအခြေခံအဖွဲ့)
" အခုဟာက လွတ်လပ် တဲ့အချိန်မှာ သူ့ဆန္ဒနဲ့ သူလုပ်ကြတာလေ။ ဒါပေမယ့် မေးချင်တာကဘာကိုရည်ရွယ်တာလဲ ဘာဖြစ်ချင်တာလဲ။ အဲဒါလေး ပေါ်လွင်အောင်ပါ။ လုပ်တဲ့သူတွေကလည်း လုပ်နေကြတာပဲ။ အများပြော နေကြသလိုပဲ။ မတူတာတွေ ကို ခဏဖယ်ထားပြီးတော့ တူတာလေးတွေကို ညှိုနှိုင်း လုပ်ကြရင် မကောင်းဘူး လား။
အားလုံးစည်းလုံးညီ ညွတ်စေချင်တာပဲ။ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ ဘယ်လိုထိန်းကြမလဲ ဆိုတာကိုအတ္တလေးတွေ နည်း နည်းလျှော့ လောဘလေးတွေ လျှော့ပြီးတော့ တိုင်ပင်နှီးနှော ပြီးတော့လုပ်မယ်ဆိုပိုကောင်း သွားမှာပါ။
ဦးဇော်မြင့်
(ရီမြင့်ဗီဒီယိုထုတ်လုပ်ရေး)
" ဆန္ဒပြတဲ့သူတွေက ဆန္ဒသာပြတာ ရုပ်ရှင်လောက သားတွေလို့ ထင်ကိုမထင်ဘူး။ ရုပ်ရှင်လောကသား မဟုတ်ပါ ဘူး။အထူးသဖြင့် အနုပညာ သမားမဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ဆန္ဒပြတာလူ ၇ဝ၊ ၁ဝဝ ရှိရင် ဒီဘက်ကဘယ်လောက် ထောက်ခံမလဲဆိုတာ ရှိဦးမှာ ပေါ့။ကျွန်တော်ကတော့ ရုပ်ရှင် အစည်းအရုံးဘက်ကပဲ ထောက် ခံပါတယ်။ ဆန္ဒပြတဲ့အဖွဲ့ကို သိလည်း မသိဘူး။
ရုပ်ရှင် အစည်းရုံးလည်း ကိုယ့်မကြိုက် တိုင်းသာ လိုက်ဖြေရှင်းနေရ ရင်ရှုပ်တယ်။ လုပ်စရာရှိတာ သာ လုပ်စေချင်တယ်။ သူတို့ က လူနည်းစုလား လူများစု လားဆိုတာနောက်ကျ အဖြေ ပေါ်သွားမှာပဲလေ။
ပေါ်ပြူလာအဖွဲ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။