၁။
လူတချို့ ဆေးစစ်ချင်လို့ဆိုပြီး ဆေးခန်းသို့ ရောက်လာတတ်သည်။ ဆေးစစ် ချင်လို့ဟု ဆိုသည်ထက် Medical check up လုပ်ချင်လို့ဟု ခေတ်မီမီ၊ ဘိုလိုပြောသည့် လူက ခပ်များများ။ ရောဂါကို စောစောစီးစီးသိ၊ ရောဂါနုစဉ် ထိထိရောက်ရောက် ကုသမှုခံယူနိုင်လျှင်၊ တစ်ခါတစ်ရံ အမြစ်ပြတ်ကုနိုင်လျှင် အကောင်းဆုံး ဖြစ်သဖြင့် ကျန်းမာရေးဗဟုသုတရှိလို့ ဆေးလာစစ်သည့် လူနာကို ၀မ်းပန်းတသာ... စစ်ပေးသည်။ ကျား၊ မ၊ အသက် အရွယ်အလိုက် လိုအပ်သလို စမ်းသပ်၊ စစ်ဆေးမှု လုပ်ရသည်။ ဆီး၊ သွေး၊ ECG၊ ဓာတ်မှန်၊Ultrasound စ သည်ဖြင့် မျိုးစုံ။ လိုအပ်ပါက အဆင့်မြင့် စမ်းသပ်နည်းများကို တိုး၍ လုပ်ရသည်။ အဖြေစုံတော့ တွေ့သမျှကို ရှင်းပြ၊ လိုအပ်သမျှကို ညွှန်ကြားရသည်။ တချို့ရောဂါက စမ်းသပ်စစ်ဆေးမှု အဖြေများနှင့် ဘာသာပြန်ရန် မလုံ လောက်။ လူနာ၏ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ၊ ရောဂါလက္ခဏာများ နှင့်တွဲပြီး အဖြေထုတ်ရ တတ်သည်။ အသက် (၅၀)အရွယ်၊ ခပ်၀၀လူ၊ ဆေးလိပ်သောက်၊ သွေးချိုရောဂါရှိသူ၊ ECG ကောင်းသည် ဆို ပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ ရာနှုန်းပြည့် ကင်းသည်ဟု မဆိုနိုင်သည့် သဘောဖြစ်သည်။ တချို့လူနာ ဆေးစစ်ချက် အားလုံး တစ်ခုမကျန်ကောင်းသည်ဟု မှတ်ချက်ကိုရ၊ အပျော်ကြီးပျော်၊ နေချင်သလိုနေလျှင် တော့ မှန်ကန်သည့် လုပ်ရပ်ဟု ဆိုရခက်သည်။ စစ်သမျှ အဖြေသည် မည်မျှကြာကြာ တာဝန်ခံမည်နည်း။ တစ် ခါစစ် အဖြေများသည် တစ်သက်တာ အာမခံချက်များ မဟုတ်။ စစ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေ သည် မိမိကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံ၊ လူနေမှုပုံစံ မည်မျှလိုက်နာသနည်းပေါ် မူတည်သည်ကို သိထားသင့်ပါ သည်။
၂။
ကျန်းမာရေးဆေးစစ်သည့် ရည်ရွယ်ချက် မျိုးစုံရှိသည်။ ရောဂါစောစော စီးစီးသိရန်၊ ရောဂါတွေ့လျှင် ရောဂါနုစဉ်ကပင် အထိရောက်ဆုံးကုရန်ဟု ရည်ရွယ်ချက်ကောင်းနှင့် လာစစ်ကြသူများရှိသကဲ့သို့ ဘာရယ်လို့ ဟုတ်တိ ပတ်တိမဟုတ်၊ သူများစစ်လို့ လိုက်စစ်သည့် လူများလည်း ရှိသည်။ ထူးထူး ခြားခြား အကြံနှင့် စစ်သူ များလည်း ရှိသည်။ ဆေးလိပ်သောက်ပြီး အဆုတ် ရောဂါ၊ နှလုံးရောဂါ ရှိ/
၃။
ဆေးစစ်လာသူများ အပါအ၀င် လူနာတိုင်းကို ဆရာဝန်က ရောဂါ ရာဇ၀င် မေးရသည်။ ဖြစ်ဖူးသမျှ ရောဂါရာဇ၀င်၊ ခံစားရသမျှ ရောဂါ လက္ခဏာ၊ နေထိုင်စားသောက်မှုပုံစံ၊ ဆေးလိပ်အရက် သောက်/မသောက်။ ဆေးလိပ်သောက်လား။ မသောက်ဘူးဆရာ။ လူနာက ခပ်တည်တည်နှင့်ဖြေသည်။ ဆက်မေးရမှာ ခပ် ခက်ခက်။ သို့ပေမယ့် မတတ်နိုင်။ ဆက်တော့ မေးရသည်။ အရင်ကရော သောက်ဖူးလား။ သောက်ဖူးတာပေါ့ ဆရာ။ ဘယ်တုန်းက နောက်ဆုံးသောက်တာလဲ။ အခုချောင်းဆိုးမှ မသောက်တော့တာ နှစ်ရက်ရှိပြီ။ ဟိုလိုလို ဒီလိုလို ဖြေပြီးမှ ဆေးလိပ်မပြတ်သေးမှန်း ပေါ်သွားသဖြင့် မချိပြုံးပြုံးသည့် လူနာများ မကြာခဏ တွေ့ရသည်။
