Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 19, 2013

မြို့ပြညမီးရောင်အောက်က ကြွေလွင့်သွားသောပန်းပွင့်များ....အရှုံးမပေးနဲ့မိငယ်ရေ အပိုင်း(၂)

 
ဥယျာဉ် မှူး with Mya Mya Win and 33 others
မြို့ပြညမီးရောင်အောက်က ကြွေလွင့်သွားသောပန်းပွင့်များ
****************************************
အရှုံးမပေးနဲ့မိငယ်ရေ အပိုင်း(၂)
ကလပ်လို့ခေါ်တဲ့ ခန်းမထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ နားမခံနိုင်လောက်တဲ့ တီးလုံးသံတွေက ဂွတီးဂွကျ ၀င်လာပါတယ်။ ဟာ... ဒီလောက်အသံကျယ်ရအောင် နားပင်းနေတဲ့ လူတွေများ မှတ်နေလားမသိဘူးလို့ ပြောမိပါတယ်။ တီးလုံးသံတွေက နားမယဉ်တဲ့သူအဖို့အော်ဂလီဆန်စရာ။ အသံတွေက ငြိမ့်ညောင်းဖို့ဝေးစွ ကြွက်သံတွေနဲ့ ကွီကျိကျိ တစ်ဒုန်းဒုန်း DJ ပြား ပွတ်သည့်အသံဟု နားကျက်မိသည်။ မြင်ရသည်မြင်ကွင်းကတော့ မျောက်အုပ်နှင့် လက်ပံပင် ဇရက်ကျသလို။ မြင်ကွင်းနဲ့ အသံတွေကိုဒေါသထွက်မိသည်။ သူငယ်ချင်းခေါ်ရာ စာပွဲဝိုင်းအလွတ်တစ်ခုမှာ ထိုင်မိလိုက်တယ်။ ဘီယာခွက်နှစ်ခုရှေ့ရောက်လ...ာသည်။ သီးမခံနိုင်တော့။ စိတ်ရှုပ်တယ်... နားပူတယ်...ငါပြန်တော့မယ် သောက်ချင်စိတ်လည်း မရှိတော့ဘူး။ အေးမှမအေးဆေးတာ ရောမရောက်ရင်ရောမလို နေတတ်က တယ်ကွ... မင်းကလည်း စိတ်ချည်းပဲဟု သူငယ်ချင်းကပြောပါတယ်။ ဒါရောမ မဟုတ်ဘူးကွ... ကုလားသိုက် ကျားဝင်ကိုက်နေတဲ့နေရာ... မနိပ်ဘူး။ ပြန်မယ်။ ဒါပေမဲ့... ကျွန်တော့်စကား သူအရေးမလုပ်ဘူး။ ဟေ့ကောင်... ပိုက်ဆံပေးပြီးသွားပြီ... သောက်ရူးမထနဲ့ဟု တုံ့ပြန်ပါတယ်။ ချာကနဲကျွန်တော့် အနားကလှည့်ထွက်သွားတယ်။

အဲ့ဒီအချိန်မှာ ကခုန်နေတဲ့လူတွေကို သေချာမမြင်ရဘူး။ မီးကတဖျတ်ဖျတ်။ ရုပ်လုံးမပေါ်။ သူတို့ ဆေးလိပ်တွေကိုင်ရင်း ဘီယာသောက်လိုက် ကလိုက်ခုန်လိုက်။ ကကွက်တွေကတော့ တက်တက်ကြွကြွ ဆန္ဒပြတဲ့နေရာမှာ သုံးစားရင်ကောင်း၏။ လက်သီးလက်မောင်းတန်းသလို... လက်မြှောက်ပြ ပေါင်ကားပြ။ သို့သော်... ရုပ်ကိုသေချာမမြင်ရ။ အရိပ်မျှသာ။လက်ကိုင်ဖုန်းထုတ်ရင်း ဓါတ်ပုံရိုက်ဖို့လုပ်တော့ အစ်ကိုဒီမှာဓါတ်ပုံရိုက်ခွင့်မရှိဘူး။ အပြင်မှာစာရေးထားတယ်ဟု ဘုကျကျ ပြောပါတယ်။ စိတ်ထဲကတော့မကျေနပ်။ ခဏကြာတော့ တစ်ယောက်ထဲထိုင်နေတဲ့ ကျွန်တော့်စာပွဲ မိန်းကလေး သုံးယောက်လာထိုင်ပါတယ်။ ဟာ... မနေ့ကအစ်ကိုကြီးမလားတဲ့။ ဟီးဟီး...ဟီးတဲ့။ မိတ်ဆွေတို့လူမှားနေတယ်... အခုမှရောက်တာ။ မညာပါနဲ့ ကိုကြီးကလည်း ဒီလိုလိမ်ကွက်တွေရိုးနေပါပြီတဲ့။ စိတ်ထဲကတင်းကနဲဖြစ်သွားတယ်။ ကိုကြီးကလဲ ညီမလေးတို့ကို မေ့ချင်ယောင် မဆောင်ပါနဲ့တဲ့။ ဒုက္ခ... ။ မိတ်ဆွေတို့ လူမှားနေတာပါ... ပြောတော့ မသိချင်ယောင်ဆောင်ပြီး ဆေးလိပ်သောက်နေတယ်။ မူတော့မူးနေကြတယ်။ ကိုယ့်နှမများဆို နဘန်ထကျင်းထည့်မိမှာ။

