Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 3, 2013

မလုပ်နိုင်ဘူးဆိုတာ မရှိရအောင် အဲဒီကားမှာ မဖြစ်ဖြစ်အောင် သရုပ်ဆောင်ထားတာပါ ရွှေမှုံရတီနှင့်အင်တာဗျူး

 

အသက် ၁၃ နှစ်အရွယ်နှင့် အနုပညာလောကတွင် ဈေးကွက်ဝင်မင်းသမီး တစ်လက်အဖြစ် ရပ်တည်လာနိုင်သော ရွှေမှုံရတီက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ပေမယ့် စင်တင်ပေးတဲ့ပျိုးခင်းက စူပါမင်းသားငါးဦးနှင့် တွဲဖက်ရိုက်ကူးရတာကြောင့် ဈေးကွက်ထဲမှာ လျင်လျင်မြန်မြန်နဲ့ မင်းသမီးဖြစ်လာသူပါ။

စူပါမင်းသားတွေတင်ပေးတိုင်း အရည်အချင်းမရှိရင်လည်း ရပ်တည်လို့မရတဲ့ ရုပ်ရှင်၊ ဗီဒီယိုဈေးကွက်မှာ ရွှေမှုံရတီရယ်လို့ တစ်စထက်တစ်စ နာမည်ရလာချိန်မှာပဲ နေတိုးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “မျက်လုံးကလေးကလယ်ကလယ်” ဇာတ်ကားပါဇာတ်ဝင်ခန်းကြောင့် ပရိသတ်စိတ်ဝင်စားမှု ရလာခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ရွှေမှုံရတီ သရုပ်ဆောင်ရတာက
သာမန်ကလေးထိန်း အမျိုးသမီးတစ်ဦးပေမယ့် ပါဝင်တဲ့ ဇာတ်ဝင်ခန်း တချို့ကြောင့် လတ်တလောမှာ လှုပ်လှုပ်ရှားရှားနဲ့ အငြင်းပွားစရာတွေဖြစ်နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရွှေမှုံရတီက “မျက်လုံးကလေး ကလယ်ကလယ်” ဇာတ်ကားနဲ့ပတ်သက်လို့ ပြောကြားထားတဲ့ စကားသံတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ရပ်တည်ရတဲ့အားသာချက်၊ အားနည်းချက်က ဘာတွေ ဖြစ်မလဲ။
အနုပညာလောကမှာ ရပ်တည်ရတာ ရွှေမှုံပျော်ပါတယ်။ ရပ်တည်နိုင်အောင်လည်း ကြိုးစားတယ်။ ရွှေမှုံ့ဘေးမှာ ရွှေမှုံ့ မိဘတွေရှိတဲ့အတွက် ခုလိုရပ်တည်နိုင်တာပါ။ ရွှေမှုံ့ဘေးမှာ ဘယ်သူမှ မရှိရင် ရွှေမှုံ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သရုပ်ဆောင်လုပ်နေရတာကို အရမ်းကို ပျော်ပါတယ်။
အသက်ငယ်နေတဲ့အတွက် ဘယ်လိုနေရာတွေမှာ အခက်အခဲရှိနေလဲ။
တချို့ ဖလန်းဖလန်း ကာရိုက်တာတွေကျတော့ အရမ်းအဆင်ပြေတယ်။ နည်းနည်း လူကြီးဆန်ပြီးတော့ တည်တည်ငြိမ်ငြိမ် နေရတဲ့ ဇာတ်ကောင်စရိုက်တွေမှာတော့ အဆင်မပြေဘူး။ ဒါပေမဲ့ ရအောင်တော့ ကြိုးစားပါတယ်။
တွဲဖက်ရိုက်ကူးရတဲ့ မင်းသားတွေနဲ့ အသက်ကွာပေမယ့် လိုက်ဖက်ညီညီ သရုပ်ဆောင်နိုင်တာက ရွှေမှုံရတီရဲ့ အားသာချက် လား။
