Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 19, 2013

" အာဏာရှင် မျိုးရိုးဗီဇ "

 

" အာဏာရှင် မျိုးရိုးဗီဇ "
==============

ယနေ့ခေတ် ကာလကြီးကား ကမ္ဘာတစ်လွှား စိတ်ဝင် စားစရာတွေ အလွန်တရာမှ များပြားလှပေသည့် အချိန်ပါပေ။ ယခုသုံးလေးငါးနှစ်အတွင်းမှာ အပြောင်းအလဲ ကြီးပေါင်း
မြောက်မြားစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ကြရပါပေ၏။

...
အထင်ကရအထင်ရှားဆုံး ဖြစ်ရပ်များကား ယနေ့ကမ္ဘာ တစ်လွှားမှာ ရှိခဲ့သည့် အာဏာရှင်များ တဖြည်းဖြည်းလျော့ ပါးသွားခဲ့ခြင်းပဲဖြစ်ပါ၏။ အာဏာရှင်အတော်များများ ပြေး လွှားပုန်းအောင်းရင်း လက်နက်ထိမှန်ကျဆုံး နိဂုံးချုပ်ခဲ့ကြသလို အချို့လက်ရဖမ်းဆီးခံရ ကာ ကြိုးပေးကွပ်မျက်ခံရ၍ သေဆုံးခဲ့ကြရ ပါ၏။ အချို့နေရင်းထိုင်ရင်း သွားရင်းလာရင်း ကနေ အထွေထွေ ၉၆ ပါး ရောဂါဖြင့် ကွယ် လွန်ခဲ့ကြပါပေ၏။ အချို့ 'ဥာဏ်' ရှိသည့် အာ ဏာရှင်များကား အာဏာကို ခွဲဝေစိတ်ပိုင်းကာ အတိုက်အခံ တော်လှန်ရေးသမားများနှင့်
'အာဏာရှယ်ယာ' လုပ်ခဲ့ကြပါပေ၏။ အချို့ 'နပ်' သည့် အာဏာရှင်များကား သိုသိုဝှက် ဝှက် တိတ်တိတ်ဆိတ်ဆိတ် အငြိမ်းစားယူတော် မူခဲ့ကြကာ 'အရပ်သားသဏ္ဌာန် စစ်နောက်ခံ အစိုးရ'ကို 'ဒီမိုကရေစီသကာ ရည်'လောင်းပြီး နိုင်ငံတော်ကို ရှေ့ခရီးဆက်စေကြပါပေ၏။

ဘာပဲဖြစ်ဖြစ် အပစ်ခံရကွပ်မျက်ခံရလို့ပဲ သေသေ၊ သက် တမ်းစေ့လေလို့ပဲဆုံးဆုံး၊ ပြုံးပြုံးပျော်ပျော်ကြီးပဲ အနားယူယူ 'အာဏာရှင်'ဟူသည်တို့ကား ကမ္ဘာတစ်လွှားမှာ ပျောက်ကွယ်
လာကြတာတော့ အသေအချာပါပေ။ကမ္ဘာပေါ်ရှိ အချို့အစွန်းရောက် အာဏာရှင်နိုင်ငံတို့မှာ အာဏာရှင်တစ်ယောက်အနိစ္စရောက်သွားခဲ့၍ သူ့နိုင်ငံသား တို့နှင့်တကွ ကမ္ဘာတစ်လွှားပျော်ရွှင်ရမလားဟု သွားပြီးမစဉ်း စားနှင့်။ အဆင်သင့်နေရာယူထားရာ သားတော် မဟာအာဏာ ရှင် ပေါက်စလေးတစ်ယောက် ချက်ချင်းပေါက်ချလာပြီး
ဖခမည်းတော်ကြီး၏ မပြီးသေးသည့် 'အာဏာရှင်ပန်းချီကား'ကို ဆက်လက်ရေးသားတော်မူတာမျိုးလည်း တစ်နည်း တစ် နည်းတော့ ရှိနေပါပေ၏။

အချို့အာဏာရှင်နိုင်ငံတော်တို့မှာကား အဆိုပါ 'တစ် သက်တာ အာဏာရှင်'ကို အသေခံပိတ်ဆို့ တိုက်ခိုက်ဖမ်းဆီး နှိပ်ကွပ်ကာ အသစ်တက်ရောက်လာသည့် အတိုက်အခံအစိုးရ
ဆိုသူတို့မှာလည်း နောက်ထပ်အာဏာရှင်ပုံစံ အသွင်တစ်မျိုး ထဲဝင်ကာ စခန်းသွားအုပ်ချုပ်ကြတာမျိုးလည်း အနည်းနည်း တော့ ရှိတတ်ပါပေ၏မည်သို့ပင်ဆိုစေကာမူ ပထမလူပုဂ္ဂိုလ် အဓိပတိ အာဏာရှင်တို့ကို ရအောင်ဖြုတ်ချကာ နောက်တက်လာသည့် ပုဂ္ဂိုလ်ကျော်တို့ကလည်း မရိုးမစွဲ 'ဒီပုတ်ထဲက ဒီပဲ'တော့ မလုပ် ကြနဲ့ပေါ့ဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ၂၁ ရာစု ကမ္ဘာ့အခြေအနေ အသစ်ကြီးမှာ 'အာဏာရှင်'ဆိုတာ ဘယ်သူမှ လက်မခံနိုင် ကြတော့ပါ။ ဤသည်အထဲမှာ အချို့သော 'အာ ဏာရှင်'ပုဂ္ဂိုလ်များကား အငြိမ်းစားယူ အာဏာ လွှဲတော်မူသွားကြပြီဆိုလေသော်ငြား 'အာဏာ ဓား'မှာ နောက်ကွယ်က သူ့လက်ထဲမှာသာ မြဲမြဲဆုပ်ကိုင်ထားလျက် လက်လွှဲခဲ့သည့်
အစိုးရမင်းများ၏ လက်ထဲမှာ 'ဓားအိမ်လွတ်'သာ ရှိနေတာမျိုးလည်း ရှိတတ်ပါပေ၏။ဤသည့် 'အာဏာရှင်'တို့ ၏တူသည့်အချက်တစ်ခုမှာ တိုင်း ပြည်အား 'အာဏာဓား'မိုးကာ စိတ်ထင်တိုင်း အုပ်ချုပ်ခဲ့ကြ ပြီး သကာလ ထိုတိုင်းပြည်မှ ထွက်ရှိသမျှ အဆီအနှစ်အဝဝ တို့မှာ ၎င်းတို့မိသားစု အသိုင်း အဝိုင်း၏ ဘိုးဘွားအမွေပမာ မြိန်မြိန်ကြီးကို ရယူခံစားသုံးစွဲ သွားကြကာ ဆယ်သက် ဆယ်ဘဝ စာမက ချမ်းသာ ကြွယ်ဝနေကြ သည်သာ ဖြစ်ကြပါပေ၏။

