Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

ဒိုင်နမို (Dynamo)

10 June 2013 |By The Voice Journal
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့တော်က နိုင်ငံခြားသား ဧည့်သည်တွေ လာလည်နေကျ ခရစ်တော် ဆင်းတုတော်ကြီး Chirst the Redeemer အနီးမှာ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံသား အင်္ဂလိပ် လူငယ်တစ်ယောက်က ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးနှစ်ယောက် အနားကိုကပ်လာပြီး သူ့ကို ယေရှု ကိုယ်တော်ပုံပါအောင် ဓာတ်ပုံရိုက်ပေးပါလို့ ပြောပါတယ်။

ကင်မရာ အသေးလေးကိုပေးလို့ အကူအညီ တောင်းခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က ကင်မရာကို လှမ်းယူလိုက်ပြီး အင်္ဂလိပ်လူငယ်က လူအုပ် ကြားထဲကနေ ခရစ်တော် ရုပ်တုကြီးရှေ့မှာ ဓာတ်ပုံ ရိုက်ဖို့ အိုက်တင် ပေးပါတော့တယ်။ ရုပ်တုအောက်မှာ တခြားကမ္ဘာလှည့် ခရီးသည်တွေ အမှတ်တရ ရိုက်နေကျ ပုံစံ အတိုင်း လက်နှစ်ဖက်ကို တောင်ပံလို ကားလို့ပါ။ အမျိုးသမီးရဲ့ ကင်မရာမြင်ကွင်းထဲမှာ အင်္ဂလိပ်လူငယ်ရဲ့ ပုံကို မြင်နေရပါပြီ။ သူမလည်း ကင်မရာခလုတ်ကို နှိပ်လိုက်တော့မှာပါ။
ဒီအချိန်မှာပဲ အံ့အားသင့်ပြီး တခြားကမ္ဘာလည့် ခရီးသည်တွေပါ အုတ်အော်သောင်းတင်း ဖြစ်ရမယ့် ကိစ္စတစ်ခုကို သူမကိုင်ထားတဲ့ ကင်မရာထဲမှာ မြင်လိုက်ရပါတယ်။ ဒါကတော့ အင်္ဂလိပ်လူငယ်ဟာ ကမ္ဘာမြေ ဆွဲအားကို ဆန့်ကျင်ပြီး တဖြည်းဖြည်း လေပေါ်ကို ပျံသွားတာပါပဲ။ လူအုပ်ကြီးဟာ ဘာမပြော ညာမပြောနဲ့ လေပေါ်ကိုပျံသွားတဲ့ ဒီအင်္ဂလိပ် လူငယ်ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြပါတယ်။
တချို့ကလည်း ကင်မရာတွေ ဖုန်းတွေ ထုတ်ပြီး ဓာတ်ပုံ ရိုက်ကြတာပေါ့။ သူက တော့ ဒိုင်နမိုပါ။ တီဗီရှိုးတွေမှာ နာမည်ကြီးနေတဲ့ ကမ္ဘာကျော် လမ်းမပေါ်မျက်လှည့် ဖျော်ဖြေ ပြကွက်ဆန်းတွေ၊ ထွင်ပြတဲ့ ပဉ္စလက် အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ကူးခွေ ဒီဗီဒီများရဲ့ ကျေးဇူးနဲ့ မြန်မာပရိသတ် တော်တော်များများလည်း ဒိုင်နမိုကို ရင်းနှီးနေကြပါပြီ။ စင်တင် ပြပွဲကြီးတွေနဲ့ ခမ်းခမ်းနားနား မဟုတ်ဘဲ ဆူပါမားကက်တွေ၊ ကားလမ်း နံဘေးတွေ၊ ပန်းခြံတွေနဲ့ ကမ်းခြေတွေမှာ လမ်းဘေး အနုပညာ တင်ဆက်မှု Steet Performance ဆန်ဆန် လုပ်ပြပေမယ့် သူ့ ပြကွက်တွေကတော့ မြင်လိုက်ရ သူတိုင်း ထအော်ရင်အော်၊ မအော်ရင် ပါးစပ် အဟောင်းသား ဖြစ်သွားရတာချည်းပါပဲ။
အင်္ဂလန်က သိမ်းစ် မြစ်ရေပေါ် လမ်းလျှောက်ပြတာ၊ မျက်လှည့် ပြနေရင်းနဲ့ ပျောက်သွားတာ၊ အုန်းသီး ထဲကနေ ပရိသတ်တောင်းဆိုတဲ့ အချိုရည် ထွက်အောင် လုပ်ပြတာတွေက ရိုးရိုးရှင်းရှင်းနဲ့ နားမလည် နိုင်လောက်အောင်ကို ရှင်းလင်းသပ်ရပ် လွန်းပါတယ်။ လင်ဆေးလိုဟန် လို နာမည်ကျော် သရုပ်ဆောင်တွေ၊ ရီယိုဖာဒီနန်လို နာမည်ကျော် အားကစားသမားတွေနဲ့ တွဲပြီးတော့လည်း ရုပ်သံပရိသတ်ကို ဖျော်ဖြေပါတယ်။ လင်ဆေးလိုဟန်ကို ဆိုရင် လေပေါ်ပင် ပျံခိုင်းလိုက် ပါသေးတယ်။ ကဲ..ဒိုင်နမို ဆိုသူ အနုပညာရှင်ရဲ့ နောက်ကြောင်းလေးကို တူးဆွ ကြည့်ရအောင်…။ အင်္ဂလိပ် မျက်လှည့်ပညာရှင် ဒိုင်နမိုရဲ့နာမည်အရင်းက စတီဗင်ဖရိန်း ဖြစ်ပါတယ်။
