Nine Nine Sanay @ နိုင်းနိုင်းစနေ
တရုတ်တွေ wechat အသုံးများတော့ သူတို့wechat မှာ ဒီလိုတွေရှိတယ်ဆိုပြီး ကျွန်မအဒေါ် ရှယ်ထားတာတွေ့လို့ ဖေ့စဘုတ်ဘက်ကို မ,လာတာ။ ဖေ့စဘုတ်မှာလည်းရှိတယ်.... ကျွန်မကိုယ်တိုင်က အချက်တော်တော်များများနဲ့ကိုက်ညီနေတယ် သိလား...
(၁) ကြော်ငြာအမျိုးအစား
အဝတ်အစားကြော်ငြာ၊ အလှကုန်ပစ္စည်းကြော်ငြာ... စတဲ့ကြော်ငြာအမျိုးမျိုးကို ရှယ်တတ်သူ
(၂) မိမိကိုယ်ကိုယ် အလွန်အကျွံချစ်၊ အလွန်အကျွံယုံကြည်တဲ့အမျိုးအစား
နေပူပူ မိုးရွာရွာ... ဘာပဲဖြစ်နေ ဖြစ်နေ.. ကိုယ်ပုံကိုယ်ရိုက်ပြီး တင်တတ်တဲ့သူ
...

(၃) ကြွားဝါ ဝင့်ဝါတဲ့အမျိုးအစား
ကားထဲရောက်တာနဲ့ ဒါမှမဟုတ် အိမ်ခန်းလှလှလေးထဲ ဒါမှမဟုတ် ဖုန်း၊ ကင်မရာဝယ်တာနဲ့ အဲဒီအရာတွေနဲ့တွဲပြီး ပုံရိုက်တင်တတ်သူ
(၄) ဘိုချစ်အမျိုးအစား
ကိုယ့်ကိုယ်ကိုခေတ်မီတယ်ဆိုပြီး မြန်မာတွေကြားမှာ အင်္ဂလိပ်လိုပြောမှ အားရတတ်သူ
(၅) ဌေးကြောင်းကြွားဝါတဲ့အမျိုးအစား
တံဆိပ်ကောင်းပစ္စည်းလေးတစ်ခုရတာနဲ့ ပုံအမျိုးမျိုးရိုက်တင်တတ်သူ၊ အဲဒီပစ္စည်းကို လူမြင်သာအောင် ကိုယ့်နောက်မှာ ဒါမှမဟုတ် ပုံထဲပါအောင်
ထောင့်တစ်နေရာမှာ ထောင်ထားတတ်တာမျိုး
(၆) အမြီးအမောက်မတည့်တဲ့အမျိုးအစား
ရေးထားတဲ့စာနဲ့ ဒါမှမဟုတ် ဓာတ်ပုံနဲ့မကိုက်တဲ့ စကားတွေကို အမြီးအမောက်မတည့်ပြောတတ်သူ
(၇) ဦးနှောက်မူမမှန်အမျိုးအစား
ဒီယောက်ျား၊ ဒီမိန်းမက ဘာဖြစ်တယ် ညာဖြစ်တယ်စတဲ့ အပြုသဘောမဆောင်တဲ့စကားတွေ၊ ဝေဖန်မှုတွေကို ပြောတတ်တဲ့သူ
(၈) သံဝေဂရအမျိုးအစား
ဒီဟာနဲ့ သံယောဇဉ်ပြတ်၊ ဟိုဟာကို မစွဲလမ်းနဲ့ .. စတဲ့ လူ့ဘဝ သင်္ခါရတရားတွေကို နေ့တိုင်းနီးပါးပြောတတ်တဲ့သူ
(၉) နတ်ပူဇော်အမျိုးအစား
ဘာစားစား ဓာတ်ပုံရိုက်တင်၊ အစာမှာ အဆိပ်ပါမပါ ဖုန်းနဲ့အရင်စကင်ဖတ်၊ ဖေ့စဘုတ်နတ်ပူဇော်ပြီးမှ စားတတ်သူ
(၁ဝ) စာသမား ပေသမားအမျိုးအစား
ခွန်အားမြင့်စာတွေ၊ စကားပုံ စကားပြောတွေရေးတင်ပြီး ကိုယ့်ကိုယ်ကို အပြစ်အနာအဆာမရှိအောင် သတိပေးသလို လူငယ်တွေကိုလည်း သတိပေးတတ်တဲ့သူ
(ဟင်း.. ဟင်း.. ကျွန်မဖြစ်မယ် :D)
(၁၁) တွေ့သမျှ Likeတဲ့အမျိုးအစား
ဖျားနာတယ်ပဲရေးရေး၊ သေသွားပြီပဲရေးရေး... ရေးသမျှ မလွတ်တမ်း Likeတတ်သူ
(၁၂) ညည်းတွားတဲ့အမျိုးအစား
ကိုယ့်ဘဝ ဘယ်လိုမကောင်းကြောင်း၊ မောပန်းကြောင်း၊ ပင်ပန်းကြောင်း၊ ဘဝမလှကြောင်း၊ သူတစ်ပါး ကိုယ့်အပေါ်မကောင်းကြောင်း အမြဲတင်တတ်သူ
(၁၃) အချစ်ရူးအမျိုးအစား
အချစ်ကလွဲရင် ဘာမှမတင်တတ်သူ၊ ပါးစပ်ဟတာနဲ့ ယောက်ျား(မိန်းမ) အကြောင်းပြောတတ်သူ၊ အချစ်ကြောင့်မွေး အချစ်ကြောင့်သေမယ်ဆိုသူ
(၁၄) မင်းသားမင်းသမီးရူးအမျိုးအစား
ကိုးရီးယား၊ ဂျပန်၊ စတဲ့ နိုင်ငံခြားမင်းသားမင်းသမီး အဆိုတော်ပုံတွေတင်ပြီး ကိုယ့်ဟာကိုယ် မှတ်ချက်ပေးတတ်သူ
(၁၅) ကုပ်ကမြင်းအမျိုးအစား
တခြားလူတင်တာပဲကြည့်တယ်၊ ကိုယ်ကျ ဘာမှမတင် မLike ဝင်မပြောတဲ့သူ
(၁၆) စိတ္တဇအမျိုးအစား
ကိုယ့်ကိုယ်ကိုတော်ကြောင်း၊ တတ်ကြောင်း၊ အောင်မြင်ကြောင်း၊ လှကြောင်း ပါးစပ်ဖျားကမချတတ်သူ
ပြုံးရယ်ခွင့်ရရုံမျှသာ.....
နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။