ခွန် ဒီးယမ်
မျိုးစောင့် ဥပဒေ ဘာလဲ၊ ဘယ်လဲ
by Mizzima - News in Burmese
___________________________________________
ထက်ထက် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၈ မိနစ်
(အင်တာဗျူး)
မဇင်မာအောင်နှင့် တွေ့ဆုံခြင်း
=================
ထိလွယ်ရှလွယ် ဖြစ်တဲ့ ကိစ္စမို့လို့ ကျွန်မတို့က အသံတိတ်နေစရာ မလိုဘူး။ ဒါတွေက ကျွန်မတို့အပေါ် သက်ရောက်မှုတွေ ရှိလာမှာလေ
=========================================
သူတို့နဲ့ မဆိုင်တဲ့ကိစ္စကိုတောင် ပြောခွင့်ရှိသေးရင် ကျွန်မတို့ ကလည်း ကျွန်မတို့နဲ့ဆိုင်တဲ့ ကိစ္စမို့လို့ ပြောခွင့်ရှိတယ်

ဦးဝီရသူ ခေါင်းဆောင်၍ တင်သွင်းခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် မျိုးစောင့် ဥပဒေကို ယခုလ ဇွန် ၁၆ ရက်က လွှတ်တ်ာသို့ တင်သွင်းမည့်ကိစ္စအား အမျိုးသမီးအဖွဲ့များက ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး ထို အမျိုးသမီးအဖွဲ့များ၏ ကိုယ်စားပြောခွင့်ရှိသူ မဇင်မာအောင်ကို မဇ္ဈိမမှ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။အရင်ဆုံး လူ့အခွင့်အရေး ရှုထောင့်ကနေပြီးတော့ ဒီဥပဒေမူကြမ်းအပေါ် သုံးသပ်ပေးပါ။
ဖြေ။ ။လူ့အခွင့်အရေး ရှုထောင့်ကနေဆိုရင် ကြေညာချက်မှာ ပါသလိုပဲ လက်ထက်ထိမ်းမြားတဲ့ ကိစ္စနဲ့ ပတ်သက်နေ တဲ့အတွက် ကြောင့်မို့လို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၆) ပေါ့။ ဥပဒေအရ အရွယ်ရောက်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်းဟာ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့် ရှိတယ်။ အဲ့ဒိအပိုဒ်ကိုလည်း သူက ချိုးဖောက်ရာ ရောက်တယ်၊ နောက်တစ်ချက်ကလည်း ဒီဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ကျွန်မတို့ လက်ထပ်တာတောင် ကိုယ့်ဆန္ဒနဲ့ မဟုတ်ပဲ သူများက သတ်မှတ်ထားတဲ့ စံနှုန်းတွေထဲမှာပဲ ရွေးပေးရမယ်၊ ကျွန်မတို့က ကိုယ့်အိမ်ထောင်ဖက်ကိုမှ သင့်တင့်မျှတအောင် မရွေးနိုင်တဲ့ မိန်းမတွေအဖြစ် လက်ခံလိုက်ရာရောက်တယ်။
နောက်ပြီးတော့ ဒီဥပဒေကို ဘယ်သူရေးလဲတော့ မသိဘူး၊ အတည်ပြုဖို့ ကမ်ပိန်းလုပ်တဲ့ထဲမှာတော့ ဆရာတော်တွေ သံဃာတော်တွေ အများကြီးပါနေတာကို သွားတွေ့ရတယ်၊ ဆိုတော့ ဒါကလည်း လောကီကို