၁၉၈၂ခုနှစ်က အနောက်ပိုင်း ယော့ရှိုင်းယားမှာ ဖွားမြင်ခဲ့တာပါ။ မျက်လှည့် ပညာကို ဘိုးအေဆီက ပညာအမွေရ ခဲ့တယ်လို့ ဆိုကြပြီးတော့ အမေရိကန် ပြည်ထောင်စု လူစီယာနားနဲ့ နယူးစ်အော်လင်းတို့မှာ ထပ်ပြီး လေ့လာခဲ့ပါသေးတယ်။ Hip Hop ယဉ်ကျေးမှုနဲ့ မျက်လှည့် အနုပညာကို ပေါင်းပြီး တင်ဆက်မှု တွေကြောင့် လူကြိုက်များပြီး သူ့ရဲ့ Dynamo: Magician Impossible ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်လေးက နာမည်ကျော်ပါတယ်။
အင်္ဂလိပ် ဘောလုံးအသင်း ဘရတ်ဖို့ဒ်စီးတီးရဲ့ ပရိသတ် တစ်ယောက်ဖြစ်တဲ့ ဒိုင်နမိုဟာ အူလမ်းကြောင်း ရောဂါကို ခံစားနေရသူလည်း ဖြစ်ပါတယ်။ Richard and Judy ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ စပြီး ပါလာပြီးခဲ့တဲ့ နောက်ပိုင်း အောင်မြင်တဲ့ ရုပ်သံအစီအစဉ်တွေနဲ့ မျက်လှည့် ပြကွက် ဒီဗီဒီတွေမှာ ဦးဆောင် ဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။ Adidas နဲ့ Nokia မိုဘိုင်းလ်ဖုန်း ကြော်ငြာ တွေလည်း ရိုက်ကူးခဲ့တဲ့ ဒိုင်နမိုဟာ The Grind ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာလည်း ဝင်ရောက် သရုပ်ဆောင် ထားခဲ့ပါတယ်။ ဖက်ရှင် မော်ဒယ်လ် အကျော်အမော် နာအိုမီကင်းဘဲလ်ရဲ့ Fashion For Relief ရုပ်သံ အစီအစဉ်မှာလည်း Catwalk ပေါ်တက်ခဲ့ ပြန်ပါတယ်။
၂၀၁၂ မှာသူရခဲ့တဲ့ အောင်မြင်မှုကတော့ ပဉ္စလက် ပညာရှင်များ အဖွဲ့ချုပ် The Magic Circle က အတွင်းစည်း အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုလိုက်ပြီးတော့ ဆုတံဆိပ်လည်း ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ Dynamo: Magician Impossible ဟာ ရုပ်သံ အစီအစဉ် ဆုတွေထဲက တစ်ခုဖြစ်တဲ့ အကောင်းဆုံး ဖျော်ဖြေရေး အစီအစဉ်ဆုကို ရရှိခဲ့ပါတယ်။ ဒီမျက်လှည့် ခွေရဲ့ ဒုတိယပိုင်းလည်း ဆက်ထွက် ခဲ့ပြီးတော့ အကောင်းဆုံး ဖျော်ဖြေရေး အစီအစဉ်ဆုကို ထပ်ဆွတ်ခူး ပြန်ပါတယ်။
ဒါ့အပြင် ဗာဂျင်း မီဒီယာရဲ့ နှစ်တစ်နှစ်မှာ အကောင်းဆုံး ရုပ်သံအစီအစဉ်ဆုကိုလည်း ရခဲ့ပါတယ်။ သူထွက်ရှိထားတဲ့ DVD တွေကတော့ Dynamo’s Underground Magic ၊ Dyanamo’s Estate of Mind ၊ Dyanmo’s Concrete Playground နဲ့ Dynamo: Magician Impossible တို့ ဖြစ်ကြပါတယ်။ www.dynamomagician.com မှာ သူ့ရဲ့ လတ်တလော သတင်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
သန့်ဇင်စိုး
The Voice Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။