Today Myanmar
ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလို ရေအောက်မောင်းနှင်နိုင်မယ့်ကား
နည်းပညာတွေထွန်းကားမှုကြောင့် စိတ်ကူးရင်အိပ်မက်တွေလည်း အမှန်တကယ်ဖြစ်လာပါပြီ၊ဆွစ်ဇာလန် ကားကုမ္ပဏီ Rinspeed ကထုတ်လုပ်တဲ့ sQuba လို့ခေါ်တဲ့ ကားအမျိုးစားဖြစ်ပြီး
2008 Geneva Motor Show မှာ ကမ္ဘာ့ ပထမဆုံး ကုန်းပေါ်၊ရေပေါ်၊ရေအောက် သုံးမျိုးမောင်းနှင် လို့ရမယ့်
ကားအမျိုးစားဖြစ်ပါတယ်
လျပ်စစ်မော်တာတပ် ကားအမျိုးစားဖြစ်ပြီး ကုန်းပေါ်မှာဆို တစ်နာရီ
... ၇၅ မိုင်နှုန်း(၁၂၀ ကီလိုမီတာ)၊ရေမျက်နှာပြင်ပေါ်မှာဆိုရင် ၁နာရီကို ၃.၇ မိုင်နှုန်း(၆ ကီလိုမီတာ) ရေမျက်နှာအောက် ဆိုရင် တစ်နာရီကို ၁.၉ မိုင်နှုန်း(၃ ကီလိုမီတာ)မောင်းနှင်နိုင်ပါတယ်

ရေအောက်မှာပါမောင်းနှင်နိုင်တယ် ဆိုပေမယ့် ကားကိုအလုံပိတ်လို့တော့မထင်လိုက်ပါနဲ့၊အမိုးပွင့်ကားအမျိုးစားဖြစ်ပြီး
ရေအောက်ကိုရောက်ရင်တော့ အောက်ဆီဂျင်မျက်နှာဖုံးကိုတပ် ဆင်မောင်းနှင်ရမယ့် ကားအမျိုးစားဖြစ်ပါတယ်
ယနေ့အချိန်ထိဈေးကွက်အတွင်းမှာ တွေ့မြင်ရခြင်းမရှိသေးပေမယ့် ဂျိမ့်စ်ဘွန်း ရုပ်ရှင်ထဲကလို စိတ်ကူးယဉ်ဆန်ဆန်ကားထွက်ရှိလာခဲ့ပြီ ဆိုတာတော့အမှန်ပါပဲ
Ref:knowledge
Khun Nay(stuff myanmar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။