Aureum Online Media
ပင်လယ်ရေညှိ (seaweed) ၏ အစွမ်း သတ္တိများ
Thursday, June 20, 2013
Thursday, June 20, 2013
အူနံရံကို ကျန်းမာသန်စွမ်းစေ သည်။ အစာအိမ်နှင့်အူလမ်းကြောင်း ကို ဖြေးဖြေးချင်း ဖြတ်သွားသည့် အတွက် ဗိုက်ကို အကြာကြီးပြည့်နေ
စေသည် (မဆာလွယ်စေပါ)။ များများစားပါက အူကို အကျိုးပြုသော
ဘက် တီးရီးယားများကို တိုးပွားစေသည်။ ရေညှိကို အခြောက်လုပ်ပြီး ဟင်းချို ချက်သောက်ပါက လေပွ ခြင်းကို သက်သာစေသည်။
၎င်းတွင်ပါဝင်သော Arame နှင့် waka me တွင် ကယ်လဆီယမ်၊ အိုင်အိုဒင်း၊ ဖော့လိတ်နှင့်မဂ္ဂနီဆီ ယမ်တို့ကြွယ်ဝစွာပါဝင်သည်။ Vit B လည်း ပါဝင်သည်။
ပါဝင်သော wakame နှင့် fibre ကြောင့် သွေးတိုးကို ကျစေပြီး လေဖြတ်
ခြင်းကို လျော့စေသည့်အပြင် နှလုံးသွေးကြောရောဂါကိုလည်း ကာကွယ်ပေး
သည်။
အနုမြူဓာတ်ပေါင်းဖိုမှ ထွက် သော ရေဒီယိုသတ္တိကြွမှုကို ချေဖျက် ပေးသည်။ စီးကရက်ငွေ့၊ စက်ရုံ၊အလုပ်ရုံနှင့်ကားမှထွက်သော အငွေ့တို့တွင် ပါဝင်သည့် ကက်ဒ် မီယမ် cadmium နှင့် ခဲ lead ဓာတ်တို့ကိုလည်း
ချေဖျက်ပေးသည်။
၎င်းတွင်ပါဝင်သော Lignans က ခန္ဓာကိုယ်ထဲ၌ Phytoestrogen ကို များစေသောကြောင့် chemical oestrogen ကို တားပေးသဖြင့် ရင်သားကင်ဆာကို ကာကွယ်ပေးသည်။
ရေညှိဟင်းချိုသည် လူနာကို မြန်မြန် နာလန်ထစေသည်။ ချွဲကို ပျော်စေ
သည်။ ဆီးလမ်းကြောင်း ရောင်ရမ်းမှုကို သက်သာစေသည်။ဆံပင်ကို
သန်စွမ်းစေသည်။ အသား အရေကို တောက်ပချောမွေ့စေ သည်။
ပင်လယ်ရေညှိကို စားသော ကြောင့် ဂျပန်အမျိုးသမီးများ ပိန်သွယ်ကြပြီး အိုကီနာဝါကျွန်း သားများ အသက် ၁၀ဝ ထိနေကြရသည်။
ကံ့ကော်
ref: guardian
Health Updates Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။