Myanma Light
ဘယ်အချိန်မှာနေကာမျက်မှန်ဝတ်ဆင်သင့်သလဲ
24/6/2013
- နှင်းမှုန်ဟာမိုးရေထက် သုံးဆပို၍ ရောင်ပြန်ဟပ်နိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာလည်း နေကာမျက် မှန်တပ်ဆင်ခြင်း၊ နေရောင်ကာလိမ်း ဆေးလိမ်းခြင်း ပြုလုပ်သင့်ပါတယ်။
- မျက်ကပ်မှန်တွေဟာ နေရောင် ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် UVB ရောင်ခြည်ကို နေကာမျက်မှန်များလောက် ကာ ကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ မျက်ကပ် မှန်အပြင် နေကာမျက်မှန်တပ်ဆင် ခြင်းဖြင့် အပြည့်အဝ ကာကွယ်မှုရစေ ပါတယ်။

- မိုးရွာနေတယ်၊ မိုးအုံ့နေတယ်ဆိုပြီး အကာအကွယ်မဲ့မနေသင့်ပါ။ အထူး သဖြင့် နေပူပြီးမိုးရွာနေတဲ့အချိန်ဟာ မိုးရေမှနေရောင်ခြည်ရောင်ပြန်ဟပ်မှုအများဆုံးအချိန်ဖြစ်ပြီး UVB ရောင်ခြည်များကို နေကာမျက်မှန် ဝတ်ဆင်၍ ကာကွယ်ထားသင့်ပါတယ်။
- ဦးထုပ်ကိုလျှာရှည်ရှည်ရွေးဆောင်းပါ။ ဦးထုပ်ကြီးကြီးနှင့် နေကာမျက်မှန် ဝတ်ဆင်ထားလျှင် ရေတိမ်ဖြစ်ပွားမှု သုံးပုံနှစ်ပုံလျော့ကျစေပါတယ်။
- မွန်းတည့်ချိန်မှာသာ နေကာမျက်မှန် ဝတ်ဆင်ခြင်းမပြုသင့်ပါ။ နံနက် (၉) နာရီဝန်းကျင်နှင့် နေ့ခင်း (၂) နာရီ ဝန်းကျင်ဟာ နေရောင်ခြည် ခပ်စောင်း စောင်း ကျတဲ့အချိန်ဖြစ်တာ ကြောင့် အခြားအချိန်များထက် UVB ရောင် ခြည်သက်ရောက်မှု နှစ်ဆပိုပါတယ်။
ဇော်ကို
Source:RD
Health Updates Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။