အရက်သောက်တတ်လားဟု အမေးရှိတိုင်း အရက်တော့ မသောက်ဘူး ဆရာ၊ ဘီယာပဲ သောက်တယ်ဟု ဖြေသူ တော်တော်များများ တွေ့ရသည်။ လွန်ခဲ့သည့် နှစ်တော်တော်ကြာက ရုပ်ရှင်မင်းသမီး တစ် ယောက်၏ ဘီယာဟာ အရက်မဟုတ်ပါ ဟူသော ကြော်ငြာပေါက်သွားပြီးကတည်း
အရက်သောက်တယ် ဆရာ၊ ပြီးတော့ အသည်းအားဆေးလည်း သောက်တယ်ဆိုပြီး အသည်းအား ဆေး သောက်ထားရင် သောက်သမျှ အရက်၏ ဆိုးကျိုးမှန်သမျှ မဖြစ်တော့၊ အသည်းအားဆေးက ရာနှုန်းပြည့် ကာကွယ်မှု ပေးသည်ဟု ထင်သူများ ရှိသည်။ တီဗွီ၊ ဂျာနယ်၊မဂ္ဂဇင်း၊လမ်းဘေးဆိုင
၎။
Alcohol (အယ်လ်ကိုဟော)ပါသမျှ အရက်စာရင်းဝင်များ ဖြစ်သည်။ အရက်တစ်မျိုးနှင့် တစ်မျိုး Alcohol ပါဝင်မှု ကွာကြသည်။ Beer ၃.၅ မှ ၉ ရာခိုင်နှုန်း၊ ၀ိုင် ၁၀ မှ ၁၂ ရာခိုင်နှုန်း၊ ရှယ်ရီ ၁၇.၅ ရာခိုင်နှုန်း၊ ရမ်၊ ဂျင် ၃၇.၅ ရာခိုင်နှုန်း၊ ၀ီစကီ၊ ဘရန်ဒီ ၄၀ ရာခိုင်နှုန်း အသီးသီးပါသည်။ Alcohol ပါဝင်မှု Beer က အခြား အရက်များထက် နည်းသည်မှာ မှန်သည်။ သို့ပေမယ့် သူ့အတိုင်းအတာနှင့် သူ အန္တရယ်ပေးသည်။ Beer မှာလည်း အစွယ်လေးနှင့်။ Alcohol ပါဝင်မှု ရာခိုင်နှုန်းနည်း Beerများ ကိုများများ သောက်တော့ ခန္ဓာကိုယ်တွင်း ရောက်သည့် Alcohol ပမာဏ အရက်ပြင်းများ၏ စံချိန်ကို မီသည်။ ထို့ကြောင့်လည်း ကျန်းမာရေးနှင့် ညီညွတ် အောင် သောက်သင့်သည့် အရက်ပမာဏမှာ အမျိုးသားများအတွက် တစ်ပတ် Alcohol ယူနစ် ၂၁၊ အမျိုးသမီး များအတွက် ၁၄ ယူနစ်ဟု သတ်မှတ်ရာတွင် ၀ိုင်၊ ရှယ်ရီ ဖန်ခွက်ငယ် တစ်ဝက်၊ ၀ီစကီ တစ်ပက်၊ ဘီယာပျော့ ပိုင့်ဝက် (Pint) ၊ ဘီယာပြင်း ပိုင့်တစ်စိတ် (၁/၄)ကို တစ် ယူနစ်အဖြစ် တွက်ကြသည်။ အခြား အရက်ပြင်းများ နည်းတူ ဘီယာသည်လည်း သူ့အတိုင်းအတာနှင့်သူ အန္တရယ်ရှိသည်ကို ပြသည်။
အရက်သည် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း တော်တော်များများကို ပျက်စီးစေသည်။ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကို ဖြစ်စေသည်။ အရက်သည် အသည်းတွင် အရက်ကို ဓာတ်ပြုချေဖျက်အားကို တဖြည်းဖြည်းနှင့် တိုးပြီး ကောင်းစေခြင်းဖြင့် အရက်ကို ယဉ်စေသည်။ အရက်ကို ပို၍ပို၍ တောင့်တစေသည်။ အရက်လိုအပ် ချက်ကို တဖြည်းဖြည်းနှင့် တိုးစေသည်။ ထို့ကြောင့် အရက်ပျော့မှ အရက်ပြင်း၊ Beer မှတစ်ဆင့် အရက်ပြင်း ဆီသို့ တဖြည်းဖြည်း ရာထူးတိုးစေသည်။ ထို့ကြောင့်လည်း Beer ကလည်း အစွယ်လေးနှင့်ဟု ဆိုရခြင်း ဖြစ်သည်။
၅။
အရက်ကြောင့် ခန္ဓာကိုယ်အင်္ဂါအများအပြား ထိခိုက်ပျက်စီးရာ အသည်းပျက်စီးခြင်းမှာ အထင် ကရ ဖြစ်သည်။ အရက်ကြောင့် အသည်းပျက်စီးခြင်း တွင် ကျား/
၆။