တောင်မှ ရှောင်ပြီးတော့ လောကုတ္တရာ ဘဝထဲကို ချဉ်းကပ်နေတဲ့ ကိုယ်တော်တွေက ဒီလောကီကိစ္စကို သူတို့ ဘယ်လိုကိုယ်စားပြုနိုင်မှာလဲ၊ ဒီမိုကရေစီနည်းအရဆို ဘယ်လောက် ကိုယ်စားပြုနိုင်မှာလဲ ဒီဥပဒေက အမျိုးသမီးတွေရဲ့ အသံကို၊ ခံစားမှုကို၊ အခွင့်အရေးကို ကိုယ်စားပြုပေးနိုင်မှာလား အဲ့ဒီအချက်အရလည်း လက်ခံနိုင်စရာအကြောင်း မရှိဘူး။
မေး။ ။အမျိုးသမီး အခွင့်အရေး(ဒါမှမဟုတ်) အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အနေနဲ့ကော ဘယ်လိုမြင်လဲ။
ဖြေ။ ။အမျိုးသမီးအခွင့်အရေး ဘက်က ကြည့်မယ်ဆိုရင် အထူးသဖြင့် ခုနကပြောသလို လက်ထပ်ထိမ်းမြားပိုင်ခွင့် ရှိတယ်။ နောက်ပြီး ပြဿနာ တစ်ခုခုဖြစ်တိုင်း အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ မိန်းမတွေမှာပဲ တာဝန်ရှိသလား၊ အိုင်ဒီယော်လော်ဂျီအရဘာကို အခြေခံလဲဆိုတော့ လိင်ဝါဒကို အခြေခံတဲ့ အယူအဆ ဖြစ်နေတယ်။ အမျိုးသမီးတွေ မျိုးပွားတဲ့ကိစ္စ ဒီအိုင်ဒီယော်လော်ဂျီကို အခြေခံပြီးတော့ လာတာဆိုတော့ ကျွန်မတို့က လိင်မှုဖျော်ဖြေတဲ့ အဖြည့်ခံတွေ ချည်းပဲ မဟုတ်ဘူး၊ ကျွန်မတို့လည်း လူဖြစ်တယ်၊ လူဆိုတာ ဦးနှောက်လည်း ရှိတယ်၊ အသွေးအသားလည်း ရှိတယ်၊ နှလုံးသားလည်း ရှိတယ်၊ စက်ရုပ်တွေ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ စက်ရုပ်တွေ မဟုတ်ဘူး၊ ကျွန်မတို့သည်ပင်လျှင် လူ့အဖွဲ့အစည်း ထဲက ဖန်တီးနေတဲ့ အစိတ်အပိုင်းတစ်ခု၊ အဲ့ဒီအရလည်း လက်ခံနိုင်စရာ မရှိဘူး၊ ဘာ့ကြောင့် ဒီကြေညာချက်ကို ထုတ်ရလဲဆိုတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကတော်တော်တန်တန် ကိစ္စတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
ကျွန်မတို့ ယုံကြည်တာက အများစု လက်ခံထားတယ်ဆိုပြီးတော့ ကျွန်မတို့ ကြိုက်ကြိုက်၊မကြိုက်ကြိုက် အသံတိတ်နေခဲ့တာတွေက သိပ်များလွန်းနေပြီ၊ ဒီကိစ္စမှာတော့ ကျွန်မတို့ဟာ လူတွေဖြစ်တယ်၊ မိန်းမတွေ ဟာလည်း လူတွေဖြစ်တယ်၊ နောက်တစ်ခုက မိန်းမတွေရဲ့ လက်ထက်ထိမ်းမြားမှု အဲ့ဒီမှာ အရွယ်ရောက်ပြီးလို့ ပါတယ်၊ လက်ထက် ထိမ်းမြားတယ်ဆိုကတည်းက အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ ဆုံးဖြတ် ပိုင်ခွင့်၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတယ် ဆိုတာကိုလည်း ဥပက္ခာပြုရာရောက်တယ်။
