Essential Moe
ရင် ကို ထိ တဲ့ သူ့ အ မြင် !
ကမ္ဘာ့အကြီးကျယ်ဆုံး ပြုပြင်ပြောင်းလဲမှုကြီးကို ပြုလုပ်နေပါတယ်ဆိုတဲ့ သမ္မတရဲ့  အုပ်ချုပ်ရေးမဏ္ဍိုင် ကို သူယုံပါတယ်လို့  တစ်ဖွဖွပြောလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတကို ပွင့်လင်းစွာ ဝေဖန်လာခဲ့ပါပြီ ..
သမ္မတရဲ့ လုပ်ဆောင်ချက်တွေ အပြောပဲရှိနေတာ၊ အပြောင်းအလဲဆီကို သွားနေတဲ့ အရွေ့က မရွေ့သလောက်ရှိနေခဲ့တာတွေကို ဖော်ထုတ်ဝန်ခံရင်း အတိုက်အခံခေါင်းဆောင် သူ့ နေရာသူသို့  ပြန်လည်ရောက်ရှိခြင်းလို့  ဆိုရမှာပါ။
အပြောင်းအလဲဆီကိုစအရွေ့ မှာ နေရာပေါင်းစုံ ၊ ဘက်ပေါင်းစုံ အစစအရာရာမှာ ဒီလောက်တောင် အခြေအနေဆိုးလွန်းနေလှတဲ့ တိုင်းရေးပြည်ရာများထဲမှာ ဥပဒေပြုရေးမဏ္ဍိုင်ကြီးက အရေးတကြီး ဆိတ် ဖမ်းနေပါတယ်။
...

သမ္မတ လွှတ်တော်နဲ့  တရားစီရင်ရေး အာဏာကြီး သုံးရပ်ကတော့ဖြင့် အခုထိ ကျွန်တော်တို့  ခိုင်ခိုင်မြဲမြဲ မဆုပ်ကိုင် နိုင်သေးတဲ့ မျက်မမြင်ပုဏ္ဍားတွေ ဆင်စမ်းနေကြရသလိုပါ။
သူရှိတယ်၊ ငါရှိတယ်၊ သူအပေါ်မှာငါ ၊ ငါ့အပေါ်မှာ သူ နဲ့  ပြိုင်ဆိုင်ပြလို့  ကောင်းတုန်း၊ ရန်ဖြစ်ပြလို့  ကောင်းနေကြတုန်းပါ။
ဒါမှမဟုတ် ရန်ဖြစ်ချင်ယောင် ဆောင်လို့  ကောင်းနေကြဆဲပါ။
အကောင်းမြင်မပေးချင်တာ မဟုတ်ပါဘူး။
မြင်ပေးစရာအကောင်းက ရှာလို့ ကို မတွေ့ ခဲ့တာပါ။
နဂိုကတော့ ကျွန်တော်တို့ တွေ ကမ္ဘာကြီးက ကျွန်တော်တို့ ကို လျစ်လျူရှုမထားဖို့  အော်ဟစ်မြည်တမ်းခဲ့ကြရပါတယ်။
အခုကြတော့လည်း ကျွန်တော်တို့ က အရေခြုံလူဆိုးတွေကို သိပ်ပြီး အမွှန်းတင်၊ ဂုဏ်မမြှောက်ကြဖို့  ပြန်လည်အော်ဟစ်သတိပေး နေကြရပြန်ပါတယ်။
ပြည်ချစ်သူ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။