အရက်သောက်သည့်လူ ဆေးစစ်လို့ အသည်းပုံမှန်၊ အသည်းထိခိုက်မှု မရှိဟု အဖြေထွက်လျှင် ၀မ်းမြောက်ဖွယ်။ ခံယူချက်တော့ မှန်ဖို့လိုသည်။ အသည်းကောင်းသေးတယ်။ အရက်ဆက်သောက်လို့ ရသေးတယ်ဟု မတွေးသင့်။ အသည်းမထိသေးတာ ကံကောင်းသည်။ အခုအချိန် အရက် ဖြတ်မှဟူသော အတွေးသာ ဖြစ်သင့်သည်။ အရက်ကြောင့် အသည်းအဆီဖုံးသည့် အဆင့်တွင်လည်း အလားတူ၊ အရက် ပြတ်လျှင် အသည်းပုံမှန် ပြန် ကောင်းနိုင်သည်ဟု အသိဖြင့် အရက်ပြတ်ရန် ကြိုးစားသင့်သည်။ အသည်း ရောင်သည့်အဆင့် (Hepatitis)ထိ မဆိုးသေး။ အရက်ဖြတ်လျှင် ပြန်ကောင်းဖို့ များသည့် အဆင့်။ အနိုင်နှင့် ပိုင်းနိုင်သည့် အဆင့်။ ဤအဆင့်မှ မဖြတ်လျှင် အရှုံးနှင့် ဇာတ်သိမ်းရမည်ကို သိထားသင့်သည်။
အသည်းကျွမ်း၊ ရေဖျဉ်းစွဲမှ အရက်ဖြတ်လျှင်တော့ နောက်ကျနေပြီဟု ဆိုနိုင်သည်။ အရက်က ကိုယ့်ကို နိုင်သွားပြီဖြစ်သည်။
အရက်သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ စွဲလမ်းမှုကို ဖြစ်စေသည်။ ဖြတ်ရခက်သည်။ တစ်သက်လုံး စွဲခဲ့သမျှ အရက်ကို ပစ်ရမှာ ခပ်ခက်ခက်ဖြစ်မည်မှာ သေချာသည်။ သို့ပေမယ့် အရက်ဆက် သောက်လျှင် တော့ အရှုံးနှင့် အဆုံးသတ်ရလိမ့်မည်။ ယခုအချိန်ဖြတ်လျှင် အနိုင်နှင့် ပိုင်းသလို အမြတ်ထွက် ဦးမည်ဟူသော အတွေးက အရက်ဖြတ်စေမည့် တွန်းအားတစ်ခုဖြစ်မည်မှာ သေချာသည်။
ပါမောက္ခနေ၀င်း (ဆေးပညာ)
Our Dear Readers, WE CARE YOUR HEALTH.
Yangon Health Guide, the most complete and compact guide book of health for you, for your family and for the one you love.
Now, available at all branches of City Mart. So, you can get YHG easily during your shopping time.
And also available at စာပေလောက (လှည်းတန်း) ၊ စာပေလောက (၂-ပန်းဆိုးတန်း) ၊ စာပေလောက (၅-ပန်းဆိုးတန်း) ၊ စာပေလောက (၇-တောင်ဥက္ကလာ) ၊ စာပေလောက (၈-မြောက်ဥက္ကလာ)၊ ကျိုက္ကဆံ Super One၊ အင်းဝစာအုပ်တိုက် (ပန်းဆိုးတန်း)၊ အင်းဝစာအုပ်တိုက် (လှည်းတန်း)၊ စာပေရတနာ၊ TAB book centre၊ ရာပြည့်စာအုပ်ဆိုင်၊ အရုဏ်သစ်စာပေ (ဗိုလ်ချုပ်လမ်း)၊ အရုဏ်သစ်စာပေ (ကုန်သည်လမ်း)၊ The Reader (ပါရမီစိန်ဂေဟာ)၊ ပြည့်ဝေကျော်စာပေ၊ ပညာရွှေတောင် အမေ့အိမ်စာပေ၊ စောဦးစာပေ၊ ၀ါးတန်း Medical Book Centre၊ စာပေဗိမာန်၊ နေစေးစာပေ၊ All branches of Orange Supermarket, United Living Mall Shopping Centre, Myanmar Big Shop, Feel Myanmar ရှေ့ (ပြည်ထောင်စုရိပ်သာလမ်း)။
For further more information, please contact us by telephone or email. It is easy to get in touch with us. So, give us your feedback or let us know what we can do to help you today.
Tel: 09 - 508 4196, 09 - 49 717 919
Email: yangonhealthguide@gmail.co

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။