အမျိုးသမီးတွေရဲ့ စဉ်းစား ဆင်ခြင်တုံတရားကို လျှော့တွက်ရာ ရောက်တယ်၊ တစ်ဖက်က လူ့အခွင့်အရေးကို ကာကွယ်ဖို့ လုပ်တယ်ဆိုပေမယ့် တစ်ဖက်က လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ အမျိုးဘာသာ၊ သာသနာဆိုတော့ အမျိုးဘာသာ၊ သာသနာဆိုတာဘာလဲ မေးခွန်းထုတ်စရာရှိတယ်၊ အမျိုးဘာသာ၊ သာသနာလို့ ပြောရင် မိန်းမတွေဘက်ပဲ လှည့်လှည့်လာတယ်။ ကျွန်မတို့တိုင်းပြည်မှာ မှီတင်းနေထိုင်သူတွေ ဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ကြဘူး၊ နောက်ခေတ်ကလည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ဖြစ်လာပြီ၊ ဆိုတော့ အဲ့လိုလုပ်တာဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ရာ ရောက်သလား။ ဒါမှမဟုတ်ရင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့ နေထိုင်တဲ့ တိုင်းပြည်မှာ ပိုပြီးတော့ ပဋိပက္ခတွေ သံသယတွေ ပိုများလာအောင် လုပ်သလား။
အဲ့လိုလုပ်မယ့်အစား ကျွန်မတို့ကို ပညာတွေ ပိုသင်ပေး၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေပိုပေး၊ ဒါတွေကျတော့ မလုပ်ဘဲ၊ ဘာဖြစ်လို့ ဒီလက်ထပ်ခွင့် ကိစ္စကိုပဲ တားဖို့လုပ်တာလဲ နားမလည်ဘူး၊ ဒီအမျိုးသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာအောင်၊ အမျိုးသမီးတွေ စဉ်းစားဆင်ခြင်တုံတရားနဲ့ ပိုပြည့်စုံလာအောင် ဒီထက်ခေတ်မီတဲ့ ပညာရေးမျိုးတွေ၊ အခွင့်အလမ်းတွေ ပိုရလာအောင်ပဲ လုပ်ပေးသင့်တယ်။ ဒီလိုလုပ်မယ့်အစား ဒါဟာတစ်ဖက်က အာဏာရှင် လက်အောက်မှာ နေလာတဲ့ ပုံစံထဲက မထွက်တဲ့ အတွေးအခေါ်ပဲ၊ ဥပဒေတစ်ခုမှာ အဲ့ဒီအတွေးအခေါ်က အရမ်းအရေးကြီးတယ်။
အဲ့ဒီအတွေးအခေါ်ရဲ့ နောက်ကွယ်မှာ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒကို သွားနေတဲ့ အိုင်ဒီယော်လော်ဂျီတွေ ရှိနေတယ်ဆိုတာ ရေးနေတဲ့ သူတွေတောင်မှ သိချင်မှသိ ပါလိမ့်မယ်။
မေး။ ။ဆရာတော်တွေ ပြောသလို ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေက အခြားဘာသာဝင်တွေနဲ့ လက်ထပ်ပြီးတော့ အခြားဘာသာကို ဝင်သွားတယ်ဆိုတဲ့ အပေါ်ကိုရော အစ်မအနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ဒါက ကူးလူးဆက်ဆံမှုအရ ပစ်မှတ်ကကြီးတယ်၊ ဗုဒ္ဓဘာသာဆို သိသာတယ်၊ ဒါပေမယ့် ဒီလိုပဲရှိနေတာပဲ ဘာသာတရားတိုင်းမှာ လူတွေဖြစ်နေတာကိုး၊ ထားပါတော့ လူမှု စီးပွားရေးဘဝတွေက သက်ရောက်မှုရှိတာ မှန်တယ် အဲ့ဒါဆို လူမှုစီးပွားရေးဘဝတွေကို