11 June 2013 |By Popular News
အရင်ကဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားများကို နိုင်ငံတကာ နည်းတူ ပြသခဲ့ပါတယ်။ နိုင်ငံခြားကား များပြသရာမှာပြန်ကြားရေး ဝန်ကြီးဌာ မြန်မာ့ရုပ်ရှင် လုပ်ငန်း နိုင်ငံခြားရုပ်ရှင်မှ တာဝန် ယူပြီးစီစစ်ရွေးချယ် တယ်လို့ သိရပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေချိန်မှာ နိုင်ငံတကာ နည်းတူ နိုင်ငံခြား ဇာတ်ကားများကို တစ်ပြိုင်တည်း ရုံတင်ပြသ လာနိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှာ ထင်ပေါ် ကျော်ကြားနေတဲ့ သရီးဒီဇာတ်ကားများ၊ အန်နီမေးရှင်း ဇာတ်ကားများကိုလည်း မြန်မာပရိ သတ်များက နှစ်ခြိုက်အားပေး လာကြပါတယ်။ အခု နေပြည်တော်မှာ ရုံတင်ပြသတဲ့ Pee Mak ဇာတ်ကား ဆိုရင်ပရိသတ် အားပေးမှုက ရုံချိန်ထပ်တိုးရတဲ့ အဆင့်ထိ အားပေးမှုရရှိခဲ့ ပါတယ်။အရင်က နေပြည်တော်မှာ ရုပ်ရှင်ပွဲချိန် ၅ ပွဲပြသခဲ့ပေမယ့် Pee Mak ရုပ်ရှင် ဇာတ်ကားရုံတင် ချိန်မှာပွဲချိန် ၆ ချိန်အထိ တိုးပြီးပြသ ခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်ကားကို လာရောက် အားပေး ကြည့်ရှုတဲ့ ပရိသတ်အထဲမှာ လူငယ်များသာမက ကလေး၊လူကြီး၊ မိသားစုတွေ လည်းတွေ့ရပါတယ်။ လှိုင်သာယာမြို့နယ်မှ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ဦးက " ကျွန်တော်တို့ ဒီကားကိုကြည့်ဖို့ လာတာ လက်မှတ်ကုန်သွားလို့ ဆိုပြီး ၂ ပွဲထိုင်စောင့်နေတာ။ အဲဒါတောင် ၁၅ဝဝ တန်းပဲ ရတယ်။ တစ်မိသားစုလုံး လာတာ။
ကျွန်တော် ဒီကားမှာ အကြိုက်ဆုံး အခန်းပြောရရင် သူ့မိန်းမကို ဘယ်လောက်ချစ်လဲ ဆိုရင်သေပြီး သရဲဖြစ်တယ် ဆိုတာသိ တာ တောင်ဆက်ပေါင်းတယ်။ ချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ တကယ်မဟုတ်ဘူး။ မေတ္တာဆိုတာ အင်အားပြင်းတယ် ဆိုတာ ကျွန်တော်ကြည့်ပြီး ရယ်အား ထက်သနားလို့ ငိုအားသန်ဖြစ်မိပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ပြည်သူတွေ ထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေထူးနိုင်ကလည်း ယခုလက်ရှိမှာ ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Pee Mak ဇာတ်ကားကို သူ့အနေနဲ့လည်း သွားကြည့်ဖြစ် ကြောင်းပြောပါတယ်။ အခုရုံတင်နေတဲ့ Pee Mak ဇာတ်ကားဆို ပရိသတ်တွေ တအားကြည့်ကြတယ်။ ဒီကားမှာ လူခြောက်ယောက်နဲ့ပဲ ပြီးသွားတာ။
ဒါပေမဲ့ ပရိသတ်တွေက စိတ်ဝင်စားတယ်။ ကျွန်တော်ဆို လက်မှတ်ဝယ်မရလို့ အိမ်မှာအခွေဝယ် ကြည့်ရတယ်။ ဂလိထိုးပြီး ရယ်ရတာမဟုတ်ဘူး။ ထိုင်းစကားလည်း လူတိုင်းမတတ်ဘူး။ ဘာသာပြန်လည်း လူတိုင်းမဖတ်နိုင် ဘူး။ ဒါပေမဲ့ စွဲဆောင်မှုတအား ကောင်းတယ်။ ဒီကားထဲမှာ သူတို့ရဲ့ ယဉ်ကျေးမှုတွေလည်း ဇာတ်ကားအစအဆုံးထည့်ထားတယ်။
အဝတ်အစားနဲ့ လိုကေး ရှင်းကအစယဉ်ကျေးမှုအမွေ ကိုထိန်းပြီးပရိသတ်ကို စွဲဆောင်တယ်။လူခြောက်ယောက်နဲ့ပြီး ပေမယ့်တကယ်ရယ်ရပြီး ပရိသတ်တွေကြိုက်ကြတဲ့အတွက် ရုံချိန်တောင် ထပ်တိုးခဲ့ရတယ်" လို့ လတ်တလောပရိသတ် အကြိုက် ဇာတ်ကားနဲ့ပတ်သက်ပြီးပြောပါတယ်။ မြန်မာဇာတ်ကားတွေကို မြန်မာကြိုက်အောင်ဘယ်လိုရိုက်ကူးတင်ဆက်ရမလဲဆိုတာ ရုပ်ရှင်၊ အနုပညာရှင်တွေအတွက် စဉ်းစားစရာဖြစ်လာပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။