ကားတစ်ကားရိုက်ရင်တော့ ပေးလာတဲ့ ကာရိုက်တာပေါ် အသက်ဝင်အောင် ကြိုးစားပါတယ်။ ဒါရိုက်တာတွေ၊ မင်းသားတွေ၊ ဇာတ်ပို့တွေကအစ အားလုံးရွှေမှုန့်ကို လက်တွဲခေါ်ပါတယ်။ ကားရွေးတာအစ အမေနဲ့တိုင်ပင်တယ်။ အရမ်းအရေးကြီးရင် အစ်ကိုဆရာတွေနဲ့ တိုင်ပင်ပါတယ်။
အနုပညာပျိုးခင်းအပြင် တခြားမင်းသားတွေနဲ့ ရိုက်ကူးခွင့်ကို မင်းသားငါးဦးက ဘယ်လိုခွင့်ပြုပေးထားပါသလဲ။
ဒီမင်းသားငါးယောက်နဲ့ ပင်တိုင်ရိုက်နေတဲ့ ထုတ်လုပ်ရေးတိုက်တွေမှာ ရွှေမှုန်တို့ကို ရိုက်ကူးခွင့်ပေးထားပါတယ်။ သရုပ်ဆောင်အားလုံးနဲ့လည်း အဆင်ပြေပါတယ်။ ရွှေမှုန်နဲ့ အဆင်မပြေတဲ့သူ မရှိပါဘူး။
လတ်တလော အင်တာနက်စာမျက်နှာတွေမှာ “မျက်လုံးကလေး ကလယ်ကလယ်” ဇာတ်ကားက ဇာတ်ဝင်ခန်းအပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။ ရွှေမှုန့် ခံစားချက်က ဘယ်လိုရှိပါသလဲ။
ဒီဇာတ်ဝင်ခန်းကို ရိုက်ဖို့အတွက် ဒါရိုက်တာတွေကရွှေမှုန့်ကို အရမ်းအားနာကြတယ်။ ဒါပေမဲ့ ရွှေမှုန်ဒီဇာတ်ကို အထပ်ထပ် အခါခါဖတ်တယ်။ ဒီဇာတ်ဝင်ခန်းကို မရိုက်ခင်မှာလည်း သုံးလေးခေါက်လောက် ဖတ်ပါတယ်။ သေချာတာက ဒီကားမှာ ဒီဇာတ်ဝင်ခန်းမပါရင် ကောင်းကိုမကောင်းနိုင်ဘူး။ ဒီဇာတ်ဝင်ခန်းက အဓိကလိုဖြစ်နေတယ်။ ဒါကြောင့် ရွှေမှုန်တက်နိုင်သလောက် ကြိုးစားကြည့်မယ်။ လိုအပ်တာရှိရင်တော့ သင်ပေးကြပါလို့ ပြောတယ်။ ရွှေမှုန်တတ်သလောက် မှတ်သလောက်နဲ့ ဒါရိုက်တာသင်ပေးတာနဲ့ ပေါင်းပြီး လုပ်ကြည့်ပါတယ်။ မှားတာလိုအပ်တာတွေ ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ မလုပ်နိုင်ဘူးဆိုတာ မရှိရအောင် အဲဒီကားမှာ မဖြစ်ဖြစ်အောင် သရုပ်ဆောင်ထားပါတယ်။
အများစု ပြောကြတာကတော့ ရွှေမှုန့်ရဲ့အသက်အရွယ်နဲ့ ဒီဇာတ်ဝင်ခန်းသရုပ်ဆောင်မှုကိုပါ။ ဒီအခန်းကို ရွှေမှုန်သရုပ်ဆောင်ချိန်က စိုးရိမ်စိတ်ဖြစ်ခဲ့လား။
ရွှေမှုန်က အပြင်မှာတော့ အပြင်စိတ်ပဲ။ သရုပ်ဆောင်ရင်တော့ ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်အတိုင်းပါပဲ။ ဘယ်ကားရိုက်ရိုက် ရိုက်နေတဲ့ ရက်တွေအတွင်းမှာ ဇာတ်ကောင်ကာရိုက်တာကိုပဲ အချိန်ပြည့်သွင်းထားပါတယ်။
ပျိုးခင်းမင်းသားတွေထဲမှာ ကိုနေတိုး၊ ကိုလူမင်းတို့နဲ့ အတွဲများသလိုပဲ။ ဘာကြောင့်ပါလဲ။