ပိုကောင်းလာအောင်လုပ် ဘာသာတရားကိုသွားပြီးတော့ မထိခိုက်နဲ့ ဆိုလိုတာ ကျွန်မရဲ့ဗုဒ္ဓဘာသာကို အခြားလူတစ်ယောက်က အဲ့ဒီလို လာလုပ်လည်း ကျွန်မကြိုက်မှာ မဟုတ်ဘူး၊ ထိုနည်းတူစွာပဲ အခြားဘာသာကိုလည်း စော်ကားဖို့ စိတ်ကူးမရှိဘူး၊ မေတ္တာဆိုတာကို ကျွန်မ နားလည်ထားတာက ကိုယ်ချင်းစာတရားလို့ပဲ မေတ္တာသုတ်ကို နားလည်ထားတာ၊ အဲ့ဒီလို အပြန်အလှန်လေးတော့ နှစ်ဖက်မျှတွေးပြီး
တော့ လုပ်သင့်တယ်။ နောက်တစ်ချက်က လောကီနဲ့ လောကုတ္တရာကိုရော ထွေးပြီး စဉ်းစားတာ ပြဿနာရှိတယ်။
မေး။ ။မြန်မာနိုင်ငံမှာက တိုင်းရင်းသား လူမျိုးလည်းစုံတယ်၊ ဘာသာလည်းစုံတယ်၊ ဆိုတော့ ဒီဥပဒေက တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေ မယ်လို့ အစ်မမြင်လဲ။
ဖြေ။ ။ရှိတာပေါ့၊ ထားပါတော့ တချို့တိုင်းရင်းသားတွေဆိုရင် အများစုက ခရစ်ယာန် ကိုးကွယ်တဲ့သူတွေ ရှိတယ်။ ဗမာဆို ဗုဒ္ဓဘာသာဖြစ်မှ ကိုက်ညီသလို ဖြစ်နေတယ်။ ဗမာ-အစ္စလာမ်တွေလည်း ရှိတယ်၊ ဘယ်လို လုပ်မလဲ ဘယ်လို စဉ်းစားမလဲ၊ ကျွန်မက တော့ တိုင်းပြည်တစ်ပြည်ရဲ့ ကိုယ်ခံအား ကောင်းအောင် လုပ်တဲ့နေရာမှာ အဓိက ကိုယ်ခံ အားမကောင်းလို့ မရှိလို့ ဒီဟာ ပြဋ္ဌာန်းနေရာ ရောက် တယ်။ တကယ်လို့သာ ဗုဒ္ဓရဲ့ အနှစ်သာရ ဘာသာတရား တိုင်းရဲ့ အနှစ်သာရ ပေါ်ပေါက်လာရခြင်းကို နားလည်ရင် ဒါမျိုးကလုပ်စရာကို မလိုဘူး။
မေး။ ။ ဒီ ဥပဒေနဲ့ပတ်သက်ပြီး အစိုးရကရော ဘာများ လုပ်ဆောင်သင့်တယ်လို့ ပြောမလဲ။
ဖြေ။ ။ ဒါက လွှတ်တော်ကို တင်မယ့်ကိစ္စ ဖြစ်တယ်ဆိုတော့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်ကြည့် သူတို့ယုံကြည်ရာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်အစုအဖွဲ့ကမဆို ဒါမျိုးတင်ပိုင်ခွင့်ရှိတယ်။ သူတို့ ကလည်း သူတို့အခွင့်အရေးကို ကျင့်သုံးသလိုပဲ ကျွန်မတို့ကလည်း ကျွန်မတို့ အခွင့်အရေးအရ လက်မခံနိုင်ဘူး၊ ဒါကိုဆုံးဖြတ်ရမှာက လွှတ်တော်ပဲ၊ လွှတ်တော်အမတ်တွေကို လော်ဘီ လုပ်လို့ရအောင် ဘယ်လိုလုပ်မလဲ လွှတ်တော် အမတ်တွေကို လော်ဘီလုပ်ရမှာပါ။
မေး။ ။ အကယ်၍ ဒီဥပဒေသာ လွှတ်တော်ထဲ ရောက်သွားမယ်ဆို အစ်မတို့ ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ကျွန်မတို့ လော်ဘီလုပ်ရလိမ့်မယ်။ လွှတ်တော်အမတ်တွေဆီကို လက်မှတ်ထိုးပြီးတော့ စာပို့ပြီး ဒီဟာကို လက်မခံဖို့ လုပ်ရလိမ့်မယ်။ ဒါ ဒီမိုကရေစီနည်းအရ ကျွန်မတို့ ကျင့်သုံးမယ်။ ယုံကြည်ရာကို ထုတ်ဖော်ပြီးတော့ ပြောဆိုမယ်။ ဒါကဘယ်လို ဆက်လာမလဲဆိုတဲ့ ခြေလှမ်းပေါ်မှာ မူတည်ပြီးတော့ ဆက်လုပ်ရမှာပေါ့။