တော်ပါသေးတယ်။ သူငယ်ချင်းပြန်ရောက်လာလို့။ ဟေ့ကောင်ရှင်းဦးဟ... ဒီမှာပြသနာ တက်နေတယ်။ ရှင်းမနေနဲ့ မလိုဘူး။ လာ... သွားမယ်ဆိုတော့ ယောင်တောင်တောင်နဲ့ ပါသွားတယ်။ တော်တော်သွားရပြီးအခန်းတွေ အများကြီးဖွဲထားတဲ့ နေရာအရောက်မှာ ၀င်အဲ့အခန်းကို... ဆိုတော့ဘာမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့ ၀င်လိုက်တယ်။ ဘာလဲပေါ့။ ပြီးတော့တံခါးဆွဲပိတ် သွားတယ်။ ပေပတ်လည် တစ်ယောက်အိပ်ခန်းလောက်ရှိပါမယ်။ ကြောက်တော့ကြောက်တယ်။ ဘီယာနှစ်ခွက်လဲ သောက်လိုက်ပြီ။ ချာလပတ်လည်နေတယ်။ ဇွီ... ကနဲတံခါးတွန်းဖွင့်သံနဲ့အတူ မိန်းကလေးတစ်ယောက်ရောက်လာတယ်။ တိန်...။ အိပ်မှုံစုပ်မွှားနဲ့ ထလာပုံပဲ။ ဟိုဘက်တိုးဗျာဆိုပြီး အခန်းထဲ ကျကျနန အိပ်ပါတော့တယ်။ ငုတ်တုပ်ထိုင်ရင်း မူးနေတာတောင် ဘယ်ရောက်သွားတယ် မသိ။ ကိုယ်လဲဘာမသိညာမသိမို့ မမေးရဲ...။ သူ့အခန်းကို ကျွန်တော်မှားဝင်လာတာလား ဝေခွဲမရ။ စဉ်းစားမိတာကတော့ ပြသနာတော့အကြီးကြီး... တက်ပြီ။

ဗိုက်ကလဲဆာနေပြီ... ဘာမှမစားခဲ့ရသေး။ ငုတ်တုပ်တံခါးဘေးနားထိုင်ရင်း သူငယ်ချင်းကိုစောင့်နေမိတယ်။ ငါတော့ငါးပါးမှောက်တာပဲလို့တွေးရင်း။ အိပ်နေတဲ့ကလေးမက ခင်ဗျား ဘာလုပ်မှာလဲ လှမ်းမေးတယ်။ ကျွန်တော့်သူငယ်ချင်း စောင့်နေတာ။ ကျွန်တော်ဗိုက် ဆာနေပြီ... ပြန်မလို့ဆိုတော့။ ပေကလပ်ပေကလပ် ကြည့်တယ်။ သူ့စကားက သိပ်မပီဘူး။ ကြောင်တောင်တောင်မလုပ်နဲ့ဗျာ.... ရိုးနေပြီ။ ဘာလုပ်မှာလဲပြောဆိုတော့... ဒေါသကထွက်သွားပြီ...။ ဒေါသကထွက်ထွက်နဲ့ ..ထမင်းမစားရသေးဘူး။ လယ်တယ်တယ်ဖြစ်နေတယ်။ ကျုပ်လူစကားပြောတာ ဦးနှောက်လာ မစားနဲ့ပြောလိုက်တော့ ... လန့်သွားပုံပဲ။ အသံလည်း ကျယ်သွားတယ်။ သေချာကြည့်တယ်... ကျွန်တော့်ကို။ တံခါးကိုဒေါသထွက်ထွက် ဆောင့်ပြီးဖွင့်လိုက်တယ်။ ဘယ်မလဲ ဒီကောင်ဆိုပြီး...။