အဲဒီလိုလည်း မဟုတ်ပါဘူး။ မင်းသားအကုန်လုံးနဲ့တော့ တွဲရိုက်ပါတယ်။ ဇာတ်ကားထွက်ရက်ချင်းမတူလို့သာ ဒီအစ်ကိုတွေနဲ့ တွဲရိုက်များတယ် ထင်တာပါ။ ဒါပေမဲ့ ကိုနေတိုးနဲ့ နည်းနည်းတော့ ပိုများမယ် ထင်တယ်။
ဒီကားမှာ ညီမကို အဲဒီလိုဇာတ်ဝင်ခန်းရိုက်ခိုင်းရမလားဆိုပြီး ညီမပရိသတ်တချို့ကလည်း ဒါရိုက်တာကို စိတ်ဆိုးကြတယ်။ ညီမအမြင်ကရော..။
ရွှေမှုန်တို့ ဒီကားမှာ ရိုင်းတာတစ်ခုမှ မပါပါဘူး။ အဲဒီအခန်း ရိုက်နေတုန်းမှာ ရွှေမှုန့်အမေလည်း ရှိတယ်။ ကိုနေတိုးအမေလည်း ရှိတယ်။ ဘာမှရိုင်းတာမပါလို့ မိဘတွေကလည်း ရိုက်ခွင့်ပြုထားတာ။ ဒါရိုက်တာကိုလည်း အပြစ်တင်လို့ မရဘူး။ ဒါရိုက်တာ ခိုင်းတာလည်း လွန်လွန်ကျူးကျူး မဟုတ်တဲ့အတွက် ရွှေမှုန့်အမေကလည်း ခွင့်ပြုခဲ့တာ။ ကိုယ်ရိုက်ခဲ့တဲ့အပေါ်မှာ ယုံကြည်မှုအပြည့် ရှိပါတယ်။ ဒီအခန်းမှာ ရွှေမှုန်ခံစားရတဲ့အတိုင်း ကြောက်ရွံ့ထိတ်လန့်နေတဲ့ ခံစားချက်အတိုင်းပဲလေ။
တချို့ရဲ့ ညီမအပေါ် အဆိုးမြင်တဲ့ ရှုထောင့်က ဝေဖန်မှုကိုရော ဘယ်လိုပြောကြားချင်ပါသလဲ။
ဒီကား စထွက်ထွက်ချင်းတုန်းက ဝေဖန်သံသိပ်မကြားခဲ့ရဘူး။ ပရိသတ်ကတော့ ရွှေမှုန့် ဘက်မှာအမြဲရှိပါတယ်။ အဲဒီအတွက်ဝမ်းသာပါတယ်။ ပရိသတ်တွေက ရွှေမှုန့်ကို အပြစ်မြင်ကြတာလည်း ရှိပေမယ့် အပြစ်မတင်ကြစေချင်ပါဘူး။ ကြားကသွေးထိုးတဲ့သူတွေကြောင့် ရွှေမှုန်တို့အပေါ်မှာ တလွဲမမြင်စေချင်ပါဘူးလို့။
အခု ရွှေမှုန့်အပေါ်ဝေဖန်မှုတွေကြောင့် ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာ ဘယ်လောက် အတိုင်းအတာထိ ရိုက်ခတ်သွားနိုင်မယ်လို့ ထင်ပါသလဲ။
ဘယ်လောက်ပဲ ရိုက်ခတ်ပါစေ။ ရွှေမှုန်ကြိုးစားရမယ့် တာဝန်က ကိုယ့်တာဝန်ပါပဲ။ ကိုယ်လျှောက်ရမယ့်လမ်းကိုတည့် တည့်ဆက်လျှောက်သွားမှာပါ။ ဝေဖန်မှုတွေကြောင့် ဘေးချော်ထွက်သွားမှာမဟုတ်ပါဘူး။ ကိုယ် လုပ်ရမယ့်အလုပ်က အရေးကြီးဆုံးပဲ။
နောက်ထပ် ဘယ်လိုဇာတ်ကောင်မျိုးတွေ ရိုက်ကူးချင်နေလဲ။
ကာရိုက်တာမျိုးစုံသရုပ်ဆောင်ချင်တယ်။ ရွှေမှုန်မလုပ်ဖူးဘူးဆိုတဲ့ ဇာတ်ကောင်စရိုက် မရှိရအောင် သရုပ်ဆောင်နေပါတယ်။
ရွှေမှုန့်အတွေ့အကြုံက ရွှေမှုန့်ရဲ့ အလုပ်အပေါ် တော်တော်လေး အထောက်အကူပြုပုံပဲ။ နှစ်နှစ်အတွင်း ရွှေမှုန့်သရုပ်ဆောင်မှု တွေက စင်တင်မင်းသမီးသုံးယောက်ထဲမှာ အကောင်းဆုံးလို့ ပြောနေကြတယ်နော်။