လက်ရှိမှာရော ဒီကြေညာချက်ထုတ်ပြီး ဘာများ ဆက်လုပ်ဖို့ရှိပါသလဲ။ အစ်မတို့ အမျိုးသမီးအဖွဲ့တွေ ပြန်ထိုင်မယ်။ မီဒီယာတွေက ဘယ်လိုဖော်ပြလဲ၊ ဖော်ပြမှုအပေါ်ရော ဘယ်လို တုံ့ပြန်မှုရှိလဲ နည်းနည်းစောင့်ကြည့်မယ်။
စောင့်ကြည့်တဲ့ အချိန်ကာလပဲ အစ်မတို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းက ကျွန်မတို့သည် ငါတို့အခွင့်အရေး ငါတို့သိတယ်။ ငါတို့ ဘာလုပ်ရမလဲ ငါတို့သိတယ်။ ငါတို့ကို ဆရာလာမလုပ်နဲ့။ ငါတို့လည်း ဆရာမလုပ်ဘူး။ နောက်တစ်ခုက ကျွန်မပြောချင်တာက သူတို့ကိုလည်း လေးစားပါတယ်၊ သူတို့ ယုံကြည်ရာသူတို့ စိုးရိမ်တာကိုပြောတယ်။ အဲ့လိုပြောရင်သူတို့က သူတို့နဲ့ မဆိုင်တဲ့ကိစ္စကိုတောင် ပြောခွင့်ရှိသေးရင် ကျွန်မတို့ ကလည်း ကျွန်မတို့နဲ့ဆိုင်တဲ့ ကိစ္စမို့လို့ ပြောခွင့်ရှိတယ်။
ဒါကိုကျင့်သုံးတာ လူ့အဖွဲ့အစည်းထဲမှာ ဒီယဉ်ကျေးမှုလေးတော့ ရှိဖို့လိုပြီလို့ ပြောချင်တာပါ။ ထိလွယ်ရှလွယ် ဖြစ်တဲ့ ကိစ္စမို့လို့ ကျွန်မတို့က အသံတိတ်နေစရာ မလိုဘူးပေါ့ ဒါတွေကျွန်မတို့အပေါ် သက်ရောက်မှုတွေ ရှိလာမယ်လေ။ ဒါပေမဲ့ ဝမ်းသာစရာ ကောင်းပါတယ်။ ဒါကို တကယ့်ဆရာတော်ကြီးတွေကလည်း သဘောမတူဘူးဆိုတာကို
aနာက်တစ်ရက်မှာ ထွက်လာတယ် ဆိုတော့လေ၊ ဒါက ဘာသာရေးခေါင်းဆောင်တွေ ကြားထဲမှာလည်း သဘောထား ကွဲလွဲမှုတွေရှိတယ်ဆိုတော့ ကျွန်မတို့ ထုတ်ပြန်ချက်မှာလည်း ပါပါတယ်။ မတူကွဲပြားမှုကို လေးစား ပါတယ်။ ကျွန်မတို့ ကလေးစားသလို ကျွန်မတို့ရဲ့ ထင်မြင်ယူဆချက်ကိုလည်း လေးစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မလေးစားနိုင် သေးရင်လည်း လေးစားတတ်လာအောင် ကျွန်မတို့က လေ့ကျင့်ပေးပါမယ်လို့။
မြန်မာနိုင်ငံမှာက တိုင်းရင်းသား လူမျိုးလည်းစုံတယ်၊ ဘာသာလည်းစုံတယ်၊ ဆိုတော့ ဒီဥပဒေက တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေ မယ်လို့ အစ်မမြင်လဲ။
