Thanlay Ko
"အလေးပြု"
'ရောမရောက်ရင် ရောမလိုကျင့်' ဆိုတဲ့ စကားပုံရှိတယ်
သင်... ဘယ်ကပဲလာလာ
ရောမကို ရောက်ရင်တော့ ရောမလူမျိုးတွေလို ကျင့်ကြံနေထိုင်ကြရလိမ့်မယ်
သင်... ဘယ်ကပဲလာလာ
ရောမကို ရောက်ရင်တော့ ရောမလူမျိုးတွေလို ကျင့်ကြံနေထိုင်ကြရလိမ့်မယ်
ခုရော... ...
'မြန်မာပြည်ကိုရောက်ရင် မြန်မာတွေလိုကျင့်' ကြပေါ့
မြန်မာနိုင်ငံသားဖြစ်ချင်ရင် အရင်ဆုံး မြန်မာနိုင်ငံသားတွေလို ကျင့်ကြပေါ့
မြန်မာနိုင်ငံသားတွေလို... ...
မြန်မာနိုင်ငံကို ချစ်ပေါ့
မြန်မာတိုင်းရင်းသားစကားကို ပြောပေါ့
မြန်မာပြည်ကို ကာကွယ်ပေါ့
မြန်မာနိုင်ငံတော်အလံကို အလေးပြုပေါ့
သင်ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ပါ
ကိုးကွယ်ခွင့်ရှိပါတယ်
ဒါပေမယ့်
သင်နေထိုင်ရာ
သင်မှီခိုရာ
ဒီနိုင်ငံတော်နဲ့ ဒီနိုင်ငံသားတွေကိုတော့
ရန်သူလို မဆက်ဆံနဲ့
ဒီမြေကို အပိုင်မသိမ်းချင်နဲ့
နိုင်ငံတော်ကို သစ္စာစောင့်သိဖို့...
နိုင်ငံတော်ကို ကာကွယ်ဖို့...
နိုင်ငံတော်အလံကို အလေးပြုဖို့ဆိုတာ...
... ကိုးကွယ်ရာ ဘာသာနဲ့ ဆိုင်သလား?
ဒီနိုင်ငံထဲမှာ နေပြီး (နေချင်ပြီး) တခြား နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေနေရင်
ဘာနဲ့သွားတူသလဲ ဆိုတော့... ...
"လင်ကြီးလုပ်စာကိုစားပြီး လင်ငယ်ကို ပေးကမ်းနေတာနဲ့ တူနေတယ်"
*မြန်မာနိုင်ငံတော် အလံကို အလေးမပြုတဲ့ လူတွေရဲ့အကြောင်းကို ဖေ့စ်ဘုတ်မှာ တွေ့လိုက်ရလို့ပါ
သန်၎ကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။