နောက်ကခေါ်သံကြားရတယ်... ဟိုကိုကြီး... ဟိုကိုကြီးဆိုတော့...။ ဘာလဲဗျ... ဒါသထွက်နေတာနော် အေးဆေးနေ... ဆိုကာမှ.... အဲ့လိုမရဘူးလေ... အချိန်မပြည့်သေးဘူး။ ညီမခုမှဧည့်သည်ရတာတဲ့။ အေးဧည့်သည်ဆိုတာ အိမ်ရှိရင်အမြဲလာတယ်။ နင့်မှာအိမ်မရှိဘူးလား။ နင်တို့ပြောတာ ငါနားမလည်ဘူး။ ဦးနှောက်လာမစားနဲ့ဆိုတော့... လာပါအစ်ကို အခန်းထဲမှာပြောပါဆိုတော့....

မ၀င်ဘူး.... ဟိုခွေးသူဒေါင်းစားကိုသွားရှာမလို့။ ဘာတွေမှန်းကိုနားမလည်တော့ဘူး။ ဦးနှောက်သိပ်စားမခံဘူး။ အပြင်ထွက်တဲ့အပေါက်ပြဆိုတော့...။ အစ်ကို ဒီနေရာမရောက်ဖူးဘူးလား။ အစ်ကို့ကြည့်ရတာတစ်မျိုးပဲ... အေး ငါနိုက်ကလပ်ဆိုပြီးလာခဲ့တာ ဘာတွေမှန်းမသိဘူး။ ရှုပ်နေတာပဲ။ ဟုတ်တယ်လေ... အစ်ကိုကလဲ ဒါနိုက်ကလပ်လေ... ဘာလို့လည်း။ ညဈေးရောင်းတာမတွေ့လို့.... ။ဟာဗျာ..... ခင်ဗျားဂေါက်နေလား။ ဒါဈေးရောင်းတဲ့နေရာမဟုတ်ဘူး။ ခင်ဗျားက ကုန်သည်ပွဲစားလား။သီရိမင်္ဂလာဈေးနဲ့ ခင်ဗျားမှားလာပြီဗျာ.....။ စိတ်ကိုရှုပ်လာပြီဆိုတော့ ကျွန်တော်လည်း သေချာမသိ။ လွဲတော့လွဲနေပြီ။ အကြီးကြီးလွဲတာ။ အခန်းထဲကိုဆွဲခေါ်ရင်း ပြောတာ သူလည်း စိတ်လေနေပုံပဲ။

အေးဟုတ်ပါပြီ.... ဒါညဈေးတန်း မုန့်တွေဘာတွေရောင်းတဲ့ နေရာမဟုတ်ဘူးလားဆိုတော့... သူထပ်မပြောတော့ဘူး။ အေးဆေးနေပါတော့... ခင်ဗျားနဲ့တွေ့ရတာ ကျုပ်အိပ်ချင် စိတ်တွေပျောက်နေပြီ...။ စိတ်လဲတိုနေပြီ....။ နင့်ထက်စိတ်တိုနေပြီ... ထကန်ထည့်ရနာတော့မယ်လို့ ပြောမိတယ်။ လန့်သွားပုံပါပဲ။ အစ်ကိုဒီနေရာတွေ တကယ်မရောက်ဖူးတာလားမေးပါတယ်။ ဘာနေရာလဲ ပြန်မေးမိတယ်။ ဟာဗျာ... ဟိုဒင်းဟိုဒင်းဗျာ... ပြောမှ...။

တိန်.... ဘုန်းကြီး.... ကျွန်တော့်သူငယ်ချင်အရင်းကြီး ညဈေးတန်းလို့ ပြောတဲ့ကောင်။ မှားဘီ... ယုံမိတာကိုဗျ။