ရှိတာပေါ့၊ ထားပါတော့ တချို့တိုင်းရင်းသားတွေဆိုရင် အများစုက ခရစ်ယာန် ကိုးကွယ်တဲ့သူတွေ ရှိတယ်။ ဗမာဆို ဗုဒ္ဓဘာသာဖြစ်မှ ကိုက်ညီသလို ဖြစ်နေတယ်။ ဗမာ-အစ္စလာမ်တွေလည်း ရှိတယ်၊ ဘယ်လို လုပ်မလဲ ဘယ်လို စဉ်းစားမလဲ၊ ကျွန်မက တော့ တိုင်းပြည်တစ်ပြည်ရဲ့ ကိုယ်ခံအား ကောင်းအောင် လုပ်တဲ့နေရာမှာ အဓိက ကိုယ်ခံ အားမကောင်းလို့ မရှိလို့ ဒီဟာ ပြဋ္ဌာန်းနေရာ ရောက် တယ်။ တကယ်လို့သာ ဗုဒ္ဓရဲ့ အနှစ်သာရ ဘာသာတရား တိုင်းရဲ့ အနှစ်သာရ ပေါ်ပေါက်လာရခြင်းကို နားလည်ရင် ဒါမျိုးကလုပ်စရာကို မလိုဘူး။
ဒီ ဥပဒေနဲ့ပတ်သက်ပြီး အစိုးရကရော ဘာများ လုပ်ဆောင်သင့်တယ်လို့ ပြောမလဲ။
ဒါက လွှတ်တော်ကို တင်မယ့်ကိစ္စ ဖြစ်တယ်ဆိုတော့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ကြည့် သူတို့ယုံကြည်ရာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်အစုအဖွဲ့ကမဆို ဒါမျိုးတင်ပိုင်ခွင့်ရှိတယ်။ သူတို့ ကလည်း သူတို့အခွင့်အရေးကို ကျင့်သုံးသလိုပဲ ကျွန်မတို့ကလည်း ကျွန်မတို့ အခွင့်အရေးအရ လက်မခံနိုင်ဘူး၊ ဒါကိုဆုံးဖြတ်ရမှာက လွှတ်တော်ပဲ၊ လွှတ်တော်အမတ်တွေကို လော်ဘီ လုပ်လို့ရအောင် ဘယ်လိုလုပ်မလဲ လွှတ်တော် အမတ်တွေကို လော်ဘီလုပ်ရမှာပါ။
အကယ်၍ ဒီဥပဒေသာ လွှတ်တော်ထဲ ရောက်သွားမယ်ဆို အစ်မတို့ ဘာဆက်လုပ်မလဲ။
ကျွန်မတို့ လော်ဘီလုပ်ရလိမ့်မယ်။ လွှတ်တော်အမတ်တွေဆီကို လက်မှတ်ထိုးပြီးတော့ စာပို့ပြီး ဒီဟာကို လက်မခံဖို့ လုပ်ရလိမ့်မယ်။ ဒါ ဒီမိုကရေစီနည်းအရ ကျွန်မတို့ ကျင့်သုံးမယ်။ ယုံကြည်ရာကို ထုတ်ဖော်ပြီးတော့ ပြောဆိုမယ်။ ဒါကဘယ်လို ဆက်လာမလဲဆိုတဲ့ ခြေလှမ်းပေါ်မှာ မူတည်ပြီးတော့ ဆက်လုပ်ရမှာပေါ့။

ဒါကိုကျင့်သုံးတာ လူ့အဖွဲ့အစည်းထဲမှာ ဒီယဉ်ကျေးမှုလေးတော့ ရှိဖို့လိုပြီလို့ ပြောချင်တာပါ။ ထိလွယ်ရှလွယ် ဖြစ်တဲ့ ကိစ္စမို့လို့ ကျွန်မတို့က အသံတိတ်နေစရာ မလိုဘူးပေါ့။ ဒါတွေကျွန်မတို့အပေါ် သက်ရောက်မှုတွေ ရှိလာမယ်လေ။ ဒါပေမဲ့ ဝမ်းသာစရာ ကောင်းပါတယ်။ ဒါကို တကယ့်ဆရာတော်ကြီးတွေကလည်း သဘောမတူဘူးဆိုတာကို နောက်တစ်ရက်မှာ ထွက်လာတယ် ဆိုတော့လေ၊ ဒါက ဘာသာရေးခေါင်းဆောင်တွေ ကြားထဲမှာလည်း သဘောထား ကွဲလွဲမှုတွေရှိတယ်ဆိုတော့ ကျွန်မတို့ ထုတ်ပြန်ချက်မှာလည်း ပါပါတယ်။ မတူကွဲပြားမှုကို လေးစား ပါတယ်။ ကျွန်မတို့ ကလေးစားသလို ကျွန်မတို့ရဲ့ ထင်မြင်ယူဆချက်ကိုလည်း လေးစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မလေးစားနိုင် သေးရင်လည်း လေးစားတတ်လာအောင် ကျွန်မတို့က လေ့ကျင့်ပေးပါမယ်လို့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။