'အာဏာရှင်'အုပ်ချုပ် သည့် တိုင်းပြည်တို့ကား ကမ္ဘာ ပေါ်မှာ ဖွံ့ဖြိုးမှုအား အနည်းဆုံး ဖြစ်ကြကာ တိုင်းသူပြည်သားတို့ ဘဝမှာ အလွန်တရာမှ ဆင်းရဲမွဲ တေ ဂျုံးဂျုံးကျနေတတ်ကာ အနှီ အာ ဏာရှင်တို့မှာကား အစွမ်းကုန်ဖွံ့ထွားကြီး မားလျက် ရွှေဘုံထက်မှာ စားပိုးနင့်နေသည့် ဝက်ကြီးများပမာ တစ်သက်ထာဝရစံစား သွားကြတာ တွေ့ရပါပေ၏။

ကမ္ဘာပေါ်ရှိ အာဏာရှင်နိုင်ငံတော်တို့ အထဲမှာ အချို့အာဏာရှင် နိုင်ငံတော်တို့မှာ ကား သူတို့ဘဝ တစ်သက်တာ 'မိသားစုလိုက် အာဏာရှင်စနစ်'ဖြစ်ကာ တိုင်း
သူပြည်သားအပေါင်းမှာ 'ကျွန်သာသာ'ဘဝမှာသာ နေကြရပါ ပေ၏။ အဘိုးက 'အာဏာရှင်'ဖြစ်လျှင် အဘွားကလည်း အားကျမခံ 'အာဏာရှင်'သာလျှင် ဖြစ် နေပါပေ၏။ သူတို့မှ
ပေါက်ဖွားရာ သားတော်သမီးတော်များ သာမက ဆွေမျိုး စဉ်ဆက် 'မြေးတော်မြစ်တော်'များအထိပါ ပကတိ 'အာဏာရှင်'သာ ဖြစ်တော်မူကြပါပေ၏။

ဤသည့် နိုင်ငံတော်တို့မှာ 'ဥပဒေ'ဆိုတာရှိတော့ရှိ၏။ သို့ပေမည့် ဥပဒေ၏အထက်မှာ 'သူတို့' ရှိကြပါပေ၏။ ဤသို့ သူတို့ သူတို့ သူတို့ သည်ကား ဥပဒေအထက်မှာ စံမြန်း တော်မူနေကြသည်ဖြစ်၍ သူတို့ သူတို့ သူတို့ မထင်ရင်မထင်သလို ဆဲချင်တဲ့ သူကိုဆဲသည်။ ရိုက်ချင်တဲ့သူကိုရိုက် သည်။ သတ်ချင်တဲ့သူကို သတ်သည်။ ကမ္ဘာပေါ်မှာ အလွန်တရာမှအန္တရာယ် ကြီးမားပြီး အဆိပ်ပြင်းလွန်းသည့် ကြောက်စရာသတ္တဝါများကား ဘယ် တော့များမှ မျိုးသုဉ်းပျောက်ကွယ်သွား ကြမှာပါလဲ။

ဒီကနေ့ ကမ္ဘာပေါ်မှာ 'အာဏာရှင် နိုင်ငံ'တွေ တဖြည်း ဖြည်းပျောက်ကွယ်နေပြီဖြစ်လေသော်ငြား'အာဏာရှင်မျိုးစေ့' များကား ဟိုနား သည်နားမှာ အများအပြား သာကျန်ရှိနေဦးမှာ
ဖြစ်ပါ၏။သည့်အတွက် ကမ္ဘာပေါ်မှ 'မျိုးရိုးဗီဇပညာရှင်'အပေါင်း တို့အတွက် လက်ခံဆောင်ရွက်ပေးပါရန် အလုပ်ကြီးတစ်ခုကို အပ်နှံချင်ပါပေ၏။ ဤကား အခြားမဟုတ်၊ 'အာဏာရှင်မျိုးစေ့' တို့အား လုံးဝ'မြုံ'သွားအောင် ဖန်တီးကြံဆောင်တော်မူပေး ကြပါခင်ဗျား။

ဆာသော်ဒိုး

အေးချမ်းမွန် Copy & Credit To >Popular Myanmar News Journal < Thank

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။