07 June 2013 |By 8 Days
အိပ်မက်တွေအများကြီးပဲ
ဆယ်ကျော်သက် အရွယ်ဆိုတာ စိတ်အပြောင်းအလဲ အရမ်းမြန် တဲ့ အရွယ်ပါ။ အဲဒါကြောင့် လေယာဉ်မယ် ဖြစ်ချင်လိုက်၊ ကျောင်း ဆရာမ ဖြစ်ချင်လိုက်၊ မင်းသမီးဖြစ် ချင်လိုက်နဲ့ အမျိုးမျိုး ပြောင်းလဲနေခဲ့ တာပေါ့။ အခုတော့ သွန်းဆက်က ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကို သေသေချာချာ သိခဲ့ပြီမို့ အဲဒီအိပ် မက်ကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားနေပါတယ်။
မိဘစကားဆိုတာ အမှားမရှိဘူး
ဆယ်ကျော်သက် ဆိုတာမိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေရမယ့် အရွယ်ပါ။ မိဘဆိုတာက လည်း ကိုယ့်ရဲ့ အသက်ကို အဆုံး အရှုံးခံပြီး ကိုယ့်သားသမီးကို လူ့ လောကထဲရောက်အောင် ကိုးလလွယ် ဆယ်လမွေးဖွား ပေးခဲ့တဲ့ ကျေးဇူး ရှင်တွေပါ။ မိဘ စကားဆိုတာ အမှား မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ဘဘောထား မတိုက်ဆိုင်မှုတွေ ကြုံ လာတတ်တယ်။ အဲဒီအခါမှာ မိဘက တားမြစ်တဲ့အခါ ဆုံးမတယ်။ ထိန်းချုပ် တယ်ဆိုပြီး အထင်လွဲတတ် ကြပါတယ်။ ဘယ်လောက်ပဲ စကား များများဘယ်လောက်ပဲ မတည့် မတည့် အရေးကြုံလာရင် သွေးနီးကြ တာကိုယ့်မိသားစု ပါပဲ။ ပြီးတော့ တစ်ဦးနဲ့ တစ်ဦး မခေါ်ဘဲလည်း မနေနိုင်ကြပါဘူး။ အဲဒီအခါ မိဘ တွေလည်း ကိုယ့်သား သမီးရဲ့ ဆန္ဒ ကိုပြန်လိုက်လျော ပေးတာတွေလည်း ရှိပါတယ်။
ကမ်းစပ်က ကျောက်ဆောင် တွေတောင် ရေတိုက်စားတာများရင် နှဲ့သွားတတ်တယ်
သားသမီးတွေကလည်း ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ကိုယ့်မိဘကို သေချာနားလည်အောင် ဂရုတစိုက် နဲ့ ရှင်းပြသင့်တယ်။ အကယ်၍ ခွင့်မပြုဘူးဆိုရင်တောင် အထပ်ထပ် အခါခါ မိဘတွေနားဝင်လာအောင် ပြောပြရမယ်။ ကမ်းစပ်မှာရှိတဲ့ ကျောက်တုံးတွေကျောက်ဆောင် တွေတောင် ရေတိုက်စားတာများ လာရင် နှဲ့သွားတတ်ပါတယ်။ မိဘ ဆိုတာကတော့ ကိုယ်မွေးထုတ်ထား တဲ့ သားသမီးတွေမို့လို့ အထူးပြော စရာတောင် လိုမယ်မထင်ပါဘူး။
မိ ဘနဲ့ သားသမီးဆက်ဆံရေးက ပွင့် ပွင့်လင်းလင်းရှိပြီး သူငယ်ချင်းလို ဆိုပိုကောင်းမယ်။ မိဘတွေက ရင်း နှီးမှုမရှိတဲ့အခါ သားသမီးက ကိုယ့် ဆန္ဒကို ကိုယ်ဖြစ်ချင်တာကို မပြော ရဲလို့ ခိုးလုပ်တဲ့အခါ မှားယွင်းမှုတွေ ဖြစ်လာကြရော။ သွန်းဆက်ကတော့ ဘယ်ကိစ္စမဆို မေမေနဲ့ တိုင်ပင် တယ်။ မေမေကလည်း ဘာလုပ်ရင် ကောင်းမယ်၊ သမီးရေ ဘယ်လိုလေး လုပ်လိုက်ဆို ပြီးဘေးကနေ အမြဲ အကြံပေးပါ တယ်။
ရှုံးနိမ့်မှုတွေကို သင်ခန်းစာ ယူပါ
လူတိုင်းမှာ မျှော်လင့်ချက်နဲ့ အိပ်မက်ကိုယ်စီရှိပါတယ်။ အဲဒီလို အိပ်မက်ကို အကောင်အထည်ဖော် တဲ့နေရာမှာ အချိန်ယူဖို့တော့လို မယ်။ အောင်မြင်မှုဆိုတဲ့ ပန်းတိုင် ကိုသွားတဲ့ လမ်းမှာကျရှုံးမှုဆိုတဲ့ လှေကားထစ်တွေလည်းရှိပါတယ်။ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကို သင်ခန်းစာယူပြီး ကိုယ့်လမ်းကို ဖြောင့်အောင် ဆက် လျှောက်ကြပါ။ ကိုယ်ဖြစ်ချစ်တဲ့ အိပ် မက်ကို အကောင်အထည်ဖော် ပါ။ အားလုံး အိပ်မက်နဲ့ ဘ၀တစ် ထပ်တည်းကျကြပါစေ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။