ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
AVOID this Don't!
မသင့်လျော်သော နေရာများအား ရှောင်ရှားနိုင်စေရန်။
ပြင်ပမှာလေ့ကျင့်ခန်းလုပ်ဖို့ မသင့်လျော်ဆုံးနေရာ
ကားလမ်းမကြီးဘေး
ကားလမ်းပေါ်ဖြတ်သန်းမောင်းနှင်နေတဲ့ ယာဉ်တွေက ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေဟာ အသက်ရှူခက်စေရုံသာမက ပိုပြီးပင်ပန်းစေနိုင်ပါတယ်။ လေ့လာချက်အရ ဒီဇယ်ငွေ့တွေဆိုရင် သွေးကြောကိုတောင် ခဲစေနိုင်ကာ နုလုံးတိုက်ခိုက်ခံရခြင်း နဲ့ လေဖြန်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်လျှင် ကားလမ်းမကြီးဘေးကို ရှောင်ရှားသင့်ပါတယ်။
...

မိုဘိုင်းဖုန်း မသုံးသင့်သောနေရာ
လမ်းလျှောက်ရင်း
လမ်းလျှောက်ရင်း ဖုန်းပြောခြင်း၊ ဖုန်းအသုံးပြုခြင်းဟာ လေ့လာချက်များအရ ခါးနာခြင်းကို ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ လမ်းလျှောက်ရင်းနဲ့ စကားပြောတဲ့အခါ အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ရုပ်မြင်သံကြား မကြည့်သင့်သောနေရာ
အမှောင်ခန်းအတွင်း
ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ရှိ အလင်းတောက်ပမှုနဲ့ ကြည့်ရှုသူပတ်ဝန်းကျင် အခန်းအမှောင်ကြား ကွာခြားမှုဟာ သင့်ရဲ့ မျက်လုံးတွေကို ထိခိုက်စေပြီး ခေါင်းကိုက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရုပ်မြင်သံကြားကို အလင်းကောင်းစွာရတဲ့ အခန်းတွင်းမှာ ကြည့်သင့်ပါတယ်။
ချောကလက်တင်ထားဖို့ မသင့်လျော်ဆုံးနေရာ
သင့်စားပွဲပေါ်
အမျိုးသမီးရုံးဝန်ထမ်းတွေကို လေ့လာချက်အရ ချောကလက်တွေကို မြင်သာတဲ့ နေရာမှထားပြီး ယူရလည်း လွယ်တယ်ဆိုရင် များများပိုစားမိကြောင်း၊ တစ်နေ့ကို အနည်းဆုံး နှစ်တုံးလောက် ပိုစားမိကြောင်း တွေ့ရပါတယ်။ အချိုစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို တော်ရုံနဲ့ မမြင်ရတဲ့နေရာတွေမှာသာ ထားပါ။ ဒါမှ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်ပါမယ်။
ကမ်းခြေတွင်ထိုင်ဖို့ မသင့်လျော်ဆုံးနေရာ
သဲစိုစိုပေါ်
သဲစိုစိုမှာ ထိုင်တာဟာ အစာအိမ်တွင်း ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုများပါတယ်။ သဲ ရော သဲခြောက်မှာပါ ၀မ်းကိုက်၊ ၀မ်းနာခြင်းဖြစ်စေတဲ့ ဘက်တီးရီယား ပါပြီး သဲစိုတွေကနေ ရောဂါပိုး ပိုပြီး ကူးစက်လွယ်ကာ လက်ချောင်းတွေဆီ ကပ်ကာ အစာအိမ်လမ်းကြောင်းထဲ ၀င်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သဲစိုစိုပေါ်တွင် ထိုင်ခြင်း၊ ဆော့ကစားခြင်းကိုရှောင်ရှားသင့်ပြီး ဆော့အပြီးတွင်လည်း လက်ကို သေချာဆေးကြောသင့်ပါတယ်။
credit: ဒေါက်တာနုမြတ်
KZL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။