Aung Ko U
နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၁ဝ)
to make sure : သေချာစေသည်။ သေသေ ချာချာ
- Make sure to turn off the radio before you go out.
မင်းအပြင်မထွက်ခင် ရေဒီယိုကို သေသေချာချာ ပိတ်ခဲ့အုံး။
- He told me to make sure to telephone him at exactly three o’ clock.
သူ့ကို သုံးနာရီ တိတိမှာ ဖုန်းဆက်ဖို့ သူက သေချာအောင် ပြောတယ်။
now and then : အခါအားလျော်စွာ
- I don’t see him very often, but now and then we have lunch in the same restaurant.
သူ့နဲ့ ကျွန်တော် မကြာခဏတော့ မတွေ့ဖြစ်ပါဘူး ဒါပေမဲ့ တစ်ခါတစ်လေတော့ တစ်ဆိုင်တည်းမှာ နေ့လည်စာ စားဖြစ်ပါတယ်။
- I don’t often get sick but now and then I do catch a cold.
ကျွန်တော် မကြာခဏတော့ မဖျားဘူး ဒါပေမဲ့ တစ်ခါတစ်လေတော့ အအေးမိတတ် တယ်။
to make out : အောင်မြင်သည်။ ဆောင်ရွက်သည်။
- I did not make out very well on my last examination.
ပြီးခဲ့တဲ့ စာမေးပွဲကို ကျွန်တော် ကောင်းကောင်း မဖြေနိုင်ဘူး။
- How did Richard make out when he went to look for work yesterday?
ရစ်ချတ်(ဒ်) တစ်ယောက် မနေ့ က အလုပ်ရှာထွက်တာ ဘယ်လောက် အဆင်ပြေခဲ့လဲ?
to keep house : အိမ်မှုကိစ္စ ဆောင်ရွက်သည်။
- John said that he wanted his wife to keep house and not to work in an office.
သူ့အမျိုးသမီးကို ရုံးအလုပ်တွေ မလုပ်ဘဲ အိမ်မှု ကိစ္စတွေပဲ လုပ်စေချင်တယ် လို့ ဂျွန်က ပြောတယ်။
- She likes to keep house and has a reputation as an excellent housekeeper.
သူ(မ) က အိမ်မှုကိစ္စတွေ လုပ်ရတာ သဘောကျတယ်၊ အရမ်းတော်တဲ့ အိမ်ရှင်မကောင်း တစ်ယောက် လို့လည်း သတင်း မွှေးတယ်။
to go with : လိုက်ဖက်ညီသည်။
- That tie doesn’t go with that shirt at all.
ဒီ နက်ကတိုင်က ဘယ်အင်္ကျီနဲ့မှ လုံးဝ မလိုက်ဖက်ဘူး (အဆင်မပြေဘူး)။
- She wants to buy a purse to go with her new shoes.
သူ(မ)ကရှူးဖိနပ် အသစ်နဲ့ လိုက်ဖက်တဲ့ ပိုက်ဆံအိတ် တစ်အိတ် ဝယ်ချင်တယ်။
to go with : တွဲသည်။ (ယောင်္ကျားပျို နှင့် မိန်းမပျို)
- Jon has been going with Mary for about two years they plan to get married next month.
ဂျွန်က မေရီနဲ့ တွဲနေတာ ၂ နှစ်လောက်ရှိပြီ နောက်လမှာ လက်ထပ်ကြဖို့ သူတို့ အစီအစဉ် ချနေတယ်။
- Helen went with Richard for about six months, but now she has a new boyfriend.
ဟယ်လင်က ရစ်ချတ်(ဒ်)နဲ့ ၆-လ လောက် တွဲခဲ့တယ်၊ ဒါပေမဲ့ ခုတော့ သူ(မ) မှာ ကောင်လေး အသစ် ရနေပြီ။
to come from : ဇာတိ (သို့) နေရပ်ဒေသ
- My uncle comes from Mandalay.
ကျွန်တော့် ဦးလေးက မန္တလေးသားပါ။
- What part of South Africa does she come from?
သူ(မ) က တောင်အာဖရိက ဘယ်ဒေသက ပါလဲ?
to make good time : မြန်မြန် ဆန်ဆန် ခရီးသွားသည်။
- I make very good time on our trip to Florida.
ကျွန်တော် ဖလော်ရီဒါကို မြန်မြန်ဆန်ဆန်ပဲ ခရီးထွက်ခဲ့တယ်။
- It rained all the time and so we did not make good time driving to New York.
မိုးက တစ်ချိန်လုံးရွာနေတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နယူးယောက်ကို မြန်မြန်ဆန်ဆန် မမောင်းနိုင်တော့ဘူး။
to get rid of : ရှင်းလင်း၊ သုတ်သင်၊ ဖယ်ရှားသည်။
- We can’t see to get rid of the mice in our apartment.
ကျွန်တော်တို့ တိုက်ခန်းမှာ ကြွက်တွေ ရှင်းဖို့ မတွေ့ရတော့ဘူး။
- When I get into the room, he gets rid of the stool on the way.
ကျွန်တော် အခန်းထဲ ဝင်လာတော့ သူက လမ်းမှာ ရှိနေတဲ့ ခွေးခြေခုံလေးကို ဖယ်လိုက်တယ်။
by heart : အလွတ် ကျက်မှတ်သည်။ အာဂုံဆောင်သည်။
- He knows many passages from Shakespear by heart.
သူက ရှိတ်စပီယား ပြဇာတ်ထဲက စာပိုဒ် တော်တော်များများကို အလွတ်ကျက်ထားတယ်။
- Do you know all the idioms you have studied in this book by heart?
မင်း ဒီစာအုပ်ထဲက အီဒီယမ်တွေ အားလုံးကို အလွတ်ရပြီလား?
အောင်ကိုဦး(UMK)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။