ရွှေမှုန်ငယ်ငယ်တည်းက အလှအပအရမ်းကြိုက်တယ်။ ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတယ်။ အိပ်ရင်တောင် နှုတ်ခမ်းနီလေးဆိုး၊ သနပ်ခါးလေးလိမ်းပြီး ရေမွှေးလေးဆွတ်ပြီးမှ အိပ်တာ။ ဒါတွေက ရွှေမှုန့်သရုပ်ဆောင်မှုတွေမှာ အထောက်အကူပြုတယ် ထင်တာပဲ။ ပရိသတ်တွေ အားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဖန်သံကို ကြားတိုင်းအားရှိတယ်။ ပိုကြိုးစားဖြစ်တယ်။
ဒီလိုဇာတ်ဝင်ခန်းမျိုး မရိုက်စေချင်တဲ့ပရိသတ်ရဲ့ ဆန္ဒကိုရော ဘယ်လို သဘောထားပါသလဲ။
သူတို့ရဲ့စေတနာကိုရွှေမှုန် နားလည်ပါတယ်။ မရိုက်စေချင်တဲ့ သူတွေရှိမှာပါ။ ဒါကလည်း ရွှေမှုန့်ကို ထိခိုက်မှာစိုးလို့ဆိုတော့ လေ။ အတတ်နိုင်ဆုံးတော့ ရွှေမှုန်ကြိုးစားသွားမှာပါ။ ဒီလို ဇာတ်ဝင်ခန်း ဆိုတာထက် ဒီဇာတ်ဝင်ခန်းဟာ သာမန်ဇာတ်ဝင်ခန်း လေးတစ်ခုပါ။ ရွှေမှုန်မှ မဟုတ်ပါဘူး။ တခြားသူတွေလည်း ရိုက်နေကြတယ်။ ကြားက ပုံကြီးချဲ့တဲ့သူတွေကြောင့် ဒီလောက်ဖြစ်သွားတာပါ။ ရွှေမှုန့်ကိုစိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုတော့ ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်း ညီမဇာတ်ကားတွေ ထွက်သမျှ အောင်မြင်နေတဲ့အထဲက လေညင်းဆည်းဆာသရဲ ဇာတ်ကားလည်း ပါတယ်။ ရိုက်ကွင်းအတွေ့အကြုံ ပြောပြပါဦး။
အဲဒီကားက အမှတ်တရပါ။ ရိုက်နေတုန်း သရဲခြောက်မှာလည်း အရမ်းကြောက်ပါတယ်။ ညဘက်ရှုတင်တွေဆိုလည်း နှစ်နာရီသုံးနာရီအထိ တောက်လျှောက်ရိုက်ရတယ်။ အခက်အခဲတွေ၊ ဟာသတွေနဲ့ ဒီကားကို ရိုက်ကူးဖြတ်သန်းခဲ့ရတာပါ။ တကယ်သာ သရဲခြောက်ခံရရင် မေ့လဲသွားမယ် ထင်တယ်။ ဆက်တောင်ရိုက်ဖြစ်မယ် မထင်ဘူး။
ညီမပညာရေးက ဒီနှစ် တက္ကသိုလ်ဝင်တန်းဆိုတော့ အနုပညာအလုပ်နဲ့ ပညာရေးကိုဘယ်လိုမျှပြီးလုပ်သွားမှာလဲ။
မျှအောင်လုပ်သွားမှာပါ။ ဆယ်တန်းက လာမယ့်၂၀၁၄ မှာ ဖြေရမှာပါ။ ရွှေမှုံကျောင်းကြီးကိုတော့ တစ်ခါတလေ သွားတက်ဖြစ်ပါတယ်။ သင်ခန်းစာတွေကိုတော့ ရှုတင်ကနေအပြန် ညနေ ခြောက်နာရီကနေ ည ၁၂ လောက်ထိ စာသင်ရပါတယ်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
http://7daynewsjournal.com/article/10853

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။