ငါပြန်တော့မယ်... စိတ်လည်းရှုပ်လာပြီ.... ဗိုက်လဲ ဆာနေပြီ။ အာလဲပေါက်တယ်။ နေပါဦးဗျာ... အချိန်မပြည့်ရင်... ကျွန်တော့် သူဌေးကဆူမှာပေါ့။ ဆူတော့ငါ့ကိစ္စမှမဟုတ်တာ.... နင့်ကိစ္စ။ အချိန်မပြည့်ပဲ... ထွက်သွားရင် ကျွန်တော့်တစ်ပြားမှမရဘူးဗျ။ နေပါဦးဗျာ။ မနေဘူး ငါဗိုက်ဆာနေပြီ။ ပြန်မယ်...။ မပြန်ပါနဲ့ဗျာ...။ စကားပြောတာပေါ့။ အချိန်ပြည့်ရင် တံခါးလာခေါက်လိမ့်မယ်။ ကျွန်တော်အအေးဘူးယူပေးမယ်။ မယူနဲ့ ငါမနက်ကတည်းက ဘားမှမစားရသေးဘူး။ အအေးလည်း မကြိုက်ဘူး။ ကျွန်တော်အခန်းပြင်ကို စိတ်နာနာနဲ့ ထွက်သွားတဲ့အချိန်မှာ ကိုကြီးရယ်... ညီမရှစ်ကြီးခိုးပါရဲ့ ညီမကို အချိန်ပြည့်အောင် မနေပေးရင်ပါးရိုက်မှာ။ ၀င်ပြီးရင် အချိန်ပြည့်အောင် မနေရင်... ညီမကိုတောင်ပေါ် ပြန်ပို့မှာ...။ သူ့ပါးပြင်ပေါ်မှာ မျက်ရည်စက်တွေ...။

စိတ်ထဲမှာမကောင်းပါ။ ဘာလို့ဒီလိုနေရာမျိုး ရွေးရတာလည်း နင်စာမတတ်ဘူးလား။ ဘာသာတရား အဆုံးမမသိဘူးလား။ ကျလိုက်မယ့်ငရဲ။ ညီမလေး နှစ်တန်းပဲ စာသင်ခဲ့ရတာ။ အလီရရင်၊ ပေါင်းနုတ် မြှောက်တတ်ရင် ရန်ကုန်မှာ စာရေးမအလုပ်ရမယ်ဆိုပြီး ပြောလို့ ဒီနေရာမှန်းမသိပါဘူး။ လခကောင်းတယ်ဆိုလို့ လိုက်လာခဲ့တာပါ။ စာရေးမအလုပ်ထက် ပိုက်ဆံပိုရမယ်ဆိုပြီး ဒီနေရာရောက်လာတာပါ။ စာရေးမလည်း မလုပ်ရပါဘူး။ အခု အိမ်ကညီမလေး လစာနဲ့အခု ဆိုချောင်လည် ပါတယ်။ ညီမလေးလေ...ဘုရားလည်းပုံမှန်ရှစ်ခိုးတယ်။ မေမေဖေဖေတို့ကိုလည်း လုပ်ကျွေးရတာ ၀မ်းသာတယ်။ ညီမလေးဘာပဲဖြစ်နေပါစေ.... မောင်လေးပညာတတ်ဖြစ်ရင် ညီမလေး ... တန်ပါတယ်။ ညီမလေးမကြိုက်ပေမဲ့..... စကားမပီတဲ့ တိုင်းရင်သူလေးရဲ့ စကားတွေဟာကျွန်တော့်နားထဲမှာ သံရည်ပူတွေလောင်းလိုက်သလိုပါပဲ။ စိတ်ဝင်တစားနားထောင်မိတဲ့အချိန်မှာ ပြန်မေးမိတာက ဒီမှာငါ့ညီမ တစ်ယောက်ထဲလား။ အမျိုးဆွေတွေကော မပါဘူးလား။ ညီမအစ်မပါပါတယ်။ သူက ညီမထက်ချောတယ်။ တရုတ်ကို သူသွားမယ်ပြောတယ်။ ပွဲစားနဲ့ပေါ့ အစ်ကိုရယ်။ တရုတ်ကို ရောက်ရင်ဖုန်းဆက်မယ်ပြောတယ်။ အခုတော့...ညီမဆီဖုန်းလည်းမဆက်ဘူး။ ရောက်တယ်မရောက်ဘူးလည်း မကြားရဘူး။ အိပ်မက်ထဲမှာတော့... မမကိုမြင်ရတာ.....


အပိုင်း(၃)တွင်ဖတ်ရှု့ကြပါကုန်။
ဥယျာဉ်မှူး
၂၀.၆.၂၀၁၃

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။